အကောင်းဆုံး Android ဖုန်းများ

Android ဖုန်းတွေဟာ ယခုအခါမှာဆိုရင်တဖြည်းဖြည်းချင်း မိုဘိုင်းလ်လောကကို လွှမ်းမိုးလာနေပါတယ်။ အဲ့ဒီလိုဖုန်းတွေထဲက မှ အကောင်းဆုံးဖုန်းတွေကို ရွေးပါဆိုရင်တော့ အတော်ခက်ခဲမှာပါ။ Android ဖုန်းတွေမှာ အထူးကောင်းမွန်တဲ့ဒီဇိုင်း၊ လုပ်ဆောင်နိုင်စွမ်း၊ သုံးစွဲရာမှာ အဆင်ပြေမှုတွေကို မူတည်ပြီးတော့ ရွေးချယ်ခဲ့ပါတယ်။

Nexus 6P

nexus 6p1

မနှစ်က Nexus 6 ကို Motorola နဲ့ ထုတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ Google ဟာ Nexus 6P ကို တရုတ်ကုမ္ပဏီ Huawei နဲ့ ပူးပေါင်းထုတ်လုပ်ပြီးအောင်ပွဲ ခံခဲ့ပါတယ်။ ဒီပစ္စည်းဟာ Google ထုတ်လုပ်ခဲ့ဖူးတဲ့ Nexus ဖုန်းတွေထဲမှာ စွမ်းဆောင်ရည်ပိုင်းအကောင်းမွန်ဆုံးဖြစ်ပါတယ်။ ဒီဖုန်းဟာ မျက်နှာပြင်အကျယ် ၅.၇လက်မရှိပြီးတော့ Quad HD AMOLED မျက်နှာပြင်ကိုတပ်ဆင်ထားပါတယ်။ အထူးမြန်ဆန်တဲ့ Snapdragon 810 Processor ကိုအသုံးပြုထားပြီး ဘက်ထရီပိုင်းမှာလည်း ဘီလူးတစ်ကောင်လို့ဆိုရအောင် 3450mAh ဘက်ထရီကို အသုံးပြုထားတာပါ။ ကျောဘက်ကင်မရာ 12MP ရှိမှာဖြစ်ပါတယ်။ ဈေးနှုန်းပိုင်းသင့်တင့်တဲ့ဖုန်းလို့လည်းဆိုရမှာဖြစ်ပြီး သူ့ရဲ့လုပ်ဆောင်ချက်တွေနဲ့တွက်ကြည့်လို့ရှိရင် အရည်အသွေးပိုင်းနဲ့သင့်တင့်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၄၉၉ ဒေါ်လာ (ကျပ် – ခန့်) ရှိပါတယ်။

nexus-6p-review-2-aa-25-of-30-792x446

Samsung Galaxy Note 5

samsung-galaxy-note-5-review-aa-32-of-32-792x446

 

မျက်နှာပြင်ကြီး စမတ်ဖုန်းတွေရဲ့ဘုရင် Samsung ကိုတော့ ဒီစာရင်းထဲမှာ ချန်လှပ်ထားလို့ဘူးဆိုတာ တကယ်လည်း အခုထိမှန်နေဆဲပါ။ ကြည်လင်တောက်ပတဲ့ ၅.၇လက်မမျက်နှာပြင်၊ စွမ်းအင်ပြည့် 7420 CPU နဲ့ ကင်မရာအရည်အသွေး 16MP ထိရှိတာဖြစ်ပါတယ်။ ဈေးကွက်ထဲမှာတော့ Android ဖုန်းတွေထဲမှာ အကောင်းမွန်ဆုံးစာရင်းဝင်ဖြစ်ပါတယ်။ ဖုန်းတစ်ခုလုံးသိပ်သည်းကျစ်လစ်ပြီး Galaxy S6 နဲ့ အတော်ဆင်တူပါတယ်။ S Pen တစ်ချောင်းပါဝင်မှာဖြစ်ပြီး အလုပ်လုပ်ရင်လည်း အတော့်ကို အဆင်ပြေတာကို တွေ့ရမှာပါ။ အကောင်းဆုံးတွေကို ကြိုက်တတ်တဲ့လူတွေအတွက်ကတော့ Samsung ကထိပ်ဆုံးမှာ နေရာယူနေဆဲပါပဲ။

samsung-galaxy-note-5-review-aa-24-of-32-792x446

Samsung Galaxy S6 / Samsung Galaxy S6 Edge

samsung-galaxy-s6-vs-s6-edge-aa-36-of-39-792x446

Galaxy S3 ကတည်းကနာမည်ကြီးလာတဲ့ Galaxy S မိသားစုတွေထဲက နောက်ထပ် ညီအစ်မဖုန်းနှစ်မျိုးရဲ့ စွမ်းဆောင်ရည်တွေကလည်း အံ့အားသင့်စရာပါ။ Galaxy S4 နဲ့ S5 တို့ဟာ အတော်လေး ကောင်းမွန်တဲ့ ဖုန်းတွေလို့ဆိုရမှာပါ။ သူတို့ရဲ့ထုံးစံအတိုင်း အထက်တန်းကျကျဖွဲ့စည်းတည်ဆောက်ပုံနဲ့ သတ္တု၊ မှန် စတာတွေကတော့ တူညီတဲ့ အရာတွေပါပဲ။ Samsung Galaxy S6 နဲ့ S6 Edge ကို မျက်နှာပြင်အကျယ် ၅.၁လက်မအကျယ်နဲ့ ဖွဲ့စည်းထားပြီး Super AMOLED 2560×1440 Resolution ရှိတဲ့မျက်နှာပြင်နဲ့ တည်ဆောက်ထားလို့ ရုပ်ထွက်ကြည်လင်ပြတ်သားမှုကတော့ ပြိုင်ဘက်ကင်းလို့တောင်ဆိုလို့ရပါတယ်။ Exynos 7420 ပရိုဆက်ဆာကိုပဲ အသုံးပြုထားတာဖြစ်ပြီး RAM အနေနဲ့ 3GB ရှိမှာဖြစ်ပါတယ်။ Internal Storage ကို 32/64/128 ဆိုပြီးရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး microSD ကတ်ထပ်စိုက်နိုင်မှာပါ။ ကင်မရာပိုင်းကလည်း Galaxy Note 5 လိုမျိုး 16MP အထိရှိတာဖြစ်ပါတယ်။ ဖြုတ်လို့မရတဲ့ 2550 mAh(S6) နဲ့ 2600mAh(S6 Edge) ကိုတပ်ဆင်ထားပါတယ်။ Lollipop 5.1.1 နဲ့အလုပ်လုပ်မှာဖြစ်ပြီးဈေးကတော့ ဒေါ်လာ ၄၉၉ ဖြစ်ပါတယ်။

samsung-galaxy-s6-vs-s6-edge-aa-28-of-39-792x446

LG V10

lg g10 2

အကောင်းဆုံး Android ဖုန်းတွေထဲမှာဆိုရင် LG ကိုလည်းမေ့ထားလို့မရတာအမှန်ပါပဲ။ သင့်အနေနဲ့ LG G4 ကိုသဘောမကျဘူဆိုရင်တောင် LG V10 ကတော့ သင့်ကိုစိတ်ကျေနပ်မှု အပြည့်အဝ ပေးစွမ်းနိုင်မှာပါ။ Snapdragon 808 Processor ကိုအသုံးပြုထားပြီး ကင်မရာပိုင်းမှာလည်း 16MP ထိရှိတာကြောင့် G4 နဲ့ အတူတူပဲဖြစ်ပါတယ်။ ဒါပေမယ့် အပိုလုပ်ဆောင်ချက်လေးတွေ ထပ်မံပါဝင်ပါတယ်။ V10 မှာ ဒုတိယမျက်နှာပြင်လို့နာမည်ပေးထားတဲ့ “Ticker” ဆိုတဲ့လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ ဒီအပိုမျက်နှာပြင်အနေနဲ့ Main Screen ကိုကြည့်စရာမလိုပဲ သတင်းအချက်အလက်တွေကို သိရှိနိုင်အောင်ရည်ရွယ်ထားပုံရပါတယ်။ အဲ့ဒီမှာ App Shortcut လေးတွေ၊ Notification တွေနဲ့ ရာသီဥတုအခြေအနေ ဘက်ထရီရာခိုင်နှုန်းတွေကိုပါ ပြသပေးမှာဖြစ်ပါတယ်။ LG V10 မှာ ထောင့်ကျယ် ဆယ်လ်ဖီပုံတွေရိုက်နိုင်မယ့် 5MP ရှေ့မျက်နှာကင်မရာ နှစ်လုံးပါဝင်ပြီး Fingerprint Scanner ကလည်း တကယ့်ကိုယုံကြည်စိတ်ချနိုင်မှာပါ။ Internal RAM က 4GB ထိရှိတာကြောင့် သွက်လက်ဖြတ်လက်မှာကတော့ ပြောစရာကိုမလိုတော့လောက်အောင်ပါပဲ။ Internal Storage အနေနဲ့လည်း 64GB အထိပါဝင်မှာဖြစ်ပြီး MicroSD ကတ်ထပ်စိုက်နိုင်ဦးမှာဖြစ်ပါတယ်။ Android 5.1.1 Lollipop နဲ့အလုပ်လုပ်မှာဖြစ်ပြီး ကင်မရာအရည်အသွေးနဲ့ တခြားအရည်အသွေးတွေအားလုံးချိန်တွက်ကြည့်လိုက်ရင် အပျံစားစမတ်ဖုန်းတစ်မျိုးပါပဲ။

lg g10 3

ဒီဖုန်းတွေထဲမှာ အကောင်းဆုံးကိုရွေးချယ်ပါဆိုရင် ရွေးချယ်ရ ခပ်ခက်ခက်ပါပဲ။ အားလုံးကသူဟာနဲ့သူ အရည်အသွေးတစ်မျိုးစီ ရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ အကောင်းစား Android စမတ်ဖုန်းကိုလိုချင်နေသူတွေအတွက်ကတော့ အထောက်အကူပြုမယ်ထင်ပါတယ်။

Ref: Android Authority

%d bloggers like this: