Sony က စွမ်းဆောင်ရည်မြင့် ကမ္ဘာ့ပထမဦးဆုံး 4K HDR စမတ်ဖုန်းကို မိတ်ဆက်

Nokia , LG နဲ့ Huawei တို့လိုပါပဲ၊ Sony ကလည်း ၎င်းရဲ့ နောက်ဆုံးထွက် Xperia flagship စမတ်ဖုန်းကို MWC 2017 မှာ ပွဲထုတ်မိတ်ဆက်လိုက်ပြီး ဒီစမတ်ဖုန်းရဲ့ နာမည်ကတော့ Xperia XZ Premium ဖြစ်တယ် လို့သိရပါတယ်။

ဒီ စမတ်ဖုန်းဟာ Sony အတွက်တော့ အခုနှစ်အတွင်း စိတ်လှုပ်ရှားစရာ အကောင်းဆုံး စမတ်ဖုန်း တစ်ခုဖြစ်ပြီး အကောင်းဆုံး feature တွေထည့်သွင်းထားသလို 4K HDR display ပါဝင်တဲ့ ကမ္ဘာ့ပထမဦးဆုံး စမတ်ဖုန်း လည်းဖြစ်ပါတယ်။

LG G6 က Qualcomm ရဲ့ နောက်ဆုံးထွက် chipset ကိုမသုံးပဲ Snapdragon 821 ကိုသုံးထားပေမယ့် Sony XZ Premium မှာတော့ နောက်ဆုံးထွက် Snapdragon 835 ကိုအသုံးပြုထားတဲ့အတွက် စွမ်းဆောင်ရည် အမြင့်ဆုံး Android စမတ်ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။

Image result for sony xperia xz premium

Sony က ထုတ်လုပ်တဲ့ ကင်မရာ Sensor တွေဟာ ကမ္ဘာမှာ နာမည်အကြီးဆုံးဖြစ်တာနဲ့ အညီ ဒီ စမတ်ဖုန်းမှာ ကင်မရာ feature အသစ်တွေအဖြစ် Motion Eye လို့ခေါ်တဲ့ ကင်မရာ sensor အသစ်ကိုထည့်သွင်းထားပြီး 720 resolution ရုပ်ထွက် video တွေကို 960s fps ရှိတဲ့ super-slow motion နဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါဟာ လက်ရှိ ထွက်ရှိထား သမျှစမတ်ဖုန်းတွေထက် (၄)ဆ ပိုမိုနှေးကွေးပြီး ဒီ sensor ကလည်း ကမ္ဘာ့ပထမဦးဆုံး memory stacked sensor ဖြစ်တယ်လို့သိရပါတယ်။

ဒါအပြင့် သာမန်လူတစ်ယောက်ရဲ့ မြင်နိုင်စွမ်းထက် ပိုမြင်နိုင်တဲ့ ကမ္ဘာ့အမြန်ဆုံး image capture technology ကို အသုံးပြုထားတယ်လို့လည်း Sony က ကြေညာထားပါသေးတယ်။

အရင်နှစ်က ထုတ်လုပ်ခဲ့တဲ့ Xperia XZ မှာတော့ 23MP ကင်မရာကို အသုံးပြုခဲ့ပေမယ့် အခု အသစ် ထုတ်လုပ် လိုက်တဲ့ Xperia Z5 Premium မှာတော့ 19MP ကင်မရာကိုသာအသုံးပြုထားပါတယ်။ Selfie ကင်မရာ ကိုတော့ Xperia XZ အတိုင်း 13MP ကို အသုံးပြုထားတာတွေ့ရပါတယ်။

5.5-inch 4K HDR display ကို အကြမ်းခံနိုင်စေဖို့အတွက် Corning Gorilla Glass 5 နဲ့ Triluminos display တို့ကို အသုံးပြုကာ ကာကွယ်ထားပြီး ရေစိုခံ နည်းပညာ IP68 ကိုအသုံးပြုထားပါတယ်။

အခြား specs တွေ အနေနဲ့ကတော့ RAM 4GB ၊ Internal storage 64GB  ၊ QuickChange 3.0 နည်းပညာနဲ့ 3230mAh battery နဲ့ USB-C port တို့ ပါဝင်ပြီး ပါဝါခလုတ်က fingerprint sensor အဖြစ်လည်း အလုပ်လုပ်မှာဖြစ်တယ်လို့သိရပါတယ်။

theVerge

%d bloggers like this: