0 Shares 257 Views

မသမာသူတွေအနေနဲ့ ရိုးရှင်းတဲ့ဆော့ဖ်ဝဲတစ်ခုကို အသုံးချကာ ကွန်ပြူတာ webcam ကနေ သင်လုပ်သမျှကို စောင့်ကြည့်နေနိုင်

Feb 11, 2016
0 257

ဆိုက်ဘာမသမာသူတွေဟာ ဈေးပေါတဲ့ဆော့ဖ်ဝဲတစ်ခုကိုအသုံးချပြီး သူစိမ်းတစ်ယောက်ရဲ့ ကွန်ပြူတာကင်မရာကို ထိန်းချုပ်ကာ ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

ဒီလိုထိတ်လန့်စရာ လေ့လာတွေ့ရှိချက်ကို နာမည်ကျော် နည်းပညာလုံခြုံရေးကုမ္ပဏီ Kaspersky က ယနေ့မှာ ထုတ်ပြန်ကြေငြာခဲ့တာပါ။

သိပ်မကျွမ်းကျင်တဲ့ အပျော်တမ်းဟက်ကာတွေတောင် လွယ်ကူတဲ့ဆော့ဖ်ဝဲတစ်မျိုးကို အသုံးချပြီး သူတို့ပစ်မှတ်ထားတဲ့ လူတစ်ယောက်ရဲ့ကွန်ပြူတာထဲ ဟက်လုပ်ကာ ဓာတ်ပုံ၊အသံနဲ့ ဗီဒီယိုတွေ မှတ်သားရိုက်ကူးနိုင်တယ်လို့် Kaspersky က လုံခြုံရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဒီဆော့ဖ်ဝဲဟာ AdWind လို့အမည်ရတဲ့ ဆော့ဖ်ဝဲဖြစ်ပြီး၊ ဒေါ်လာ ၅၀ လောက်သာပေးရကာ၊ အသုံးပြုရပုံကလည်း လွယ်ကူလွန်းတာကြောင့် သာမန်အခြေခံကွန်ပြူတာအရည်အချင်းရှိတဲ့လူတောင် အသုံးပြုနိုင်ကြောင်းသိရပါတယ်။

မသမာသူတွေအနေနဲ့ ဒီဆော့ဖ်ဝဲကိုအသုံးချကာ၊ မိမိပစ်မှတ်ထားသူရဲ့ အိပ်ခန်းတွင်းပုံတွေ၊ အ၀တ်မပါပုံတွေကို ရယူရိုက်ကူးနိုင်ကာ၊ ဓာတ်ပုံကို လိင်ပိုင်းဆိုင်ရာအသုံးချတာ (သို့) ငွေညှစ်တာမျိုးတွေ ပြန်လုပ်ဆောင်နိုင်ခြေ ရှိတယ်လို့ Kaspersky ကုမ္ပဏီရဲ့ ဆိုက်ဘာလုံခြုံရေးပညာရှင် Aleksandr Gostev က ပြောကြားခဲ့ပါတယ်။

ဒီဆော့ဖ်ဝဲရဲ့တိုက်ခိုက်မှုဟာ ပစ်မှတ်ထားသူတစ်ယောက်ကို malware တွေအပြည့်ပါတဲ့ အီးမေးလ်တစ်ခုကို ဖွင့်မိအောင် ဆွဲဆောင်ပြီး၊ ကွန်ပြူတာစနစ်ထဲ သူ့ဆော့ဖ်ဝဲကို တိတ်တဆိတ်သွင်းသွားမှာဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲဟာ ကွန်ပြူတာ webcam တွေကို ဖွင့်ထိန်းချုပ်နိုင်သလို၊ password ရယူတာ၊ အရေးကြီးဖိုင်တွေ ကူးယူတာနဲ့၊ တိုက်ခိုက်ခံရသူတစ်ယောက် သူ့ကွန်ပြူတာမှာလုပ်ဆောင်သမျှကို မှတ်တမ်းတင်တာ စတဲ့ လုံခြုံရေးချိုးဖောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ပါတယ်။

လက်ရှိမှာတော့ ပိုက်ဆံပေးဝယ်သုံးရတဲ့ ဒီဆော့ဖ်ဝဲကို စီးပွားရေးလုပ်ငန်းတွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်လေ့ရှိပေမယ့်၊ မကြာမီမှာ မသမာသူတွေအနေနဲ့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီကို ဒီဆော့ဖ်ဝဲ နဲ့ တိုက်ခိုက်လာနိုင်ပါတယ်။ လက်ရှိမှာ တစ်ကမ္ဘာလုံးက စီးပွားရေးလုပ်ငန်းနဲ့ လူပေါင်း ၄၄၃၀၀ ဦးကို တိုက်ခိုက်ရာမှာ ယခုဆော့ဖ်ဝဲကို အသုံးပြုထားတာကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

Ref: Mirror

 

 

You may be interested

Face Recognition ပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို ဖန်တီးနေတဲ့ Nvidia
NEWS
0 shares0 views

Face Recognition ပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို ဖန်တီးနေတဲ့ Nvidia

Ko Thuya - Feb 19, 2018

Nvidia က ဥာဏ်ရည်တု နည်းပညာ ကုမ္ပဏီ AnyVision နဲ့ ပူးပေါင်းပြီး မျက်နှာအာရုံခံ နည်းပညာပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို တီထွင်နေပါတယ်။ အဲဒီ ကင်မရာများဟာ ကမ္ဘာအ၀န်းမှ စမတ် မြို့တော်များအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ လက်ရှိ အသုံးပြုနေကြတဲ့ CCTV…

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
203 shares92 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
149 shares346 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

Leave a Comment

Most from this category