စပိန်နိုင်ငံ ဘာစီလိုနာမှာ ကျင်းပပြုလုပ်လျက်ရှိနေတဲ့ MWC 2017 မှာ storage device တွေကို ထုတ်လုပ် အောင်မြင်နေတဲ့ SanDisk ကလည်းပါဝင်ပြသလျက်ရှိပြီး iPhone နဲ့ iPad တွေအတွက် external storage အဖြစ်သုံးနိုင်မယ့် 256GB iXpand Flash Drive နဲ့ Connect Wireless Stick တွေကို မိတ်ဆက်လိုက်တယ်လို့သိရပါတယ်။
iXpand Flash Drive 256GB ရဲ့ ဈေးနှုန်းက (၂၇၉.၉၉) ဒေါ်လာဖြစ်ပြီး iPhone , iPad တွေနဲ့ Lightning port မှာ ချိတ်ဆက်ကာ SanDisk ရဲ့ iXpand Drive app ကိုအသုံးပြုပြီး additional storage အဖြစ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် drive ရဲ့ တစ်ဖက်မှာ USB 3.0 ကိုအသုံးပြုထားတဲ့ USB-A port ပါဝင်ပြီး အခြား iOS device တွေဖြစ်တဲ့ Mac (ဒါမှမဟုတ်) အခြား PC တွေနဲ့ ချိတ်ဆက်ကာ data တွေကို လျင်မြန်စွာ transfer လုပ်နိုင်မှာဖြစ်ပါတယ်။
Connect Wireless Stick 256GB ရဲ့ ဈေးနှုန်းကလည်း (၂၇၉.၉၉) ဒေါ်လာပဲဖြစ်ပြီး ဒီ device လေးက iPhone နဲ့ iPad တွေ အတွက် Wireless Storage တစ်ခုအဖြစ် အလုပ်လုပ်မှာဖြစ်ပါတယ်။
ဒါတင်မကပဲ password ခံထားတဲ့ Wi-Fi ကွန်ရက်ပေါ်မှာ iPhone, iPad တွေအပြင် အခြား iOS device, Mac တွေနဲ့ အခြား PC တွေဆီကို အချင်းချင်း Wireless data transfer ပြုလုပ်နိုင်မှာဖြစ်ပြီး USB 2.0 port လည်းပါဝင် ပါတယ်။
16GB ကနေ 128GB အထိ သိုလှောင်မှုပမာဏရှိတဲ့ device တွေကလည်း ဒေါ်လာ(၅၀) ကနေ (၁၃၀) ဒေါ်လာ အထိအသီးသီးကျသင့်မှာဖြစ်ပါတယ်။
အသစ်ထုတ်လုပ်လိုက်တဲ့ 256GB ဒီ ကိရိယာ နှစ်ခုလုံးကို Amazon နဲ့ Best Buy တို့မှာ ဝယ်ယူနိုင်သလို အမေရိကန် နိုင်ငံအတွင်းက အခြား retailer ဆိုင်တွေမှာလည်း ဝယ်ယူနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။
SanDisk က MWC 2017 ပွဲမှာ 256GB MicroSD ကဒ်ကိုလည်း မိတ်ဆက်ပြသခဲ့ပါသေးတယ်။
Source : MacRumours
You must be logged in to post a comment.