Huawei က Leica Selfie Camera တပ်ဆင်ထားတဲ့ P10 Plus ကို မိတ်ဆက်

Huawei က MWC ပွဲမှာ နာမည်ကြီး Leica Camera များ တပ်ဆင်ထားတဲ့ P10 Plus ကို မိတ်ဆက်လိုက်ပါတယ်။ P10 Plus မှာ ၅.၅ လက်မ IPS Quad HD Display တပ်ဆင်ထားပြီး ဒီဇိုင်းမှာ P10 နဲ့ တူညီပါတယ်။ P10 Plus မှာ စွမ်းဆောင်ရည်မြင့် Huawei Kirin 960 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 4GB RAM/64GB Storage Model နဲ့ 6GB RAM/128GB Storage Model ၂ မျိုး ထုတ်လုပ်ပေးထားပါတယ်။

P10 Plus ရဲ့ ကင်မရာများဟာ P10 နဲ့ တူညီပေမယ့် အနောက်ကင်မရာများရဲ့ အလင်းဝင်ပေါက်ဟာ ပိုမိုကျယ်တဲ့အတွက် P10 Plus ရဲ့ အနောက်ဘက်ကင်မရာများဟာ 12MP RGB နဲ့ 20MP Monochrome တို့ ဖြစ်ပါတယ်။ ကင်မရာများမှာ Laser Autofocus နည်းပညာပါပါတယ်။ ကင်မရာများနဲ့ အတူ Two-Tone LED Flash တပ်ဆင်ထားပါတယ်။ ကင်မရာများက 4K Video များကို ရိုက်ကူးနိုင်ပါတယ်။ အရှေ့ဘက်မှာ 8MP Camera တပ်ဆင်ထားပါတယ်။ အရှေ့နဲ့အနောက် ကင်မရာ အားလုံးကို Leica က ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာက Bokeh Effects များကို ဖန်တီးပေးနိုင်ပါတယ်။


P10 Plus ဟာ P10 ထက် မျက်နှာပြင်အရည်အသွေးနဲ့ ကင်မရာ အလင်းဝင်ပေါက် အပိုင်းများမှာ ပိုမို ကောင်းမွန်တဲ့အပြင် နောက်ထပ် အားသာချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ 4.5G with 4 LTE Antennas တပ်ဆင်ထားတာ ဖြစ်ပြီး တစ်စက္ကန့်လျှင် 600Mb နှုန်းဖြင့် ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ P10 Plus မှာ ပိုမိုကြီးမားတဲ့ 3750mAh Battery တပ်ဆင်ထားပြီး လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာ ပါပါတယ်။

P10 Plus ရဲ့ အခြား Specifications များမှာ P10 နဲ့ တူညီပါတယ်။ အရှေ့ မျက်နှာပြင်ကို Gorilla Glass 3 နဲ့ အနောက်ဘက်ကို Gorilla Glass 5 ဖြင့် ဖုံးအုပ်ထားပါတယ်။ ထိတွေ့အာရုံခံ စွမ်းရည်ပါလာတဲ့ Home Button အသစ်ပါလာပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို Home Button အောက်မှာ မြှပ်နှံထားပါတယ်။ Home Button ကို တစ်ချက်နှိပ်ရင် Back , ဖိထားရင် Home နဲ့ ပွတ်ဆွဲရင် Task Switcher တို့ကို သုံးနိုင်ပါတယ်။ အဲဒီအတွက် Back , Task Switcher Button များ မပါတော့ပါဘူး။

P10 Plus မှာ Android Nougat ကို EMUI 5.1 နဲ့ ပေါင်းစပ်ထားပါတယ်။ အဖြူ၊ အပြာ၊ ရွှေ၊ အနက်၊ ငွေ၊ နှင်းဆီရွှေ၊ အစိမ်းရောင်များ ထုတ်လုပ်ပေးထားပါတယ်။ မတ်လမှာ ရောင်းချပေးမှာပါ။ 64GB Model ကို ယူရို ၆၉၉ နဲ့ 128GB Model ကို ယူရို ၇၉၉ သတ်မှတ်ထားပါတယ်။

ref : gsm arena

%d bloggers like this: