Mobile World Congress 2017 ရဲ့ နောက်ဆုံးရ သတင်းများ

Android Fans တွေအတွက် အထင်ကရ နိုင်ငံတကာ နည်းပညာ ပြပွဲများအတွက် ပြက္ခဒိန်မှာ မှတ်သားရမယ့် နေ့ရက် ၃ ခုပဲ ရှိပါတယ်။ အဲဒါတွေကတော့ လတ်စ်ဗီးဂတ်စ်မှာ ကျင်းပတဲ့ CES (Consumer Electronics Show ) , ဘာလင်မှာ ကျင်းပတဲ့ IFA (Internationale Funkausstellung) နဲ့ ဘာစီလိုနာမှာ ကျင်းပတဲ့ MWC (Mobile World Conference) တို့ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ MWC ကို ကျင်းပနေပြီ ဖြစ်ပြီး အဲဒီပွဲမှ နောက်ဆုံးရ သတင်းများကို ဖော်ပြပေးလိုက်ပါတယ်။

Mobile World Congress 2017 မှာ ထုတ်ကုန်များ မိတ်ဆက်မယ့် ကုမ္ပဏီများနဲ့ ပွဲအချိန်များ

Mobile World Congress ကို ဖေဖော်ဝါရီလ ၂၇ ရက်ကနေ မတ်လ ၂ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ မီဒီယာများအတွက်တော့ ရက်အနည်းငယ် ကြိုတင်ပြီး ဝင်ရောက်ခွင့်ပေးထားပါတယ်။ ဒီနှစ်မှာ ထုတ်ကုန်များ မိတ်ဆက်မယ့် ကုမ္ပဏီများနဲ့ ပွဲအချိန်များကို အောက်ပါ ဓါတ်ပုံမှာ လေ့လာနိုင်ပါတယ်။

Sony ပြန်လာပြီ

Sony ရဲ့ မီဒီယာ မိတ်ဆက်ပွဲကို ၂၇ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ကုမ္ပဏီက Xperia XZs နဲ့ XZ Premium တို့ကို မိတ်ဆက်ခဲ့ပါတယ်။ Sony XZ Premium မှာ စမတ်ဖုန်းလောကရဲ့ ပထမဆုံးဖြစ်တဲ့ အလွှာသုံးခု ဆင့်ထားတဲ့ CMOS Image Sensor တပ်ဆင်ထားပြီး အရည်အသွေးမြင့်မားတဲ့ အနှေးဗီဒီယိုများကို ရိုက်ကူးပေးနိုင်ပါတယ်။ ဒါ့အပြင် Xperia XA1 နဲ့ XA1 Ultra တို့ကိုလည်း ပွဲမှာ မိတ်ဆက်ခဲ့ပါတယ်။

Samsung က Galaxy Tab S3 ကို မိတ်ဆက်

Samsung က Galaxy S8 ကို မပြသပေမယ့် Galaxy Tab S3 ကို မိတ်ဆက်ခဲ့ပါတယ်။ S8 ကိုတော့ မတ်လမှ မိတ်ဆက်မှာ ဖြစ်ပါတယ်။ Galaxy Tab S3 ဟာ ယခင်မျိုးဆက်ထက် တိုးတက်မှုများစွာ ပါလာပါတယ်။ S Pen နဲ့ Grace UX Software Interface တို့ကလည်း ပိုမို ကောင်းမွန်လာပါတယ်။ စပီကာနဲ့ မျက်နှာပြင်အရည်အသွေးက အလွန်ကောင်းမွန်တဲ့အတွက် Multimedia များ ကြည့်ရှုခံစားဖို့ အဆင်ပြေပါတယ်။

Nokia ပြန်လာပြီ

Nokia က ၂၆ ရက်နေ့မှာ မီဒီယာ မိတ်ဆက်ပွဲကို ပြုလုပ်ခဲ့ပါတယ်။ Nokia 6 ကို တစ်ကမ္ဘာလုံးမှာ ရောင်းချမယ့် အချိန်နဲ့ Nokia 6 Arte Black Special Edition ကို ကြေညာခဲ့ပါတယ်။ ဒါ့အပြင် တန်ဖိုးနည်း Nokia 5 , Nokia 3 စမတ်ဖုန်းများကိုလည်း ကြေညာခဲ့ပါတယ်။ အဆင့်မြှင့်ထားတဲ့ Nokia 3310 ကိုလည်း ပြသခဲ့ပါတယ်။

Lenovo က Moto G5 နဲ့ Moto G5 Plus ကို မိတ်ဆက်

Lenovo ကလည်း စမတ်ဖုန်း ဈေးကွက်ကို တစ်ကျော့ပြန်ဝင်လာပြီး စားသုံးသူများအား စိတ်ဝင်စားစရာကောင်းတဲ့ ရွေးချယ်ခွင့်များကို ပေးခဲ့ပါတယ်။ Lenovo က ပွဲမှာ Moto G5 နဲ့ Moto G5 Plus တို့ကို မိတ်ဆက်လိုက်ပါတယ်။ Lenovo က သူ့ရဲ့ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ၂ လုံးကို နည်းပညာမြင့်စမတ်ဖုန်းများအဖြစ် တင်စားလိုက်ပါတယ်။

Huawei က P10 နဲ့ P10 Plus တို့ကို ကြေညာ

Huawei ကလည်း စွမ်းဆောင်ရည်မြင့် P10 နဲ့ P10 Plus တို့ကို မိတ်ဆက်လိုက်ပါတယ်။ စမတ်ဖုန်း ၂ လုံးစလုံးမှာ Android 7.0 Nougat နဲ့ EMUI 5.1 ကို ပေါင်းစပ်ထည့်သွင်းထားပါတယ်။ 4GB RAM/64GB Storage နဲ့ 6GB RAM/128 Storage များ ရွေးချယ်နိုင်ပါတယ်။ အနောက်ဘက်မှာ 20MP Black & White Camera နဲ့ 12MP Leica Color Camera ၂ လုံးကို ပူးတွဲတပ်ဆင်ထားပါတယ်။ စမတ်ဖုန်း ၂ လုံးဟာ ရေစိုခံနိုင်လာကြပါတယ်။

LG G6 ကို မိတ်ဆက်ပြီ

၅.၇ လက်မ LG G6 ကို ပွဲမှာ မိတ်ဆက်လိုက်ပါတယ်။ LG က မျက်နှာပြင်ကြီးပေမယ့် အိတ်ကပ်ထဲထည့်သွားနိုင်တဲ့ စမတ်ဖုန်းလို့ ပြောပါတယ်။ Dolby Vision ပါတဲ့ QHD+ တပ်ဆင်ထားပါတယ်။ Android Nougat နဲ့ Google Assistant ထည့်သွင်းပေးထားပါတယ်။ Snapdragon 821 Processor , 4GB RAM, 32GB or 64GB Storage တပ်ဆင်ထားပါတယ်။ ၁၂၅ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးပေးနိုင်တဲ့ 13MP Camera ပါပါတယ်။ ဘက်ထရီ သက်တမ်း ပိုမို ကောင်းမွန်ပါတယ်။

BlackBerry ရဲ့ KEYone


BlackBerry ကလည်း KEYone ကို မိတ်ဆက်လိုက်ပါတယ်။ ၄.၅ လက်မ Keypad Phone ဖြစ်ပါတယ်။ Android 7.1 Nougat ထည့်သွင်းထားပြီး အလူမီနီယမ် ကိုယ်ထည် တပ်ဆင်ထားပါတယ်။ ဧပြီလမှာ ရောင်းချပေးမှာ ဖြစ်ပြီး ၅၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ကီးဘုတ်မှာ ထိတွေ့အာရုံခံ Pad ပါလာပြီး App တစ်ခုကို ဖွင့်ဖို့ အက္ခရာတစ်ခုကို သတ်မှတ်နိုင်ပါတယ်။ Email, Weather များအတွက်လည်း Shortcus များ သတ်မှတ်နိုင်ပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို Space Bar မှာ ထည့်သွင်းထားပါတယ်။

HTC ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းကို မိတ်ဆက်မလား?

HTC က ဒီနှစ်ထဲမှာ စမတ်ဖုန်း အသစ် ၆ လုံး၊ ၇ လုံးလောက်မိတ်ဆက်မှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းများထဲမှ HTC U Ultra နဲ့ HTC U Play စမတ်ဖုန်း ၂ လုံးကို မိတ်ဆက်ပြီးပါပြီ။ HTC 10 ရဲ့ မျိုးဆက်သစ်ကို ဒီနှစ်မှာ မိတ်ဆက်မှာပါ။ ယခုကျင်းပနေတဲ့ MWC မှာလည်း မိတ်ဆက်ကောင်း မိတ်ဆက်နိုင်ပါတယ်။

အခြား ကုမ္ပဏီများ

Asus, ZTE တို့လို ကုမ္ပဏီများကလည်း MWC မှာ ထုတ်ကုန်များကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ မိတ်ဆက်မယ့် ထုတ်ကုန်များကို မသိရသေးပါဘူး။ ရှောင်မီကတော့ ပွဲမှာ ထုတ်ကုန် မိတ်ဆက်ဖို့ မရှိဘူးလို့ အတည်ပြုထားပါတယ်။

ref : androidpit

%d bloggers like this: