0 Shares 114 Views

အရင်ထုတ်နေကျအရောင်တွေနဲ့မတ်လမှာမိတ်ဆက်မယ့် iPhone5se

Feb 10, 2016
0 114

Apple ရဲ့ နောက်ထပ် iPhone ဟာ တူညီတဲ့အရောင်လေးရောင်နဲ့လာမှာဖြစ်တယ်လို့ ကောလာဟလသတင်းတွေအရ သိရပါတယ်။ တချို့သတင်းတွေအရ iPhone 5se ဟာ တောက်ပတဲ့ ပန်းရောင်လည်းရှိတယ်လို့သိရပါတယ်။ ဒါပေမယ့် အရင်ထုတ်ခဲ့တဲ့ iPhone 6s လိုမျိုးပဲ အရောင်လေးမျိုးနဲ့ လာနိုင်ဖို့များတာဖြစ်ပါတယ်။ Apple ဟာပြီးခဲ့တဲ့နှစ်စက်တင်ဘာလက ပွဲထုတ်မိတ်ဆက်ခဲ့တဲ့ နှင်းဆီရွှေရောင်(Rose Gold) လို့ခေါ်တဲ့ အရောင်အပါအဝင် ငွေရောင်(Silver)၊ အာကာသမီးခိုးရောင်(Space Gray)၊ ရွှေရောင်(Gold) တို့ကိုလည်း အခုလာမယ့်ဖုန်းမှာပါ ထည့်သွင်းသွားဖွယ် ရှိနေတာဖြစ်ပါတယ်။

တခြားတစ်ခုအနေနဲ့ iPhone 5 နဲ့ 6 လိုမျိုး သေးငယ်တဲ့ဆိုက်အနေနဲ့ ထုတ်လုပ်ဖို့ရှိပြီး တခြားအတွင်းအစိတ်အပိုင်းတွေနဲ့ အပြင်ဘက်ဒီဇိုင်းထောင့်ချိုးတွေကတော့ 6 နဲ့ 6s ပုံစံကိုယူထားတာဖြစ်တယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ဒီစမတ်ဖုန်းဟန်းဆက်အသစ်ကို လာမယ့်မတ်လ ၁၅ရက်နေ့မှာ ပွဲထုတ်ပြသမယ်လို့ အစီရင်ခံစာတွေအရသိရပါတယ်။ တချို့ကျတော့လည်း iPhoneဟာ Rose Gold နဲ့မဟုတ်ပဲ ပန်းရောင်တောက်တောက်နဲ့ လာမှာဖြစ်တယ်လို့ဆိုကြပြန်ပါတယ်။

iPhone 5se leaks

Apple အနေနဲ့သူတို့ရဲ့ ပစ္စည်းတွေကို အရောင်တွေကိုတစ်ညီတည်းဖြစ်စေချင်ပြီး နောက်လာမယ့် iPad နဲ့ MacBook တွေကိုလည်း Rose Gold နဲ့ထုတ်ဖို့ရှိနေတာဖြစ်ပါတယ်။ နောက်လာမယ့် iPad ဖြစ်တဲ့ iPad Air3 ကို iPhone အသစ်နဲ့အတူပွဲထုတ်ဖို့ ရှိနေတာဖြစ်ပါတယ်။ ဒီပစ္စည်းအနေနဲ့ အရင်ထွက်ခဲ့တဲ့ iPad တွေလိုပဲ တူညီတဲ့အရွယ်အစားဖြစ်ဖို့ များနေပါတယ်။ ဒါပေမယ့် အသစ်ထပ်မံပေါင်းစပ်ထားတဲ့ ဆက်သွယ်ရေးပစ္စည်းတွေပါလာမှာဖြစ်ပါတယ်။ iPhone လိုမျိုးကျောဘက်ကင်မရာမှာ LED flash မီးပါဝင်လာမှာဖြစ်ပါတယ်။

