0 Shares 494 Views

Xiaomi Mi 5 ၏ကင်မရာ နမူနာများအား ကုမ္ပဏီဥက္ကဋ္ဌထုတ်ပြန်

Feb 11, 2016
0 494

လာမယ့် ဖေဖော်ဝါရီလ ၂၄ရက်နေ့၊ ကမ္ဘာ့မိုဘိုင်းကွန်ဂရက်မှာ ပွဲထုတ်မယ့် Xiaomi ရဲ့ စမတ်ဖုန်း Mi 5 အတွက် ကင်မရာအရည်အသွေးနဲ့ ပုံရိပ်တချို့ကို ထုတ်ပြန်ပေးခဲ့ပါတယ်။ ကုမ္ပဏီဟာ ဖုန်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အနည်းငယ်ကိုလည်း ပြောပြခဲ့ပါတယ်။ အခုလိုသတင်းနဲ့ပုံရိပ်တွေကို Xiaomi ဥက္ကဋ္ဌ Lin Bim ကသူ့ရဲ့ Weibo အကောင့်မှာ အင်္ဂါနေ့တုန်းက တင်ခဲ့တာဖြစ်ပါတယ်။

Bin အနေနဲ့ သူ့အကောင့်မှာ ကမ်းခြေတစ်ခုကို ကင်မရာနဲ့ရိုက်ထားတဲ့ နမူနာရိုက်ချက်တချို့ကိုတင်ခဲ့တာဖြစ်ပြီး ပုံမှာ ကမ်းခြေကလူတွေ ကိုနောက်ခံထားခံထားပြီး အသေးစိတ်ပါဝင်အောင် ရိုက်ကူးထားတာပါ။ ကင်မရာမှာ အလွန်ကောင်းမွန်တဲ့ Autofocus နဲ့ Shutter Speed ရှိတယ်ဆိုတာကို ပျံသွားတဲ့ငှက်ကို အမိအရရိုက်ထားတာကြည့်ရင်သိနိုင်တာ ဖြစ်ပါတယ်။

xiaomi-mi5-camera-test

အရင်ထွက်ခဲ့ဖူးတဲ့ ကောလာဟလသတင်းတွေကို ပြန်ကြည့်ရင် Xiaomi Mi5 မှာ 16-Megapixel ရှိတဲ့ ကျောဘက်ကင်မရာ နဲ့ လှုပ်ရှားမှုကြောင့်ပုံရိပ်ဝေဝါးမှုကိုလျှော့ချပေးတဲ့စနစ် ပါဝင်မှာဖြစ်ပြီး အရှေ့မျက်နှာကင်မရာကတော့ 13-Megapixel ရှိမှာဖြစ်ပါတယ်။ တချို့ကောလာဟလသတင်းတွေကလည်း ငါးလက်မရှိတဲ့စခရင်မှာ Full-HD ဒါမှမဟုတ် QHD Resolution ရှိတဲ့ ရုပ်ထွက်ပြတ်သားမှု ပါဝင်မှာဖြစ်ပါတယ်။

ဘက်ထရီအနေနဲ့ဆိုရင်လည်း 3600mAh ရှိတဲ့ ဘက်ထရီကို 3.0 အားအမြန်သွင်းနည်းပညာ ထည့်သွင်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။ 3GB RAM နဲ့ 32GB storage တစ်မျိုး၊ 4GB RAM နဲ့ 64GB storage ဆိုပြီး RAM နဲ့ Memory Storage ဗားရှင်းနှစ်မျိုးနဲ့လာမှာဖြစ်ပါတယ်။

Mi 5 ကိုအရင်ထွက်ပေါ်ခဲ့ဖူးတဲ့ ကောလာဟလ တွေအရ ၂.၅ဒီဂရီကွေး မျက်နှာပြင်နဲ့ ၃ဒီဂရီကွေး ကျောဘက်ဖုံးဖန်ကာဗာပုံစံ ဒီဇိုင်းနဲ့ ပြုလုပ်ထားမှာဖြစ်ပါတယ်။ Mi ဖုန်းတွေမှာ မပါဘူးတဲ့ Home Button ဟာ Fingerprint sensor လုံခြုံရေးစနစ်ပါဝင်မယ်လို့လည်းဆိုထားကြပါတယ်။ ဒီဆင်ဆာဟာ ဈေးကွက်ထဲမှာ ရှိသမျှဖုန်းတွေအကုန်လုံးထဲမှာ အသေးငယ်ဆုံးဖြစ်လာမှာဖြစ်ပါတယ်။

Ref: Gadget360

You may be interested

စမတ်ဖုန်းများမှာ သုံးထားတဲ့ ဘက်ထရီ အမျိုးအစားများ
FEATURES
0 shares0 views

စမတ်ဖုန်းများမှာ သုံးထားတဲ့ ဘက်ထရီ အမျိုးအစားများ

Ko Thuya - Jun 25, 2018

ယနေ့လိုအချိန်ကိုရောက်ရှိတဲ့အချိန်မှာတော့မိုဘိုင်းဖုန်းတွေရဲ့ဘက်ထရီဟာအတော်ကြီးကိုသက်တမ်းတာရှည်ခံခဲ့ပါပြီ။အချို့စမတ်ဖုန်းတွေမှာပါတဲ့ဘက်ထရီဆိုရင်အခြားဖုန်းတွေကိုအားပြန်လည်ဖြည့်သွင်းပေးနိုင်ပါတယ်။Gionee ,Asus Zenfone တို့ဆိုရင်အခြားဖုန်းတစ်လုံးကိုအားပြန်လည်သွင်း ပေးနိုင်တဲ့လုပ်ဆောင်ချက်နဲ့ အတူဘက်ထရီသက်တမ်းကလည်းအင်မတန်တာရှည်ခံပါတယ်။ Mobile Handset တစ်လုံးကောင်းမွန်ပြည့်စုံစွာ အလုပ်လုပ်နိုင်ရန်အတွက် Battery သည်မရှိမဖြစ်လိုအပ်သောအရာဖြစ်ပါတယ်။ သို့ရာတွင် Mobile Handset များတွင်အသုံးပြုသော Battery များသည် Handset ၏ Model အလိုက်ကွဲပြားခြားနား…

Redmi 6 Pro ကို တရားဝင် မိတ်ဆက်လိုက်တဲ့ Xiaomi
Xiaomi
546 shares130 views

Redmi 6 Pro ကို တရားဝင် မိတ်ဆက်လိုက်တဲ့ Xiaomi

Tha Ra - Jun 25, 2018

[Zawgyi] Xiaomi အနေနဲ့ Redmi 6 Pro ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Redmi 6 Pro နဲ့အတူ Mi Pad 4 tablet ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။…

Gaming Laptop တွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်တဲ့ ASUS
ASUS
66 shares13 views

Gaming Laptop တွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်တဲ့ ASUS

Tha Ra - Jun 25, 2018

[Zawgyi] ASUS Myanmar အနေနဲ့ TUF Gaming Laptop, ROG Gaming Laptop တွေကို ပြီးခဲ့တဲ့ ၂၁ရက်နေ့က ရန်ကုန်မြို့မှာ တရားဝင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ TUF Series က Entry Level Gaming…

Leave a Comment

Most from this category