0 Shares 238 Views

Huawei GX8 အားအမေရိကန်ပြည်ထောင်စုတွင်စတင်ရောင်းချ

Feb 10, 2016
0 238

ပြီးခဲ့သည့်ဇန်နဝါရီလက မိတ်ဆက်ခဲ့တဲ့ Huawei ရဲ့ GX8 စမတ်ဖုန်းကို အမေရိကန်ပြည်ထောင်စုမှာ မကြာခင်စတင်ရောင်းချတော့မယ်လို့ သိရပါတယ်။ ဒီဖုန်းကို ဒီမတိုင်ခင်က Huawei ရဲ့ ဝက်ဘ်ဆိုက်နဲ့ အွန်လိုင်းဈေးဝယ်စတိုးတွေမှာသာ ဝယ်ယူလို့ရသေးတာဖြစ်ပြီး ယခုအခါမှ တရားဝင်ထုတ်ဖော်ရောင်းချတာဖြစ်ပါတယ်။

Huawei GX8 မှာ ၅.၅လက်မ (1080×1920 Pixels) Resolution ရှိတဲ့ မျက်နှာပြင်၊ 1.5GHz Octa-core Qualcomm Snapdragon 615 ပရောဆက်ဆာနဲ့ 2GB ရှိတဲ့ RAM တို့နဲ့အတူ အလုပ်လုပ်မှာဖြစ်ပါတယ်။ ဖုန်းတွင်းမမ်မိုရီအနေနဲ့ 16GB ရှိမှာဖြစ်ပြီး နောက်ထပ် SD ကတ်ကို 128GB အထိစိုက်နိုင်မှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာ ဆိုရင်လည်း 13Megapixels ရှိတဲ့ကျောဘက်ကင်မရာ၊ 5MP ရှိတဲ့ ရှေ့မျက်နှာကင်မရာတို့ပါဝင်မှာ ဖြစ်ပါတယ်။

Huawei GX8 ကို Android 5.1 နဲ့ အလုပ်လုပ်စေမှာဖြစ်ပြီး 3000 mAh ရှိတဲ့ ဘက်ထရီသေ(Non removable Battery) မှာဖြစ်ပါတယ်။ အတိုင်းအတာကတော့ ၁၅၂.၀၀ x ၇၆.၅၀ x ၇.၅၀ (အမြင့်၊ အကျယ်၊ အထူ) ရှိပြီး ၁၆၇ ဂရမ်အလေးချိန်ရှိမှာပါ။

GSM Micro Simcard ထည့်ရမှာဖြစ်ပြီး၊ Wi-Fi, GPS, Bluetooth, 4G ကွန်ယက်တွေကိုချိတ်ဆက်နိုင်မှာပါ။ ကျောဘက်ကင်မရာအောက်ဘက်မှာ Fingerprint Scanner လုံခြုံရေးစနစ်ပါရှိလာမှဖြစ်ပါတယ်။ ဈေးနှုန်းကိုတော့ ဒေါ်လာ ၃၄၉ (မြန်မာကျပ် ၄၄၀,၀၀၀ ခန့်) လို့သတ်မှတ်ထားပြီး အရောင်အနေနဲ့ ရွှေရောင်၊ မီးခိုးရောင်၊ ရှန်ပိန်အရက်ရောင် (Champagne) ဆိုပြီး သုံးမျိုးသတ်မှတ်ထားပြီး မြန်မာနိုင်ငံမှာ ရောင်းချမယ့်ရက်ကိုတော့ မသိရှိရသေးပါဘူး Huawei GX8 ကိုတချို့တွေကတော့ Honor 5X နဲ့ အတော်တူတယ်လို့ပြောထားကြပါတယ်။

Ref: Gadgets360, Android Authority

You may be interested

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu
Automobiles, NEWS
76 shares8 views

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu

Ko Thuya - Sep 23, 2017

တရုတ်နိုင်ငံရဲ့ Google လို့ တင်စားခြင်းခံရတဲ့ Baidu က စက်ရုပ်ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Apollo Fund စီမံကိန်းကနေ လာမယ့် ၃ နှစ်အတွင်းမှာ မောင်းသူမဲ့ ကား စီမံကိန်း ၁၀၀…

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်
NEWS, Security & Safety
71 shares6 views

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်

Ko Thuya - Sep 23, 2017

လုံခြုံရေး စက်ရုပ်များကို တီထွင်နေတဲ့ Knightscope Company က စက်ရုပ်အသစ်များကို ပြသလိုက်ပါတယ်။ စက်ရုပ်များကို K7 လို့ အမည်ပေးထားပြီး ဘီးလေးဘီး တပ်ဆင်ထားပါတယ်။ K7 ဟာ ၅ ပေကျော် အရပ်မြင့်ပြီး ၇ ပေနီးပါး အရှည်ရှိပါတယ်။ စက်ရုပ်ဟာ…

Huawei က ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်းကို မိတ်ဆက်
Mobiles & Tablets, NEWS
309 shares184 views

Huawei က ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်းကို မိတ်ဆက်

Ko Thuya - Sep 23, 2017

Huawei က တရုတ်မှာ Maimang 6 အမည်ရ စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ကို အခြားနိုင်ငံများမှာ Mate 10 Lite အမည်ဖြင့် ရောင်းချနိုင်ပါတယ်။ Huawei Maimang 6 မှာ ၅.၉ လက်မ Full…

Leave a Comment

Most from this category