0 Shares 33 Views

မောင်းသူမဲ့စက်ရုပ်ဘတ်စ်ကားများကို သြစတြေးလျတွင်စမ်းသပ်ရန်ရှိ

ပြင်သစ်နိုင်ငံလုပ် စက်ရုပ်ဘတ်စ်ကားများကို သြစတျေးလျနိုင်ငံတွင် စမ်းသပ်ဖို့ရှိပြီး အလိုအလျောက်ပြုလုပ်နိုင်တဲ့ ကိရိယာတွေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုမယ့် အခြေအနေဖြစ်လာမယ့် လမ်းစဖြစ်ပါတယ်။ ဒီမောင်းသူမဲ့လျှပ်စစ်ကားတွေဟာ ခရီးသည် ၁၅ ယောက်လောက်တင်ဆောင်နိုင်မှာဖြစ်ပြီး တစ်နာရိကို ၄၅ကီလိုမီတာ အထိသွားနိုင်မှာဖြစ်ပါတယ်။ ဒီကားတွေအသုံးပြုဖို့အတွက် အနောက်သြစတြေးလျဒေသရဲ့ မြို့တော် Perth မှာ စတင်အသုံးပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။

အနောက်သြစတျေးလျရဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး Dean Nalder က ဒီမောင်းသူမဲ့ကားတွေကို ပြည်နယ်လမ်းတွေမှာ မောင်းနှင်စမ်းသပ်ဖို့ ရှိတယ်လို့ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ “ဒါကိုစမ်းသပ်တော့မှာပါ။ စမ်းသပ်ပြီးရင်တော့ ကျွန်တော်တို့တွေစတင်အသုံးပြုတော့မှာဖြစ်ပါတယ်။ ဒီပစ္စည်းတွေက အလုပ် လုပ်မလုပ် ကျွန်တော်တို့သင်ယူရဦးမှာပါ။ ဒီလိုသင်ယူပြီးရင်တော့ အနာဂါတ်မှာ ပိုမိုကောင်းမွန်အောင်ပြင်ဆင်ရမှာပါ” လို့ Nalder ကပြောပါတယ်။

မောင်းသူမဲ့ကား နည်းပညာဟာ နည်းပညာနဲ့ ကမ္ဘာ့ကားဈေးကွက်ထဲမှာ ခေတ်စားပြီး တိုက်ပွဲတွေပြင်းထန်လာတာနဲ့အညီ တဖြည်းဖြည်းနဲ့ တိုးတက်ပြောင်းလဲမှုတွေကို မြင်လာရတာဖြစ်ပါတယ်။ ကမ္ဘာ့ကားထုတ်လုပ်သူအများစုဟာ ဒါကိုဖမ်းဆုတ်ပြီး လာမ်ယ့ ၂၀၂၀ပြည့်နှစ်မှာ မောင်းသူမဲ့ကားတွေကို လမ်းပေါ်တွေရောက်အောင် ကြိုးစားလာကြတာပါ။ အခုလိုမောင်းသူမဲ့ကားတွေ ထုတ်လုပ်ဖို့ ပြင်ဆင်နေကြတဲ့အထဲမှာ Mercedes Benz, Audi နဲ့ Googel တို့လို ကုမ္ပဏီကြီးတွေလည်း ပါဝင်လာတာဖြစ်ပါတယ်။

Ref: Gadgets360

You may be interested

Apple က iOS 11 ကို ဖြန့်ချီပြီ
Apple, HUBS, NEWS
0 shares0 views

Apple က iOS 11 ကို ဖြန့်ချီပြီ

Ko Thuya - Sep 20, 2017

Apple က ဇွန်လမှာ ကျင်းပခဲ့တဲ့ World Wide Developer Conference မှာ iOS 11 ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Apple က iOS 11, watchOS 4 နဲ့ tvOS 11…

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ
Gionee, HUBS, Mobiles & Tablets
66 shares15 views

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ

Ko Thuya - Sep 20, 2017

Gionee က အိန္ဒိယမှာ စွမ်းဆောင်ရည်သင့် တန်ဖိုးနည်း စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့အမည်ကတော့ Gionee X1s ဖြစ်ပြီး အိန္ဒိယ ရူပီး ၁၂၉၉၉ သတ်မှတ်ထားပါတယ်။ ဒေါ်လာအားဖြင့် ၂၀၀ ၀န်းကျင် မြန်မာငွေအားဖြင့် ၂၅၀ ၀၀၀ ၀န်းကျင်…

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း
Apple, FEATURES, HUBS
822 shares521 views

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း

Ko Thuya - Sep 19, 2017

Apple က ၂၀၀၇ ခုနှစ်မှာ ပထမဆုံး iPhone ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ၁၀ နှစ်ပြည့် အထူးထုတ် iPhone X ကို မကြာခင်က မိတ်ဆက်ခဲ့ပါတယ်။ အထူးထုတ် iPhone X ဟာ အများမျှော်လင့်ထားသလို…

Leave a Comment

Most from this category