0 Shares 287 Views

တွစ်တာပေါ်တင်ခဲ့တဲ့ မှုန်ဝါးဝါးဓာတ်ပုံကြောင့် လှောင်ပြောင်ခံခဲ့ရတဲ့ Apple CEO Tim Cook

Feb 10, 2016
0 287

Apple ဟာ iPhone 6S နဲ့ ရိုက်ကူးထားတဲ့ဓာတ်ပုံတွေထဲက အကောင်းဆုံးဓာတ်ပုံတွေကို ရွေးချယ်ကာ တစ်ကမ္ဘာလုံးက ကြော်ငြာဘီဘုတ်တွေမှာ အထူးတလည်ဖော်ပြမယ့် ‘Shot on iPhone 6S’ ဆိုတဲ့ အစီအစဉ်ကို မကြာသေးခင်က စတင်ခဲ့ပါတယ်။

ဒီပြိုင်ပွဲကို အားကျမခံ ကုမ္ပဏီCEO Tim Cook ကလည်း Super Bowl ပြိုင်ပွဲအပြီးမှာ ဓာတ်ပုံတစ်ပုံရိုက်ပြီး သူ့ရဲ့ twitter အကောင့်မှာ တင်ခဲ့ရာမှာ၊ တွစ်တာသုံးသူတွေအကြား အုတ်အောင်သောင်းနင်းဖြစ်ခဲ့ရပါတယ်။

California ပြည်နယ်၊ Levi’s Stadium မှာ အကြီးအကျယ်ကျင်းပပြုလုပ်ခဲ့တဲ့ Super Bowl အကြိမ် ၅၀ မြောက် ဗိုလ်လုပွဲကို တက်ရောက်ကြည့်ရှုခဲ့တဲ့ Tim Cook ဟာ ပွဲအပြီး Denver Broncos အသင်းအောင်ပွဲခံနေပုံကို ဓာတ်ပုံရိုက်ကူးကာ၊ တွစ်တာစာမျက်နှာပေါ် တင်ခဲ့တာဖြစ်ပါတယ်။

ကံဆိုးစွာပဲ အဆိုပါဓာတ်ပုံဟာ မှုန်ဝါးဝါးဖြစ်နေသလို၊ ပုံအရည်အသွေးကလည်း လုံးဝမကောင်းတာကြောင့် တွစ်တာကနေ မြင်ရသူအပေါင်း အံ့အားသင့်ခဲ့ရပါတယ်။

Tim Cook ဟာ ဒီပုံကို ဘယ်ကင်မရာနဲ့ရိုက်ကူးခဲ့သလဲဆိုတာ သေချာမသိရပေမယ့် လူအများစုကတော့ Apple ရဲ့ နောက်ဆုံးပေါ် iPhone 6S နဲ့ ရိုက်ထားတဲ့ပုံဖြစ်ရမယ်လို့ အသေအချာဆိုနေကြပါတယ်။

Kyle Matteson ဆိုသူ user တစ်ယောက်တော့ အဆိုပါဓာတ်ပုံကို ပြန်လည် tweet လုပ်ကာ ‘Shot on iPhone 7’ လို့ ရေးသားပြီး လှောင်ပြောင်ခဲ့ပါတယ်။

Saffat Bokul ဆိုသူ တွစ်တာသုံးသူတစ်ယောက်ကလည်း “ သူ့ကို Samsung S6 edge plus ဖုန်းလေးဖြစ်ဖြစ်၊ LG G4 ဖုန်းလေးဖြစ်ဖြစ် ၀ယ်ပေးလိုက်ကြပါဗျာ” လို့ ဟာသစွက်ရေးသားခဲ့ပါတယ်။

3101216D00000578-3437687-image-a-14_1454963770469

Tim Cook ဟာ သူအားပေးတဲ့အသင်း အနိုင်ရရှိသွားလို့ စိတ်လှုပ်ရှားပြီး ရိုက်ကူးလိုက်လို့ ပုံက ၀ါးသွားတာဖြစ်နိုင်ပေမယ့်လည်း image stabilization (ခေါ်) လှုပ်ရှားမှုကြောင့်ပုံရိပ်ဝါးမှုကိုလျော့ချပေးတဲ့ နည်းပညာကိုသုံးထားတဲ့ iPhone 6S နဲ့ ရိုက်ထားတဲ့ပုံကတော့ အခုလို ဆိုးဆိုးရွားရွားဖြစ်မနေသင့်ပါဘူး။

CaqlVJNVIAAtPPD.0.0

Ref: Cnet

You may be interested

သိပ္ပံပညာရှင်များက ဂြိုလ်သားများ ရှာဖွေနိုင်တဲ့ မှန်ဘီလူးကို တီထွင်
NEWS, Tech Update
446 shares125 views

သိပ္ပံပညာရှင်များက ဂြိုလ်သားများ ရှာဖွေနိုင်တဲ့ မှန်ဘီလူးကို တီထွင်

Ko Thuya - Jul 23, 2017

ကယ်လီဖိုးနီးယား နည်းပညာ တက္ကသိုလ်မှ သုတေသနပညာရှင်များက အာကာသရှိ ဂြိုလ်များမှ သက်ရှိများကို ရှာဖွေနိုင်တဲ့ မှန်ဘီလူး နည်းပညာကို တီထွင်လိုက်ပါတယ်။ အဲဒီ မှန်ဘီလူးကို Digital Holographic Microscope လို့ အမည်ပေးထားပါတယ်။ နာဆာက ၁၉၇၆ ခုနှစ်မှာ Viking Space…

သိပ္ပံပညာရှင်များက လူရဲ့ စိတ်ကို ဖတ်ဖို့ ၀ိုင်ဖိုင်ကို အသုံးပြု
NEWS, Science, Softwares & Application
123 shares44 views

သိပ္ပံပညာရှင်များက လူရဲ့ စိတ်ကို ဖတ်ဖို့ ၀ိုင်ဖိုင်ကို အသုံးပြု

Ko Thuya - Jul 23, 2017

MIT မှ သိပ္ပံပညာရှင်များက လူရဲ့ စိတ်ခံစားမှုများကို သိဖို့ ၀ိုင်ဖိုင်နဲ့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေပါတယ်။ လူများထံ RF Signals များကို စေလွှတ်ခြင်းဖြင့် ပညာရှင်များက နှလုံးခုန်နှုန်းကို တိုင်းတာတဲ့ Algorithm ကို ဖန်တီးခဲ့ကြပါတယ်။ RF Emitter…

ရွှေ ကော့ပါး အရောင် Nokia 8 ရဲ့ ဓါတ်ပုံထွက်ပေါ်လာ
Mobiles & Tablets, NEWS
360 shares141 views

ရွှေ ကော့ပါး အရောင် Nokia 8 ရဲ့ ဓါတ်ပုံထွက်ပေါ်လာ

Ko Thuya - Jul 23, 2017

စွမ်းဆောင်ရည်မြင့် Nokia 8 ရဲ့ သတင်းအချက်အလက်များဟာ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်နေတာ ကြာပြီ ဖြစ်ပါတယ်။ အခုလည်း ရွှေ ကော့ပါး အရောင် Nokia 8 ရဲ့ ဓါတ်ပုံထွက်ပေါ်လာပါတယ်။ ဓါတ်ပုံမှာ ဖွင့်ထားတဲ့ စကရင်၊ လက်ဗွေရာ အာရုံခံ ကိရိယာနဲ့…

Leave a Comment

Most from this category