RAM 4GB နှင့် ROM 64GB ပါဝင်သော OPPO F1s 2017 version ဖုန်းကို ဈေးကွက်တွင်စတင် ဝယ်ယူနိုင်ပြီ

ကမ္ဘာ့စမတ်ဖုန်းအမှတ်တံဆိပ် ဖြစ်သည့် OPPO အနေဖြင့်အဆင့်မြှင့်တင်ပေးထားသော Selfie ဘုရင် F1s 2017 version ဖုန်းကိုယခုအခါတွင် မိတ်ဆက်ပေးလိုက်ပြီဖြစ်ပြီး အဆိုပါဖုန်းသစ်တွင် RAM 4GB နှင့် ROM 64GB အထိ တိုးမြှင့်ပေးထားသည်။

OPPO F1s 2017 version ဖုန်းသစ်တွင် ယခုကဲ့သို့ RAM 4GB ပါဝင်လာ သည့်အချက်ကြောင့် ယခင် F1s ထက် ပိုမိုမြန်ဆန်ကောင်းမွန်သည့်ထိတွေ့ သုံးစွဲမှုမျိုးကို ရရှိစေမည်ဖြစ်သည်။ 1.5GHz Octa-core processor မှာ RAM 4GB ၏တွဲဖက်ထောက်ကူလုပ်ဆောင်ပေးမှုကြောင့် ဂိမ်းအကြီးများ ကိုလည်း ပိုမိုညက်ညောပြေပြစ်စွာ လုပ်ဆောင်ပေးနိုင်စေမည်ဖြစ်ပြီး internal storage မှာ 64GB တစ်ပါတည်းပါဝင်လာသည့်အတွက် Selfie ဓာတ်ပုံများကို နောက် ထပ်ပုံ ၁၀,၀၀၀ ကျော်အ ထိရိုက်ယူသိမ်းဆည်းထားနိုင်ဦးမည်ဖြစ်သည်။ ထို့အပြင် သုံးကတ်တစ်ပြိုင်တည်းစိုက်နိုင်သည့် triple-slot tray စနစ်ကြောင့် 4G ကွန်ရက်သုံး Nano SIM ကတ်၂ကတ်ကို တစ်ပြိုင်တည်းထည့်သွင်းအသုံး ပြုနိုင်စေသလို သီးသန့် SD ကတ်ကိုလည်း 128GB အထိထပ်စိုက်အသုံးပြု နိုင်စေမည်ဖြစ်သည်။

အဆင့်မြှင့်တင်ပေးထားသော F1s 2017 version မှ ယခင် F1s ၏ အဆင့်မြင့်ရှေ့ကင်မရာဖြစ်သော 16MP အမျိုးအစားကို ပြန်လည် အသုံးပြု ပေးထားသည့် အတွက် အနုစိပ်အသေးစိတ်ပုံရိပ်များကို ရရှိစေနိုင်မည်ဖြစ်သည့်အပြင် ကြည်လင်ပြတ်သားပြီး အရောင် ရုပ်ထွက်အရည်အသွေးမှာလည်း အထူး ကောင်းမွန်စေမည်ဖြစ်သည်။

16MP အရည်အသွေးနှင့် လှပမှုဆိုင်ရာတို့ကိုပြုပြင်ပေးမည့် feature တို့ပေါင်းစပ်ပါဝင်ထား သည့်အချက်က ပြီးပြည့်စုံသော selfie ပုံများကို အလွယ်တကူရရှိစေဦးမည်ဖြစ်သည်။ လက်ရှိတွင်အသုံးပြုပေးထားသော Beautify 4.0 စနစ်ကို ရာနှင့်ချီသော သုံးစွဲသူများ၏ အချက်အလက်များအပေါ် လေ့လာဆန်းစစ်မှုပြုလုပ်ပြီး အဆင့်မြှင့်တင်ပေးထားခြင်းဖြစ်သည်။ Beautify mode အဆင့် ၇ဆင့်၊ အသားအရောင်ကိုလိုသလိုပြောင်းလဲပေးမည့် skin tone mode ၂ခုနှင့် အဆင့်မြှင့်တင်ပေး ထားသည့် ဓာတ်ပုံပြုပြင်ပြောင်းမှုဆိုင်ရာ တွက်ချက်မှုစနစ်များနှင့်အတူ Beautify 4.0 စနစ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးထားခြင်းကြောင့် တောက်ပ ကြည်လင်သည့်အသားအရေ၊ ပေါ်လွင်ထင်ရှားသည့်မျက်လုံးအနေအထားနှင့် ထူးခြားသက်ဝင်သည့် အသွင်အပြင် လက္ခဏာရပ်များကို ရိုက်ယူနိုင်စေမည်ဖြစ်သည်။

F1s 2017 version တွင် အလင်းကဲ့သို့မြန်ဆန်သည့် လက်ဗွေဖတ်စနစ် ပါဝင်ပြီး တစ်စက္ကန့်၏ ၅ပုံတစ်ပုံကျော်ဖြစ်သော ဝ.၂၂ စက္ကန့်အတွင်းမှာပင် ဖုန်းကို unlock ဖွင့်ပေးနိုင်စေ မည်ဖြစ်သည်။ ထို့အပြင် မတူညီသည့်လက်ဗွေယာ ၅ခုကိုအသုံးပြုကာ ဖုန်းအတွင်းမှ app များ ဖုန်းနံပါတ်များကို ဖွင့်ပေးခြင်း၊ ခေါ်ဆိုခြင်းများပြုလုပ်နိုင်စေမည်ဖြစ်သည်။ ထို့အတွက်ကြောင့် ဖုန်းအတွင်းသို့ ဝင်ရောက်စရာမလိုဘဲ ပိုမိုမြန်ဆန်ထိရောက်စွာဖြင့်အသုံးပြုနိုင်စေသည်။

OPPO F1s 2017 version ဖုန်းတွင် ယခင်အတိုင်း 13MP အရည်အသွေးရှိ နောက်ကင်မရာကို ဆက်လက်အသုံးပြုပေးထားသလို Full HD video များကိုလည်း ရိုက်ယူနိုင်စေမည်ဖြစ်သည်။ 2.5D ရုပ်ကြွမျက်နှာပြင်နှင့် မျက်နှာပြင်အကြမ်းခံစေသော Corning Gorilla Glass 4 တို့အသုံး   ပြုထားသည့် ၅.၅လက်မ အရွယ်အစားရှိ IPS LCD အမျိုးအစား HD Display ကိုအသုံုးပြုထားသည်။ Octa-core 1.5GHz နှုန်း ဖြင့်အလုပ်လုပ်ပေးမည့် MediaTek chipset နှင့်အတူ 3075mAh battery, Android OS 5.1 (Lollipop) တို့ကိုယခုဖုန်းတွင် ဆက်လက်အသုံးပြုရမည်ဖြစ်သည်။ အရောင်ရွေးချယ်မှုအနေဖြင့် Gold နှင့် Rose Gold ၂မျိုးကိုရရှိစေမည်ဖြစ်ပြီး ဈေးနှုန်း ၃၆၉၀၀၀ ကျပ်ဖြင့် ဖေဖော်ဝါရီ ၂၀ရက်မှစတင်ကာ တစ်နိုင်ငံလုံးရှိ OPPO အရောင်းကောင်တာများတွင်ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

 

Ref : OPPO

%d bloggers like this: