ရှောင်မီ က ကိုယ်ပိုင် Chipset ကို ထုတ်ဖော်ကြော်ငြာ

တရုတ်နိုင်ငံ အခြေစိုက် မိုဘိုင်းနည်းပညာ ကုမ္ပဏီကြီး ဖြစ်တဲ့ Xiaomi ဟာ သူရဲ့ ကိုယ်ပိုင် Chipset ကို အောင်မြင်စွာ ထုတ်ဖော်တီထွင်လိုက်နိုင်ပြီးနောက် နောက်ပိုင်း ထုတ်လုပ်မယ့် မိုဘိုင်းဖုန်းတွေ မှာ ကိုယ်ပိုင် Chipset နဲ့ပဲ ဖြန့်ချိသွားမယ ်လို့ ကြော်ငြာလိုက်ပါတယ်။

အောင်မြင်တဲ့ စီးရီးတွေ ဖြစ်တဲ့ Mi Series တွေ အပြင် အလန်းစားဒီဇိုင်း နဲ့ ရှောင်မီဖုန်ေးတွရဲ့ ကုမ္ပဏီ ဟာ Surge S1 Chip ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီး မိုဘိုင်းဖုန်းထုတ်တဲ့ ကုမ္ပဏီတွေထဲမှာ Apple,Samsung, Huawei တို့ပြီးနောက် Chipset ကို အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ခဲ့တဲ့ စတုတ္ထမြောက်ကုမ္ပဏီ တစ်ခု ဖြစ်လာခဲ့ပါတယ်။

သူရဲ့ Chipset ကို Surge S1 Chipset လို့ အမည်ပေးထားပြီး အခု ကျင်းပနေတဲ့ MWC 2017 ပွဲမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။  Surge S1 ဟာ Xiaomi ရဲ့ ပထမဆုံး ကိုယ်ပိုင် Chipset ဖြစ်ပြီး 2.2GHz core နဲ့ 1.4GHz Cores လေးခုစီကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ အဲဒါကို ရှောင်မီ ရဲ့ အကြီးအကဲတစ်ဦး ဖြစ်တဲ့ chief executive Lei Jun က Performance နဲ့ Power ကြားထဲက အရည်အသွေးကို ချိန်ညှိရယူခဲ့တာပါ လို့ ဝင့်ဝင့်ကြွားကြွား ပြောဆိုခဲ့ပါတယ်။

အဲဒီလို ကိုယ်ပိုင် Chipset ထုတ်လုပ်လိုက်တဲ့အတွက် ရှောင်မီ ဟာ Qualcomm နဲ့ MediaTek တို့ဆီကနေ မှီခိုနေတဲ့ Chip အမှာစာအများအပြား လျှော့ချနိုင်ခဲ့ပြီး လာမည့် ၅ နှစ်အတွင်းမှာကို ငွကြေး အမြတ်အစွန်း ပြန်လည် ရရှိဖို့ မျှော်လင့်ထားတယ် လို့ ဆိုပါတယ်။ 2014 ခုနှစ် က တည်ထောင်ခဲ့တာ ဖြစ်ပေမယ့် အချိန်တိုအတွင်းမှာပဲ ကမ္ဘာ့လူသိများတဲ့ နေရာတစ်ခု ကို ရောက်ရှိလာခဲ့တာဟာ ရှောင်မီ ရဲ့ ဆယ်နှစ်တာ ဦးတည်ချက်တွေ ထဲမှာ တစ်ခု အပါအဝင်ဖြစ်ခဲ့ပြီး ကိုယ်ပိုင် Chipset ထုတ်လုပ်နိုင်ဖို့အပြင် ဖော်ပြမထားတဲ့ တခြား ရည်မှန်းချက်တွေ လည်း အများအပြား ရှိနေသေးတယ် လို့ ဆိုပါတယ်။

အဲဒီ Chipset ကို အခု အသစ်ထုတ်လုပ်မယ့် Mi5C  မှာ စတင်ထည့်သွင်းသွားမယ် လို့ ရှောင်မီ က ကြော်ငြာထားပါတယ်။

Ref : VB

 

 

%d bloggers like this: