Kickstarter ကနေ အောင်မြင်စွာရန်ပုံငွေရှာခဲ့နိုင်တဲ့ ပရောဂျက်ပေါင်း တစ်သိန်း ပြည့်မြောက်

Feb 10, 2016
0 2

Kickstarter ကနေ အောင်မြင်စွာရန်ပုံငွေရှာခဲ့နိုင်တဲ့ အစီအစဉ်ပေါင်း တစ်သိန်း ပြည့်မြောက်

ရန်ပုံငွေရှာဖွေရေးဝက်ဘ်ဆိုဒ် Kickstarter ဟာ မနေ့ညမှာ အခုတစ်သိန်းမြောက်ရန်ပုံငွေရှာဖွေရေးအစီအစဉ် ကို အောင်မြင်စွာ ရန်ပုံငွေရှာဖွေပေးနိုင်ခဲ့ပြီး သမိုင်းမှတ်တိုင်သစ်တစ်ရပ် စိုက်ထူနိုင်ခဲ့ပါတယ်။

ရန်ပုံငွေပြည့်မြောက်ခဲ့တဲ့ပရောဂျက်ပေါင်း တစ်သိန်းရောက်ရှိဖို့အတွက်၊ အချိန် (၇) နှစ်လောက်ကြာမြင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်မှာ Kickstarter ကို စတင်တည်ထောင်ချိန်တုန်းက ပရောဂျက် ၁၀၀ ကို ရန်ပုံငွေအပြည့်ရဖို့ အျိန် ၁၂၁ ရက်လောက် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ သုံးရက်အတွင်း ပရောဂျက် ၁၀၀ ကို ရန်ပုံငွေအပြည့်ရှာပေးနေနိုင်ပြီဖြစ်ပြီး၊ ကမ္ဘာ့အကြီးမားဆုံးရန်ပုံငွေရှာဖွေရေးဝက်ဘ်ဆိုဒ်လည်း ဖြစ်လာပါတယ်။

Kickstarter အနေနဲ့ ပရောဂျက်ပေါင်း တစ်သိန်းအတွက် ရန်ပုံငွေ ဒေါ်လာ ၁.၉ ဘီလီယံလောက် ရှာဖွေပေးနိုင်ခဲ့ပြီး၊ Kickstarter မှာတင်တဲ့ ပရောဂျက်သုံးခုမှာတစ်ခုက တကယ်ဖြစ်မြောက်လာနိုင်ခဲ့ပါတယ်။

ယခုလို သမိုင်းမှတ်တိုင်သစ်စိုက်ထူနိုင်ခဲ့ခြင်းကို Kickstarter ရဲ့ တရားဝင်ဘလော့ဂ်စာမျက်နှာမှာ ဖော်ပြခဲ့ပြီး၊ ရန်ပုံငွေအောင်မြင်စွာရှာနိုင်ခဲ့တဲ့ ပရောဂျက်တွေရဲ့ မှတ်သားစရာအချက်အလက်တွေကိုလည်း ပရိတ်သတ်တွေကို ပြန်လည်ဝေမျှပေးခဲ့ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်ကတော့ ယခုပရောဂျက်ပေါင်း တစ်သိန်းကျော်ကို တီထွင်သူ ၈၆၁၀၁ ဦးတည်းက အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ၊ ပရောဂျက် ၁၄၀၀၀ နီးပါးလောက်ကို အနည်းဆုံးပရောဂျက်တစ်ခုအောင်မြင်ပြီးသား လူတွေက ထပ်မံအကောင်အထည်ဖော်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နောက်အချက်တစ်ချက်တော့ Kickstarter အစီအစဉ်ကနေတဆင့် ရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကား (၁၁) ကားဟာ အော်စကာဆုမှာ ဆန်ကာတင်စာရင်း ၀င်ခဲ့ပြီး၊ ရိုက်ကူးသူလေးယောက်ဟာ ဂရမ်မီဆုရရှိခဲ့တယ်လို့ ဆိုပါတယ်။

Ref: The Verge

 

 

 

 

You may be interested

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ
FEATURES, Softwares & Application
222 shares68 views

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ

Ko Thuya - Jun 20, 2018

Google ရဲ့ Gmail, Maps စတဲ့ Apps များကိုတော့ စာဖတ်သူများ သိရှိကြပါတယ်။ ဒါပေမယ့် Google ဟာ Android Apps များစွာကို ဖန်တီးပေးထားပါတယ်။ အဲဒီအထဲကမှ သင် မသိတဲ့ Google ရဲ့ အကောင်းစား Android…

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ
Mobiles & Tablets, NEWS
260 shares55 views

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ

Ko Thuya - Jun 20, 2018

Xiaomi က Mi 8 နဲ့ Mi 8 SE တို့ရဲ့ China Stable Version များအတွက် MIUI 9.5 ROM ကို ဖြန့်ချီပေးလိုက်ပါတယ်။ သူတို့ရဲ့ ဗားရှင်းအမည်များကတော့ V9.5.6.0 (OEACNFA) နဲ့…

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds
Uncategorized
118 shares48 views

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds

Nwe Oo - Jun 20, 2018

[Zawgyi] PUBG Corp. ကတော့ စထွက်ကတည်းက ခုချိန်ထိ PlayerUnknown’s Battleground ဂိမ်းကိုဆော့နေတဲ့သူပေါင်း သန်း ၄၀၀ ရှိနေပြီလို့ ဖော်ပြလိုက်ပါပြီ။ တစ်လတစ်လကို Log in ဝင်ဆော့တဲ့သူပေါင်း ၂၂၇သန်းလောက်တောင်ရှိနေပြီး ဒီထက်ပိုများလာဖို့အတွက် အခုဆို Steam မှာ $29.99…

Leave a Comment

Most from this category