Samsung အနေနဲ့ MWC မှာ စမတ်ဖုန်းတစ်ခုမှ မဖော်ထုတ်ခဲ့ပေမယ့် အားလုံးစောင့်မျှော်နေကြတဲ့ flagship ဖုန်းအသစ် Galaxy S8 နဲ့ပတ်သတ်လို့ နမူနာ video နှစ်ခုကို မိတ်ဆက်ခဲ့ပြီး S8 ကို Launching ပြုလုပ်မယ့် ရက်စွဲကို တရားဝင်ထုတ်ဖော်လိုက်ပါတယ်။
မိတ်ဆက်ပြသလိုက်နဲ့ ဗီဒီယို (၂) ခုစလုံးမှာ S8 ရဲ့ ပုံရိပ်နဲ့ ပါဝင်လာမယ့် specs တစ်ခုကိုမှ ထုတ်ဖော်ပြသခဲ့ခြင်းမရှိဘဲ (၃၀) စက္ကန့်သာကြာတဲ့ ပထမဗီဒီယိုမှာ အရင် မိုဘိုင်းဖုန်း ဒီဇိုင်းတွေနဲ့ S8 ကို တရားဝင် မိတ်ဆက်မယ့် 29.3.2017 ဆိုတဲ့ တိကျတဲ့ ရက်စွဲကိုသာ ဖော်ပြထားပါတယ်။
(၁၂) စက္ကန့်စာ ဒုတိယ ဗီဒီယိုကိုတော့ Samsung ရဲ့ တရားဝင်သတင်းတွေကိုဖော်ပြနေကျ SAM mobile က မိတ်ဆက်ပြသလိုက်တာဖြစ်ပြီး ခေတ်အဆက်ဆက် မိုဘိုင်းဖုန်း ဒီဇိုင်းတွေပြောင်းလဲလာပုံကို ဖော်ပြထားတာဖြစ်ပါတယ်။