(၂၀၁၆) ခုနှစ်ရဲ့ အကောင်းဆုံး စမတ်ဖုန်းဆုရခဲ့တဲ့ Samsung Galaxy S7 edge

Samsung အတွက် ဂုဏ်ယူစရာဖြစ်သလို Samsung ပရိသတ်တွေအတွက် ပျော်ရွှင်ရမယ့် သတင်းတစ်ရပ် ထွက်ပေါ်လာပါတယ်။

MWC မှာ နှစ်စဉ် ချီးမြင့်နေကြဖြစ်တဲ့ Glomo (Global Mobile) Awards ဆုချီးမြှင့်ပွဲမှာ Samsung Galaxy S7 Edge က (၂၀၁၆) ခုနှစ်ရဲ့ အကောင်းဆုံး စမတ်ဖုန်းဆု (Best Smartphone 2016) ကိုရရှိခဲ့တယ်လို့ သိရပါတယ်။

စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ နှစ်စဉ်ကျင်းပပြုလုပ်နေကျ MWC ပွဲရဲ့ Glomo Awards ဆုချီးမြှင့်ပွဲမှာ “Best Mobile Handsets and Devices” ဆိုတဲ့ ခေါင်းစဉ်အောက်က အကောင်းဆုံးစမတ်ဖုန်း ဆိုတဲ့ ဆုကို Galaxy S7 edge က လက်ခံရရှိခဲ့တာဖြစ်ပြီး အခုလို ဆုရရှိခဲ့တာဟာ ပြီးပြည့်စုံတဲ့ ဒီဇိုင်း၊ ကောင်းမွန်တဲ့ ကင်မရာနဲ့ အရည်အသွေးမြင့်တဲ့ လုပ်ဆောင်ချက်တွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

Samsung Electronics ရဲ့ Global Product Strategy ဥက္ကဌဖြစ်သူ Junho Park က

 “ ကျွန်တော်တို့အနေနဲ့ ဒီဇိုင်းပိုင်းနဲ့ ဖန်တီးမှုပေါင်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပါတယ်။ ကျွန်တော်တို့အနေနဲ့ Customer တွေရဲ့ မျှော်လင့်ချက်တွေကို အလေးထားပြီး မိုဘိုင်းနည်းပညာလောက ကိုတိုးတက်အောင် ကြိုးစားနေတယ်ဆိုတာ ဒီ ဆုက သက်သေပါပဲ” လို့ပြောကြားသွားခဲ့ပါတယ်။

Samsung ရဲ့ Galaxy S7 edge နဲ့အတူ Apple ရဲ့ iPhone 7 Plus, Google ရဲ့ Google Pixel XL, Huawei fro Huawei P9 နဲ့ Motorola ရဲ့ Moto Z စမတ်ဖုန်းတွေဟာလည်း အကောင်းဆုံး စမတ်ဖုန်းဆု ဆန်ကာတင် စာရင်းမှာပါဝင်ခဲ့ပြီး Galaxy S7 edge က အကောင်းဆုံး အဖြစ်အရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

Samsung အနေနဲ့ အပေါ်က စမတ်ဖုန်းတွေကို ကျော်လွန်ကာ ဒီဆုကိုရရှိခဲ့တဲ့အတွက် ဂုဏ်ယူလျက်ရှိပြီး ပြီးခဲ့တဲ့ နှစ်က ချီးမြှင့်ခဲ့တဲ့ (၂၀၁၅) ခုနှစ်ရဲ့ အကောင်းဆုံး စမတ်ဖုန်းဆုကိုတော့ Apple ရဲ့ iPhone 6 နဲ့ LG G3 တို့ကရှိခဲ့တာဖြစ်တယ် လို့သိရပါတယ်။

MWC ရဲ့ Glomo (Global Mobile) Awards ဆုချီးမြှင့်ပွဲတွေဟာ (၁၉၉၆) ခုနှစ်ကတည်းက (၁) နှစ်တာအတွင်း ဖန်တီးထုတ်လုပ်ခဲ့ကြတဲ့ နည်းပညာနယ်ပယ်အသီးသီးက ဖန်တီးမှုတွေ ၊ ထုတ်ကုန်တွေ ၊ နည်းပညာတွေကို ခြုံငုံသုံးသပ်ကာ Category အလိုက် အကောင်းဆုံးဆုတွေ သတ်မှတ် ချီးမြှင့်လေ့ရှိ တာဖြစ်ပါတယ်။

Source: TJ

%d bloggers like this: