0 Shares 15 Views

Google Drive မှာ ဒေတာအခမဲ့သိုလှောင်နိုင်မှု 2GB ထပ်မံရရှိ

Feb 10, 2016
0 15

Google ဟာ မနှစ်ကလိုပဲ ဖေဖော်ဝါရီ် ၁၀ ရက်နေ့မှာ ကျရောက်တဲ့ Safer Internet Day ( အင်တာနက်လုံခြုံရေးနေ့) ကို ဂုဏ်ပြုသောအားဖြင့် Google အကောင့်လုံခြုံရေးစစ်ဆေးမှုလုပ်သူတိုင်းကို Google Drive storage 2GB အခမဲ့ ထပ်မံပေးအပ်လျက်ရှိပါတယ်။

Drive မှာ 2GB အခမဲ့ရရှိဖို့အတွက် Security Checkup လုပ်ရတာဟာ အလွန်လွယ်ကူပြီး တစ်မိနစ်၊နှစ်မိနစ် ပဲကြာပါတယ်။ စာဖတ်သူအနေနဲ့လည်း Google Drive 2GB အခမဲ့ ရရှိချင်တယ်ဆိုရင် ဒီနေရာကို နှိပ်ပါ။

ပြီးရင် ဖော်ပြထားတဲ့အတိုင်း ဖုန်းနံပါတ်ဖြည့်၊ recovery emai တစ်ခုပေး၊ လုံခြုံရေးပိုင်းဆိုင်ရာမေးခွန်းတစ်ခု (security question) ပေးပြီး၊ လက်ရှိမှာ မိမိအကောင့်ကို ချိတ်ဆက်အသုံးပြုလျက်ရှိတဲ့ device တွေ၊ Google အကောင့်နဲ့ဝင်ထားတဲ့ app တွေကို စစ်ဆေးပေးလိုက်ဖို့ပဲ လိုပါတယ်။

ဒါတွေအကုန်ပြီးသွားတဲ့အခါ စာဖတ်သူရဲ့အကောင့်ကိုလုံခြုံရေးပိုင်းဆိုင်ရာစစ်ဆေးမြှင့်တင်လိုက်မှုအတွက် Google က အသိအမှတ်ပြုတဲ့အနေနဲ့ Google Drive 2GB storage အခမဲ့ပေးအပ်သွားမှာဖြစ်ပါတယ်။

ဒီ Drive သိုလှောင်မှု 2GB အခမဲ့ပေးအပ်တဲ့အစီအစဉ်ဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ (မနက်ဖြန်) အထိသာ အကျုံးဝင်တာကြောင့် security checkup မြန်မြန်လေးသွားလုပ်ဖို့ တိုက်တွန်းပါရစေ။
Ref: Cnet

You may be interested

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos
NEWS
0 shares0 views

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos

Ko Thuya - Nov 25, 2017

Jeff Bezos ဟာ ဒေါ်လာ ၁၀၀ ဘီလီယမ်ကျော် ပိုင်ဆိုင်တဲ့ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာပါတယ်။ သူဟာ အမေဇုန် အွန်လိုင်းစတိုးဆိုင်ကို တည်ထောင်သူဖြစ်ပြီး စတော့ရှယ်ယာအများဆုံးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူဟာ ၉၃.၆ ဘီလီယမ် တန်ကြေးရှိတဲ့ အမေဇုန်ရဲ့ စတော့ရှယ်ယာပေါင်း…

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်
NEWS, Science, Tech Update
92 shares15 views

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်

Ko Thuya - Nov 24, 2017

Budweiser ဘီယာကို ထုတ်လုပ်တဲ့ Anheuser-Busch Company က ယခုနှစ်အစောပိုင်းမှာ အင်္ဂါဂြိုလ်တွင် ပထမဆုံး ဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ ဒီစကားကို ယုံကြည်သူ နည်းပါးခဲ့ပါတယ်။ အခုတော့ အဲဒီစီမံကိန်းရဲ့ ပထမဆုံး အဆင့်ကို ကြေညာလိုက်ပါတယ်။ Budweiser…

လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ နည်းပညာမှာ ပြိုင်ဖက်များကို နောက်ကောက်ချနိုင်တဲ့ OnePlus 5T
Android, HUBS, Mobiles & Tablets
397 shares65 views

လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ နည်းပညာမှာ ပြိုင်ဖက်များကို နောက်ကောက်ချနိုင်တဲ့ OnePlus 5T

Ko Thuya - Nov 24, 2017

OnePlus 5T ရဲ့ အကောင်းဆုံး စွမ်းရည်တစ်ခုမှာ Dash Charge လို့ခေါ်တဲ့ လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ စွမ်းရည် ဖြစ်ပါတယ်။ သူဟာ ပြိုင်ဖက် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများထက် သာလွန်ကောင်းမွန်နေပါတယ်။ ကုမ္ပဏီက ကြော်ညာ ဗီဒီယိုတစ်ခုဖြင့် 5T ရဲ့ လျှင်မြန်စွာ…

Leave a Comment

Most from this category