0 Shares 93 Views

နယူးယော့ခ်မြို့တော်ရှိ Empire State အဆောက်အဦအား ဒရုန်းလေယာဉ်နှင့်ဝင်တိုက်

အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့တော်ရှိ Empire State အဆောက်အဦကို ဒရုန်းလေယာဉ်ငယ်နဲ့ ကြာသပတေးနေ့ညနေက ဝင်တိုက်ခဲ့တယ် လို့သိရပါတယ်။ မိုးမျှော်တိုက်ကြီးရဲ့ အလွှာ၄၀ ကိုဝင်တိုက်ခဲ့ပြီး ၃၅လွှာရဲ့ အစွန်းပေါ်ကိုပြုတ်ကျခဲ့တာ ဖြစ်တယ်လို့ ရဲတစ်ယောက်က Twitter မှာတင်ခဲ့ပြီး “အဆင်ပြေပါတယ်” လို့လဲဆိုပါတယ်။

အသက်၂၉နှစ်အရွယ် Sean Riddle ဆိုတဲ့လူဟာ ကျိုးကြောင်းမစဉ်းစားပဲ ဥပဒေမဲ့အန္တရာယ်ဖြစ်အောင် လေယာဉ်တစ်စင်းနဲ့ မြို့တော်ကိုဖြတ်ပြီး မောင်းနှင်ခဲ့တာ ဖြစ်တယ်လို့ ရဲတွေကဆိုထားပါတယ်။ ဘယ်လိုဒရုန်းလေယာဉ်အမျိုးအစားနဲ့ အဆောက်အဦကိုဝင်တိုက်ခဲ့တယ်ဆိုတာတော့ ဖော်ပြထားခြင်းမရှိပါဘူး။

drone1

အဲ့ဒီလူဟာ ဒရုန်းလေယာဉ်နဲ့ ဝင်တိုက်ပြီးနောက် အဆောက်အဦက လူတွေဆီသွားပြီး သူ့ဒရုန်းကို ပြန်ပေးဖို့တောင်းဆိုခဲ့စဉ်မှာ ရဲကိုအကြောင်းကြားခဲ့တာကြောင့် အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

သူ့ရဲ့ Twitter အကောင့်မှာ ဖော်ပြချက်အရတော့ သူဟာ လွန်ခဲ့တဲ့ တစ်နှစ်က သတင်းဆောင်းပါးတစ်ခုကို ဖတ်ပြီးနားလည်မှုလွဲခဲ့တာကြောင့် အခုလိုဖြစ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ သူ့တွစ်တာမှာ “ကျွန်တော့်အနေနဲ့ NGO တစ်ခုအတွက် ငါးစက္ကန့်စာ ဗီဒီယိုဖိုင် တစ်ခုကိုပြုလုပ်ဖို့အတွက် အခုလိုပျံသန်းဖို့ ကြိုးစားခဲ့တာပါ၊ ကျွန်တော်မပျံသန်းခင် မိနစ်နှစ်ဆယ်အလိုမှာ ပျံလို့အဆင်ပြေရဲ့လားလို့ ရဲတစ်ယောက်ကိုမေးတော့ သူက ရပါတယ်လို့ပြောခဲ့ပါတယ်။” လို့ဆိုထားပါတယ်။

အဲ့ဒီအပြင် “ရဲကိုမေးပြီးတော့ ကျွန်တော် Where to fly a drone in New York City, legally (နယူးယော့ခ်မြို့တော်ရဲ့တရားဝင်ဒရုန်းပျံသန်းနိုင်တဲ့နေရာများ) ဆိုတဲ့ဝက်ဘ်ဆိုက်ကိုဝင်ကြည့်ခဲ့ပါသေးတယ်” လို့ဆိုထားပါတယ်။

ဒါပေမယ့် ဖက်ဒရယ်လေယာဉ်မောင်းစီမံခန့်ခွဲမှုဌာနက ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်မှာ Empire State အဆောက်အဦရှိတဲ့ မန်ဟက်တန်မြို့နယ်ဟာ ဒရုန်းတွေပျံသန်းဖို့ကန့်သတ်ထားတဲ့ ဇုန်ထဲမှာ ပါဝင်တာလည်းဖြစ်ပါတယ်။

new york, manhattan drone restricted zone

Ref: BBC, Reuters

You may be interested

သိပ္ပံပညာရှင်များက ဂြိုလ်သားများ ရှာဖွေနိုင်တဲ့ မှန်ဘီလူးကို တီထွင်
NEWS, Tech Update
446 shares125 views

သိပ္ပံပညာရှင်များက ဂြိုလ်သားများ ရှာဖွေနိုင်တဲ့ မှန်ဘီလူးကို တီထွင်

Ko Thuya - Jul 23, 2017

ကယ်လီဖိုးနီးယား နည်းပညာ တက္ကသိုလ်မှ သုတေသနပညာရှင်များက အာကာသရှိ ဂြိုလ်များမှ သက်ရှိများကို ရှာဖွေနိုင်တဲ့ မှန်ဘီလူး နည်းပညာကို တီထွင်လိုက်ပါတယ်။ အဲဒီ မှန်ဘီလူးကို Digital Holographic Microscope လို့ အမည်ပေးထားပါတယ်။ နာဆာက ၁၉၇၆ ခုနှစ်မှာ Viking Space…

သိပ္ပံပညာရှင်များက လူရဲ့ စိတ်ကို ဖတ်ဖို့ ၀ိုင်ဖိုင်ကို အသုံးပြု
NEWS, Science, Softwares & Application
123 shares44 views

သိပ္ပံပညာရှင်များက လူရဲ့ စိတ်ကို ဖတ်ဖို့ ၀ိုင်ဖိုင်ကို အသုံးပြု

Ko Thuya - Jul 23, 2017

MIT မှ သိပ္ပံပညာရှင်များက လူရဲ့ စိတ်ခံစားမှုများကို သိဖို့ ၀ိုင်ဖိုင်နဲ့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေပါတယ်။ လူများထံ RF Signals များကို စေလွှတ်ခြင်းဖြင့် ပညာရှင်များက နှလုံးခုန်နှုန်းကို တိုင်းတာတဲ့ Algorithm ကို ဖန်တီးခဲ့ကြပါတယ်။ RF Emitter…

ရွှေ ကော့ပါး အရောင် Nokia 8 ရဲ့ ဓါတ်ပုံထွက်ပေါ်လာ
Mobiles & Tablets, NEWS
360 shares141 views

ရွှေ ကော့ပါး အရောင် Nokia 8 ရဲ့ ဓါတ်ပုံထွက်ပေါ်လာ

Ko Thuya - Jul 23, 2017

စွမ်းဆောင်ရည်မြင့် Nokia 8 ရဲ့ သတင်းအချက်အလက်များဟာ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်နေတာ ကြာပြီ ဖြစ်ပါတယ်။ အခုလည်း ရွှေ ကော့ပါး အရောင် Nokia 8 ရဲ့ ဓါတ်ပုံထွက်ပေါ်လာပါတယ်။ ဓါတ်ပုံမှာ ဖွင့်ထားတဲ့ စကရင်၊ လက်ဗွေရာ အာရုံခံ ကိရိယာနဲ့…

Leave a Comment

Most from this category