0 Shares 137 Views

Android ဖုန်းကော၊ ကွန်ပြူတာမှာပါ စိုက်သုံးနိုင်တဲ့ တန်ဖိုးနည်း flash drive

Feb 10, 2016
0 137

သီချင်းတွေ၊ ဗီဒီယိုတွေ ထည့်ထားတာ အရမ်းများပြီး၊ နောက်ထပ်ဖိုင်တွေ သိမ်းထားဖို့ မမ်မိုရီမလောက်တော့တဲ့ စာဖတ်သူရဲ့ ဖုန်း(ဒါမှမဟုတ်) တက်ဘလက်ကြောင့် စိတ်ညစ်နေရပါသလား။ ဒီပြဿနာကိုဖြေရှင်းပေးဖို့အတွက် ခေါင်းနှစ်ခေါင်းပါဝင်တဲ့ SanDisk ရဲ့ မမ်မိုရီစတစ်ထွက်ရှိလာပါပြီ။

Sandisk က ထုတ်လုပ်လိုက်တဲ့ ယခု မမ်မိုရီစတစ်ဟာ microUSB ခေါင်းပါဝင်တာကြောင့် ကွန်ပြုတာမှာတင်မကဘဲ၊ Android ဖုန်းကော၊ တက်ဘလက်တွေမှာပါ အလွယ်တကူတပ်သုံးနိုင်ပါတယ်။ ယခု မမ်မိုရီစတစ်နဲ့ တွဲဖက်သုံးစွဲနိုင်တဲ့ SanDisk Memory Zone app ကို Google Play ကနေ အခမဲ့ဒေါင်းလုဒ်ရယူကာ၊ Memory Zone app ကနေ Android ဖုန်းထဲမှာသိမ်းထားတဲ့ဖိုင်တွေကို ရွှေ့ပြောင်းတာ၊ဖျက်တာ၊ backup လုပ်တာ၊ စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။

ဈေးနှုန်းကလည်း ၁၂ ဒေါ်လာနဲ့ ၁၇ ဒေါ်လာကြားထဲမှာသာရှိတာကြောင့် လူတိုင်းဝယ်ယူသုံးစွဲနိုင်မယ့် flash drive တစ်ခုဖြစ်ပါတယ်။

16 GB ကနေ စတင်ကာ 128 GB အထိတဲ့ SanDisk Ultra Dual USB Drive 3.0 စတစ်ဟာ OTG စနစ် သုံးစွဲနိုင်တဲ့ Android ဖုန်းတွေမှာ တပ်ဆင်အသုံးပြုနိုင်ပြီး၊ ကွန်ပြူုတာမှာဆို Windows Vista ကနေ Windows 10 ၊ Mac OS 10.6 အထက်အထိ ဒရိုင်ဗာမလိုဘဲ တပ်လိုက်ရုံနဲ့ အဆင်သင့်သုံးစွဲနိုင်မှာပါ။

USB 3.0 စနစ်ဖြစ်တာကြောင့် ဖိုင်ရွှေ့ပြောင်းမှုမှာ တစ်စက္ကန့်ကို ၁၅၀ မီဂါဘိုက်အထိ ရွှေ့ပြောင်းပေးနိုင်ပါတယ်။ SanDisk Ultra USB 3.0 OTG မမ်မိုရီစတစ် 64 GB ကို ၁၇ ဒေါ်လာနဲ့ ၀ယ်ယူရရှိနိုင်ပြီး အာမခံသက်တမ်း ငါးနှစ်ပါဝင်ပါတယ်။

Ref: Kinja

 

You may be interested

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu
Automobiles, NEWS
76 shares8 views

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu

Ko Thuya - Sep 23, 2017

တရုတ်နိုင်ငံရဲ့ Google လို့ တင်စားခြင်းခံရတဲ့ Baidu က စက်ရုပ်ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Apollo Fund စီမံကိန်းကနေ လာမယ့် ၃ နှစ်အတွင်းမှာ မောင်းသူမဲ့ ကား စီမံကိန်း ၁၀၀…

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်
NEWS, Security & Safety
71 shares6 views

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်

Ko Thuya - Sep 23, 2017

လုံခြုံရေး စက်ရုပ်များကို တီထွင်နေတဲ့ Knightscope Company က စက်ရုပ်အသစ်များကို ပြသလိုက်ပါတယ်။ စက်ရုပ်များကို K7 လို့ အမည်ပေးထားပြီး ဘီးလေးဘီး တပ်ဆင်ထားပါတယ်။ K7 ဟာ ၅ ပေကျော် အရပ်မြင့်ပြီး ၇ ပေနီးပါး အရှည်ရှိပါတယ်။ စက်ရုပ်ဟာ…

Huawei က ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်းကို မိတ်ဆက်
Mobiles & Tablets, NEWS
309 shares184 views

Huawei က ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်းကို မိတ်ဆက်

Ko Thuya - Sep 23, 2017

Huawei က တရုတ်မှာ Maimang 6 အမည်ရ စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ကို အခြားနိုင်ငံများမှာ Mate 10 Lite အမည်ဖြင့် ရောင်းချနိုင်ပါတယ်။ Huawei Maimang 6 မှာ ၅.၉ လက်မ Full…

Leave a Comment

Most from this category