Acer က နေအိမ်မှ လေရဲ့ အရည်အသွေးကို တိုင်းတာပေးတဲ့ Air Monitor ကို ရောင်းချ

သင့့်နေအိမ်မှ လေရဲ့ အရည်အသွေးကို တိုင်းတာချင်ရင်တော့ Acer ရဲ့ Air Monitor ကို အသုံးပြုနိုင်ပါတယ်။ နေအိမ်၊ ရုံးခန်းနဲ့ Indoor Area များမှာ အသုံးပြုနိုင်ပါတယ်။ ထိုင်ဝမ် အခြေစိုက် Acer Company က အင်္ဂါနေ့မှာ မိတ်ဆက်လိုက်တာ ဖြစ်ပြီး Air Monitor ဟာ စတိုင်ကျ လှပပါတယ်။ သူ့မှာ လေသန့်စင်စက်များမှာ ပါတဲ့ TVOC (Total Volatile Organic Compounds ) လို့ ခေါ်တဲ့ လေထု အရည်အသွေးကို တိုင်းတာ ပြသတဲ့ Indicators ပါရှိပါတယ်။ သူက ကာဗွန်ဒိုင်အောက်ဆိုက်ဒ်၊ အမှုန်အမွှားများ၊ အပူချိန်နဲ့ လေထု စိုထိုင်းဆများကို တိုင်းတာပေးနိုင်ပါတယ်။

သူနဲ့ တွဲဖက် အသုံးပြုရတဲ့ Smartphone App ကနေ လေထု အရည်အသွေးကို အချိန်နဲ့ တစ်ပြေးညီ ပြသပေးနေပါတယ်။ ဒါ့အပြင် ကိရိယာရဲ့ LED မီးသီးများကနေ လေထု အရည်အသွေးကို အရောင်များဖြင့် ခွဲခြားပြသပေးနိုင်ပါတယ်။

သူ့ကို IFTTT နဲ့ တွဲဖက် အသုံးပြုနိုင်ပြီး စမတ်နေအိမ်ကိရိယာများနဲ့ အလုပ်အတူတကွ ပြုလုပ်အောင်လည်း ခိုင်းစေနိုင်ပါတယ်။ ဥပမာအားဖြင့် လေထု အရည်အသွေး ညံ့ဖျင်းနေရင် လေသန့်စင်စက်ကို အလိုအလျှောက် ဖွင့်ပေးအောင် သတ်မှတ်ထားနိုင်ပါတယ်။ Acer Air Monitor ကို ဧပြီလမှာ နိုင်ငံအချို့မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချပေးမယ့် နိုင်ငံများကိုတော့ မသိရသေးပါဘူး။

ref : digital trends

%d bloggers like this: