0 Shares 95 Views

COC ဂိမ်းထုတ်လုပ်တဲ့ Supercell မှ ထပ်မံထုတ်လုပ်မယ့် မိုဘိုင်းလ်ဂိမ်း – Clash Royale

 

Clash of Clans ဂိမ်းကို တီထွင်တဲ့ကုမ္ပဏီဖြစ်တဲ့ Supercell က COC ရဲ့နောက်မှာ Clash Royale ဆိုတဲ့ဂိမ်းသစ်တစ်မျိုးကို ထပ်မံထုတ်လုပ်မှာ ဖြစ်တယ်လို့ဆိုပါတယ်။  ဒီဂိမ်းဟာ Clash Universe ဂိမ်းတွေထဲမှာ အသစ် ထပ်တိုးလာမယ့် ဂိမ်းသစ်တစ်မျိုးဖြစ်လာမှာပါ။ ဒီဂိမ်းထဲမှာ အရင် Clash of Clans ထဲက လူသိများတဲ့ Troops တွေကို ပြန်လည်ခေါ်ဆောင် လာမယ်လို့သိရပါတယ်။

“Clash Royale ဟာ Head to Head တိုက်ရတဲ့ Battle ဂိမ်းတစ်မျိုးပဲဖြစ်ပါတယ်၊ Supercell ဟာ မိုဘိုင်းလ်ဂိမ်းတွေမှာ ပရိတ်သတ်တွေအတွက် နီးစပ်အောင်လုပ်ပေးသွားဦးမယ့် နည်းလမ်းကိုရှာဖွေတွေ့ရှိခဲ့တာပါ” လို့ သူတို့ ၀က်ဘ်ဆိုက်ထဲမှာပြောခဲ့ပါတယ်။

အခုတော့ ဒီ Clash Royale ဂိမ်းကို ကနေဒါ၊ ဟောင်ကောင်၊ သြစတြေးလျ၊ ဆွီဒင်၊ နော်ဝေ၊ ဒိန်းမတ်၊ အိုက်စ်လန်း၊ ဖင်လန် နဲ့ နယူးဇီလန် နိုင်ငံတွေက iOS စနစ်သုံး ဖုန်းတွေမှာပဲ ဆော့လို့ရသေးတာဖြစ်ပါတယ်၊ ကုမ္ပဏီက ဒီဂိမ်းဟာနောက်ထပ် COC ဂိမ်းတစ်ခုတော့ မဟုတ်ပဲ ပုံစံတစ်မျိုး ကွဲထွက်နေမှာပါ လို့ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သင့်အနေနဲ့ Clash Royale ရဲ့ Characters တွေဟာ COC နဲ့တော့ အပြန်အလှန်အကျိုးသက်ရောက်မှုရှိတာကိုတွေ့ရမှာပါ။ Supercell Studio ကတော့ Clash Royale ကို နောက်ထပ် အခြားနိုင်ငံတွေမှာလည်း ရရှိနိုင်ဖို့ မျှော်လင့်ထားတယ်လို့ဆိုပါတယ်။

Ref: Gadgets360

You may be interested

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း
ASUS, FEATURES, HUBS
0 shares0 views

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - Feb 21, 2018

Asus ZenBook 3 ဟာ ZenBook များရဲ့ မျိုးဆက်သစ်ဖြစ်ပြီး Mobile Computing နယ်ပယ်ရဲ့ ရှေ့ခြေတစ်လှမ်းတိုးလာနိုင်တဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ ဒီဇိုင်းအပိုင်းကို ပြင်ဆင်ဆန်းသစ်ထားပြီး အကောင်းဆုံး ZenBook ဖြစ်ပါတယ်။ ယခင်မျိုးဆက်များထက် ပိုမိုပေါ့ပါးပြီး ပါးလွှာလာပါတယ်။ ပိုမိုမာကျောပြီး စွမ်းရည်မြင့်လာပါတယ်။…

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ
Mobiles & Tablets, NEWS, Sony
144 shares41 views

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ

Ko Thuya - Feb 21, 2018

[Unicode] အခုဆို Sony Xperia XZ2 နဲ့ XZ2 Compact တို့ရဲ့ specification လေးတွေ သတင်းထွက်လာပါပြီး ဆွီဒင်နိုင်ငံက Android ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Swedroid ကနေထွက်လာခဲ့တာဖြစ်ပြီး ဒီဖုန်းတွေထွက်ဖို့လည်း ရက်ပိုင်းလောက်ပဲလိုတော့တာပါ။ ဟန်းဆက် ၂မျိုးလုံးမှာ Snapdragon 845…

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း
Camera, Local News
67 shares11 views

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း

Nwe Oo Thant - Feb 21, 2018

[Zawgyi] ဓာတ်ပုံပိုင်းနဲ့ကင်မရာပိုင်းမှာ ဟိုးအရင်ကတည်းက နာမည်ကြီးခဲ့တဲ့ ဂျပန်ကုမ္ပဏီကတော့ Fujifilm ပါ။ အခုလည်း သူ့ရဲ့ X စီးရီးထုတ်ကုန်သစ် X-A5 နဲ့ X-H1, XP စီးရီးရဲ့ထုတ်ကုန်သစ် XP-130 တွေ မြန်မာနိုင်ငံဈေးကွက်ထဲရောက်လာပါပြီ။ ဒီမော်ဒယ်လ် ၃မျိုးထဲမှာမှ X-series ရဲ့…

Leave a Comment

Most from this category