Sony Xperia XZ Premium နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ ထိပ်တန်း အကြောင်းအရာ ၇ ခု

Sony ရဲ့ နောက်ဆုံးထုတ် စွမ်းဆောင်ရည်မြင့် Xperia XZ Premium ဟာ ထိကိုင်လိုက်ဖို့ နှမြောတသဖြစ်ရလောက်အောင် အလွန်လှပတဲ့ ဖုန်းပါ။ တောက်ပြောင်တဲ့ သတ္တုကိုယ်ထည်ကလည်း တန်ဖိုးကြီးဖုန်း တစ်လုံးရဲ့ ဂုဏ်ဒြပ်နဲ့ညီပြီး သင့်ကို ဂုဏ်တက်စေမှာ ဖြစ်ပါတယ်။ Sony Xperia XZ Premium ကို စိတ်ဝင်စားနေသူများအတွက် သူ့ရဲ့ သိသင့်တဲ့ ထိပ်တန်း အကြောင်းအရာ ၇ ခုကို ဖော်ပြလိုက်ပါတယ်။

၁။ ဒုတိယ 4K Phone နဲ့ HDR ပါတဲ့ ပထမဆုံး ဖုန်း

Sony က ၂၀၁၅ ခုနှစ်မှာ ပထမဆုံး 4K Phone ဖြစ်တဲ့ Xperia Z5 Premium ကို မိတ်ဆက်ခဲ့ပြီး ဒီနှစ်မှာတော့ ပိုကောင်းပြီး ပိုတောက်ပတဲ့ ၅.၅ လက်မ 4K Display ပါတဲ့ စမတ်ဖုန်းအသစ်ကို မိတ်ဆက်လိုက်ပါတယ်။ ထူးခြားတာက အဲဒီဖုန်းဟာ HDR ကိုထောက်ပံ့တဲ့ ပထမဆုံးဖုန်း ဖြစ်ပါတယ်။ HDR ကို ထောက်ပံ့တဲ့ Content များဟာ ပိုမို ကြည်လင်ပြီး ပိုမို အရောင်စုံလင်ပါတယ်။

၂။ Snapdragon 835 တပ်ဆင်ထားတဲ့ ဒုတိယဖုန်း

Qualcomm Snapdragon 835 ဟာ VR, မြန်နှုန်းမြင့် LTE , ကင်မရာ တို့ကို စွမ်းရည်မြင့်မားအောင် ပိုမိုထောက်ပံ့လာနိုင်ပါတယ်။ Xperia XZ Premium ဟာ Samsung Galaxy S8 ပြီးနောက် အဲဒီ Chip ကို ဒုတိယမြောက် အသုံးပြုခွင့်ရတဲ့ ဖုန်း ဖြစ်ပါတယ်။

၃။ စွမ်းရည်မြင့်မားလာတဲ့ ကင်မရာ

လူတွေက ကင်မရာကောင်းတဲ့ စမတ်ဖုန်းများကို နှစ်သက်ကြတာကို Sony က သိပါတယ်။ XZ Premium မှာ Resolution ကို 23MP ကနေ 19MP အထိ လျှော့ချပေးပြီး Pixel တစ်ခုချင်းစီရဲ့ အရွယ်အစားကို တိုးမြှင့်ပေးတဲ့ Motion Eye ကင်မရာ အတွဲအစပ်ထည့်ပေးထားပါတယ်။ အဲဒီအတွက် အလင်းရောင်နည်းပါးတဲ့ အခြေအနေမှာတောင် ဓါတ်ပုံကောင်းများ ရိုက်နိုင်ပါတယ်။ တစ်ချိန်ထဲမှာပဲ Camera Sensor နဲ့ Phone Memory တို့က ဓါတ်ပုံများရဲ့ ဒေတာများကို ခဏတာ သိမ်းပေးဖို့ ချိတ်ဆက်လုပ်ဆောင်ကြပါတယ်။ အဲဒီကနေ ယခင် Sony Phone များထက် ဓါတ်ပုံရိုက်ကူးရာမှာ ၅ ဆ မြန်တဲ့ Predictive Capture စွမ်းရည်ကို ရရှိစေပါတယ်။ ဒီလိုရိုက်ကူးတဲ့ အခါမှာလည်း Frame များ လျော့နည်းခြင်း မရှိပါဘူး။ ကင်မရာ အတွဲအစပ်က အနှေးဗီဒီယိုများကို တစ်စက္ကန့်လျှင် ၉၆၀ ဖရိမ်နှုန်းဖြင့် ရိုက်ပေးနိုင်ပါတယ်။

၄။ အလွန်တောက်ပြောင်တဲ့ အနောက် ကာဗာ

တွေ့ဖူးသမျှ ဖုန်းတွေထဲမှာ အတောက်ပြောင်ဆုံး ဖုန်း ဖြစ်ပါတယ်။ Luminous Chrome က အဓိက လက်သည်တရားခံဖြစ်ပါတယ်။ အလွန်တောက်ပြောင်တဲ့အတွက် လက်ဗွေရာများတောင် ထင်ကျန်နိုင်ပါတယ်။ ခြစ်ရာများလည်း ထင်သွားနိုင်ပါတယ်။ Gorilla Glass 5 ရဲ့ တောက်ပြောင်မှုကလည်း အားဖြည့်ပေးနေတာ ဖြစ်ပါတယ်။

၅။ ရေစိုခံခြင်းနဲ့ ဖုန်မဝင်အောင် ကာကွယ်ခြင်း

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က Sony ထုတ်လုပ်ခဲ့တဲ့ ဖုန်းများလိုပဲ XZ Premium ဟာ IP68 စံနှုန်းရှိပြီး ရေစိုခံနိုင်ခြင်း၊ ဖုန်မဝင်အောင် ကာကွယ်ခြင်း စတဲ့ စွမ်းရည်များ ပါရှိပါတယ်။ ရေအနက် ၁ မီတာ အထိ ယူဆောင်အသုံးပြုနိုင်ပါတယ်။

၆။ Android 7.1.1 Nougat ထည့်သွင်းထားခြင်း

XZ Premium ကို မေလနဲ့ ဇွန်လအကြားမှာ ရောင်းချမှာ ဖြစ်ပြီး လက်ရှိမှာ Android 7.1.1 Nougat ကို ထည့်သွင်းခွင့် ရရှိထားပါပြီ။ အဲဒီအတွက် လုံးဝန်းတဲ့ အိုင်ကွန်များ၊ Image Keyboards တို့ အပါအဝင် Google ရဲ့ နောက်ဆုံးထုတ် စွမ်းဆောင်ချက်များကို အသုံးပြုနိုင်တော့မှာပါ။ Sony ရဲ့ Skin ကလည်း အလွန် ပေါ့ပါး လျှင်မြန်ပါတယ်။

၇။ 960fps ဖြင့် အနှေးဗီဒီယိုများကို ရိုက်ကူးနိုင်ခြင်း

720p အရည်အသွေးသာ ရရှိမှာဖြစ်ပေမယ့် သာမာန် 30fps ထက် 960fps က အများကြီး ချောမွတ်ပြေပြစ်မှာ ဖြစ်ပါတယ်။ 960fps က ပိုမိုကြည်လင်ပြတ်သားတဲ့ အနှေးဗီဒီယိုများကို ရိုက်ကူးပေးနိုင်ပါတယ်။ XZ Premium လို အရွယ်ကြီးပြီး အရည်အသွေးမြင့်မားတဲ့ မျက်နှာပြင်မှာ ဒီလို အရည်အသွေးမြင့် အနှေးဗီဒီယိုများကို ကြည့်ရတာ အလွန်ကောင်းမှာပါ။

ref : android central

%d bloggers like this: