Google က Spaces App ကို ရပ်နားမည်

ဖြန့်ချီပြီး ကိုးလအကြာမှာတော့ Google က သူငယ်ချင်းများ၊ မိသားစုများနဲ့ အဖွဲ့အစည်းများ အကြားမှာ လင့်များ၊ ဓါတ်ပုံများ မျှဝေနိုင်တဲ့ Spaces အမည်ရ Group Messaging App ကို ရပ်နားတော့မှာ ဖြစ်ပါတယ်။ မတ်လ ၃ ရက်နေ့အထိ Spaces App မှ ဒေတာများကို ကြည့်ရှုလို့ရမှာ ဖြစ်ပြီး ဧပြီလ ၁၇ ရက်နေ့မှာတော့ ဝန်ဆောင်မှုကို လုံး၀ အသုံးပြုလို့ ရမှာ မဟုတ်တော့ပါဘူး။

Google က Spaces ကို ယခင်နှစ် မေလမှာ စတင် ဖြန့်ချီခဲ့တာ ဖြစ်ပါတယ်။ Spaces မှာ ကဏ္ဍအလိုက် အဖွဲ့များ Group Chat လုပ်နိုင်ခြင်း၊ Google Chrome , YouTube, Google Search မှ တစ်ဆင့် ဝက်စာမျက်နှာများ၊ ဓါတ်ပုံ၊ ဗီဒီယိုများ မျှဝေနိုင်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ Google က Spaces ကို ယခင်နှစ်မှာ ကျင်းပတဲ့ Google I/O ပွဲမှာလည်း ပွဲထုတ်ခဲ့ပါသေးတယ်။ အဲဒီပွဲမှာပဲ Allo Messenger ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

Google က “ အဖွဲ့ငယ်များ အကြားမှာ မျှဝေနိုင်တဲ့ Spaces ကို စမ်းသပ်တဲ့ အနေနဲ့ ဖြန့်ချီပေးခဲ့ပါတယ်။ Spaces ကနေ လူတွေ ဘာတွေ မျှဝေကြသလဲဆိုတာကိုလည်း သိရှိခဲ့ပါတယ်။ အဲဒီကနေ သိခဲ့တာတွေကို အခြား ထုတ်ကုန်များမှာ ထည့်သွင်း အသုံးချမှာ ဖြစ်ပါတယ်။ “ လို့ ဘလော့ဆောင်းပါးတစ်ခုမှာ ရေးသားထားပါတယ်။

ref : android police , gsm arena

%d bloggers like this: