ဓါတ်ပုံဆရာတစ်ဖြစ်လဲ Paul Skinner ဆိုသူ ဟာ သူ့ကိုယ်ပိုင် ဒရုမ်းလေယာဉ်ပျံနဲ့ အိမ်တံခါးတစ်ခု ကို ခေါက်ခဲ့ပြီးနောက် ထောင်ဒဏ် ရက် ၃၀ ချမှတ်ခံလိုက်တယ် လို့ ဆိုပါတယ်။

တံခါးခေါက်သံကြားတဲ့အတွက် တံခါးဖွင့်ပြီး ထွက်ကြည့်ခဲ့တဲ့ အသက် ၂၅ နှစ် အရွယ် အမျိုးသမီးဟာ ရုတ်တရက်ထွက်ပေါ်လာခဲ့တဲ့ ဒရုမ်း လေယာဉ်ပျံကို မြင်တွေ့လိုက်ရတဲ့အခါမှာ ရုတ်တရက် လန့်ဖြန့်ပြီး မေ့လဲကျသွားခဲ့တဲ့အတွက် ပြည်နယ်တရားရုံးကနေ Paul Skinner ကို အခုလို ဒဏ်ကြေး သတ်မှတ်ခဲ့တာ ဖြစ်ပြီး ငွေဒဏ် အနေနဲ့လည်း ဒေါ်လာ ၅၀၀ ဒဏ်ပေးဆောင်ဖို့ စေခိုင်းခဲ့ပါတယ်။

၂ ပေါင်မျှသာ အလေးချိန်ရှိတဲ့ ဒီ ဒရုမ်း ရဲ့ လမ်းကြောင်းမှားပြီး ဝင်ရောက်ခဲ့မှုကြောင့် စိုးရိမ်တကြီး ဖြစ်ခဲ့ရပြီး အသက်ကိုပါ နှုတ်ယူသွားနိုင်တယ် လို့ အမျိုးသမီး ရဲ့ ရှေ့နေ က တရားခွင်မှာ စွပ်စွဲခဲ့ပါတယ်။ အဲဒီ အမှု ဟာ Seattle City မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကလည်း Paul Skinner ဟာ ဒရုမ်း နဲ့ တိုက်ခိုက်တယ် လို့ သံသယဖြစ်စရာ အမှုအခင်းတစ်ခု မှာ ဒေါ်လာ ၅၀၀၀ ဒဏ်ကြေးဆောင်ခဲ့ရပြီး ထောင်ဒဏ် ၁ နှစ်လည်း ချမှတ်ခံခဲ့ရတယ် လို့ ဆိုပါတယ်။

Seattle City ရဲ့ ပြည်နယ် တရားရုံးက အခုလို ဒရုမ်းမှုခင်းတစ်ခု ထပ်မံဖြစ်ပွားခဲ့တဲ့အတွက် Paul Skinner ကို နောက်ဆက်တွဲပြစ်ဒဏ်အနေနဲ့ အများပြည်သူ မြင်ကွင်းရှေ့မှာ ဒရုမ်းကိုင်ဆောင်ခွင့်ကို ရာသက်ပန် ပိတ်ပင်ခဲ့ပါတယ်။ Paul Skinner ရဲ့ ရှေ့နေ ဖြစ်သူ က အဲဒီ ပြစ်ဒဏ်ဟာ မျှတမှု မရှိဘဲ ဒရုမ်းပိုင်းလော့ တွေရဲ့ အနာဂတ်လမ်းကြောင်း ကို ပါ ပိတ်ပင်တားမြစ်ခဲ့တယ် လို့ Seattle Times သတင်းစာ ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Ref : Android Central