Apple ဟာ Apple Watch အပါအဝင် တခြား Accessories တွေကိုပါ ထပ်မံထုတ်လုပ်ဖို့မျှော်မှန်းထားပြီး ဒီဇိုင်းပြန်ဆွဲနေလို့ သေတော့မသေချာသေးပါဘူး။ ဒါပေမယ့် လာမယ့် စက်တင်ဘာလ iPhone 7 မိတ်ဆက်တဲ့အချိန်ကျရင် Apple Watch ကိုပါတစ်ပါတည်း မြင်တွေ့ရနိုင်မှာဖြစ်ပါတယ်။

Ref: Independent

You may be interested

Virtual Phone Number များဖန်တီးပေးမယ့် Apps များ
FEATURES, Softwares & Application
0 shares0 views

Virtual Phone Number များဖန်တီးပေးမယ့် Apps များ

Ko Thuya - Jul 27, 2017

အင်တာနက်မှ အချို့ ၀န်ဆောင်မှု၊ ၀က်ဆိုက်များဟာ နိုင်ငံ ကန့်သတ်ချက်ရှိပါတယ်။ အဲဒီ ၀က်ဆိုက်များမှာ အကောင့် ပြုလုပ်ချင်ရင် ဥပမာအားဖြင့် အမေရိကန်လို နိုင်ငံမှ ဖုန်းနံပါတ် တစ်ခု လိုအပ်ပါတယ်။ အဲဒီ ဖုန်းနံပါတ်ကို Verify လုပ်နိုင်မှသာ အကောင့် ပြုလုပ်နိုင်မှာပါ။ ဥပမာအားဖြင့်…

Jovago မှ လျော့ဈေးနှစ်ထပ်ကွမ်းရမည့် အစီအစဉ်သစ် Jovago Travel Smart ကို မိတ်ဆက်
Knowledge, Local, Local Market Review
33 shares5 views

Jovago မှ လျော့ဈေးနှစ်ထပ်ကွမ်းရမည့် အစီအစဉ်သစ် Jovago Travel Smart ကို မိတ်ဆက်

zayarsan - Jul 27, 2017

ပြင်သစ်အခြေစိုက် အွန်လိုင်းဟိုတယ်ဘွတ်ကင်ဝန်ဆောင်မှု ဝက်ဆိုက်ဒ် Jovago မှ ဝက်ဆိုက်ဒ်အသုံးပြုသူများအတွက် Jovago Travel Smart အမည်ရ လျော့ဈေးနှစ်ထပ်ကွမ်းရရှိမည့် ပရိုမိုးရှင်းအစီအစဉ်သစ်ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာသည်။ အဆိုပါအစီအစဉ်သစ်အရ Jovago င့် Jovago Mobile App တို့ကို ရှိနှင့်ပြီး…

ုခြင်အန္တရာယ်ကင်းဝေးစေရန် ရန်ကုန်၊ မန္တလေး ရှိ ဆေးရုံတွေမှာ LG က နည်းပညာများ ပံ့ပိုးကူညီ
HUBS, LG, Local
129 shares52 views

ုခြင်အန္တရာယ်ကင်းဝေးစေရန် ရန်ကုန်၊ မန္တလေး ရှိ ဆေးရုံတွေမှာ LG က နည်းပညာများ ပံ့ပိုးကူညီ

zayarsan - Jul 27, 2017

ကမ္ဘာ့ထိပ်တန်း အီလက်ထရောနစ်ကုမ္ပဏီ LG Electronics သည် နောက်ဆုံးပေါ် ခြင်ပြေးနည်းပညာဖြင့် ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ပြည်သူ့ကျန်းမာရေးဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံ (၁၀) ခုကို ပံ့ပိုးကူညီ ပေးခဲ့တယ် လို့ သိရပါတယ်။ ယခုနှစ်အစောပိုင်းကကျင်းပခဲ့တဲ့ LG ရဲ့ Valuable Night ပွဲကြီးတွင်…

Leave a Comment

Most from this category