အရှေ့ နဲ့ အနောက် မြင်ကွင်း ၂ ခု စလုံးကို မြင်ရမယ့် LG G6 ရဲ့ Frontback Feature

စမတ်ဖုန်းတွေမှာ ကင်မရာပိုင်းလုပ်ဆောင်ချက်တွေကို စိတ်ဝင်တစား စောင့်ကြည့်နေတဲ့သူတွေ အတွက် စိတ်လှုပ်ရှားဖွယ်ရာ Feature တစ်ခု ကို LG G6 မှာ ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်ပါတယ်။

အဲဒီ Feature ကို Front Back Feature လို့ ခေါ်ပြီး LG G6 မှာ Built-in ပါရှိလာမှာ ဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်ရာ လုပ်ဆောင်ချက် ရဲ့ အနှစ်သာရကတော့ မိုဘိုင်းဖုန်း သုံးတဲ့သူဟာ အပေါ်ပုံမှာ ပြသထားတဲ့အတိုင်း ဆံပင်ညှပ်ဆိုင်မှာ ဆံပင်ညှပ်ရသလို မျိုး ကိုယ့်ရိုက်ယူမယ့် မြင်ကွင်းကို အနောက်ရော၊ အရှေ့ရော မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကိုယ် ရိုယ်ယူပြီး တဲ့ ပုံရိပ်တွေကိုလည်း ဖေ့စ်ဘုတ် ၊ အင်စတာဂရမ် တွေနဲ့ လူမှုကွန်ယက်တွေမှာ တိုက်ရိုက် ရှယ်လို့ ရနိုင်တယ် လို့ ဆိုပါတယ်။

Frontback Feature ကို Match Shot လို့ ခေါ်ပြီး အွန်လိုင်းကနေတဆင့် ဒေါင်းလုပ် ရယူနိုင်တယ် လို့လည်း ဆိုပါတယ်။ ဝမ်းနည်းဖွယ်ရာ သတင်းတစ်ခု ကတော့ ဒေါင်းလုပ် ရယူနိုင်တဲ့ Program ဟာ iOS တွေအတွက်ပဲ ရရှိနိုင်သေးတယ် လို့ ဆိုပါတယ်။ Apple ရဲ့ iTunes အကောင့်ရှိသူတွေကတော့ အောက်မှာ ဖော်ပြထားတဲ့ လင့်ကနေ ဒေါင်းလုပ်ရယူလို့ရနိုင်ပါတယ်။

Download

Ref : Engadget

%d bloggers like this: