Telenor Myanmar ၏ စတုတ္ထ အကြိမ်မြောက် Sustainability ဆောင်ရွက်ချက်များဆိုင်ရာ ရှင်းလင်းပွဲ ကျင်းပ

Telenor သည် ၎င်း၏ စတုတ္တ အကြိမ် မြောက် လုပ်ငန်းရေရှည်တည်တံ့စေရေး (sustainability) ဆောင်ရွက်ချက်များနှင့်ဆိုင်သော ရှင်းလင်းပွဲအား ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါရှင်းလင်းပွဲတွင် မြန်မာနိုင်ငံအတွင်း တယ်လီနော၏ စီးပွားရေးနှင့် ဆက်သွယ် ရေး ကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိက လုပ်ငန်းနယ်ပယ်များတွင် လက်ရှိဆောင်ရွက်နေသော ရေရှည် တည်တံ့မှုဆိုင်ရာ လုပ်ငန်းဆောင်တာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းပွဲတွင် တယ်လီနောနှင့် ဆက်သွယ်ရေးကဏ္ဍတစ်ခုလုံး တွေ့ကြုံနေရသော စိန်ခေါ်မှုများနှင့် အခွင့်အလမ်း များကိုပါ ရှင်းလင်း ပြောကြားခဲ့ပြီး ယင်းတို့မှာ သက်ဆိုင်ရာအာဏာပိုင်များက သုံးစွဲသူများ၏ အချက်အလက်များ တောင်းခံမှုအတွက် စိစစ်ဆောင်ရွက်ပေးရာတွင် ရှိရမည့် စနစ်နှင့် လုပ်ငန်းစဉ်များ၊ လျှပ်စစ်မီး လုံး၀ မရှိ သို့မဟုတ် အနည်းငယ်သာ ရရှိနိုင်မည့် ဒေသများသို့ ကွန်ရက် ချဲ့ထွင်မှုအတွက် အစီအမံများ၊ လုပ်ငန်းခွင် ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက် ချက်များနှင့် တယ်လီနော၏ ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှုများကို ထောက်ပံ့သည့် လုပ်ငန်းစဉ်တစ်ခုလုံးတွင် အသက်မပြည့်သည့် လုပ်သားခိုင်းစေမှုနှင့်ဆိုင်သည့် စံချိန်စံညွှန်းထားရှိမှုများ ပါဝင်သည်။

“မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍနဲ့ တယ်လီနောရဲ့ လုပ်ငန်းဆောင်တာတွေက အလျင်အမြန် ဖွံ့ဖြိုးလာတဲ့ တစ်ချိန် ထဲမှာ တယ်လီနောအနေနဲ့ လက်ရှိ လုပ်ငန်းလည်ပတ်နေတဲ့ကာလအတွင်း ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်ရွက်မှုကဏ္ဍတိုင်းမှာ တိကျတဲ့ လုပ်ငန်း စီမံဆောင်ရွက်မှု စံချိန်စံညွှန်းတွေကို ချမှတ် လိုက်နာဆောင်ရွက်လျက် ရှိပါတယ်။ မြန်မာနိုင်ငံ ရဲ့ ဆက်သွယ်ရေး ကဏ္ဍဟာ မဖွံ့ဖြိုးမတိုးတက်သေးတဲ့ ဈေးကွက်တစ်ခုလို့ ပုံဖော်ပြောဆိုလို့ မရတော့ပါဘူး။  ဒီကဏ္ဍဟာ အခုဆိုရင် ဖွံ့ဖြိုးမှု ခိုင်မာနေပြီ ဖြစ်ပြီး ဆက်လက် အခြေတကျ ကြီးမားလာဖို့ တာဆူနေတဲ့ လုပ်ငန်းနယ်ပယ် တစ်ခု ဖြစ်နေပါပြီ။ ဒီလိုအခြေအနေအတွက် ခိုင်မာတိကျတဲ့ စံချိန်စံညွှန်းတွေ လုပ်ကိုင်ဆောင်ရွက်ပုံတွေ လိုအပ်ပါတယ်။ စီးပွား ရေး လုပ်ကိုင်ဆောင်ရွက်နေကြသူများအကြား လိုအပ်တဲ့ တာဝန်သိ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှု တွေကို ဆက်လက် ပြီးတော့ လေ့လာစောင့်ကြည့် ထောက်ပြပေးကြဖို့ တယ်လီနောအနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ သတင်း မီဒီယာ တွေကို တိုက်တွန်းလိုပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ် Lars Erik Tellmann က ပြောကြားခဲ့ကြောင်းသိရသည်။

%d bloggers like this: