0 Shares 59 Views

မျက်လုံးနဲ့ပါ ထိန်းချုပ်လို့ရတဲ့ MSI ရဲ့ gaming laptop အသစ် ထွက်ရှိလာ

Feb 09, 2016
0 59

ထိုင်ဝမ်နည်းပညာကုမ္ပဏီ MSI နဲ့ ဆွီဒင်အခြေစိုက် မျက်လုံးထိန်းချုပ်မှုနည်းပညာကုမ္ပဏီ Tobii တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ အမိုက်စားဂိမ်းလက်ပ်တော့တစ်လုံး ထွက်ရှိလာပါပြီ။

GT72S G Tobii လို့အမည်ပေးထားတဲ့ ယခုလက်ပ်တော့မှာ eye-tracking technology (ခေါ်) မျက်လုံးလှုပ်ရှားမှုအတိုင်းစေခိုင်းနိုင်တဲ့နည်းပညာပါဝင်လာပြီး ဂိမ်းတွေကို မျက်လုံးနဲ့ထိန်းချုပ်ကစားတာအပြင် Windows 10 စနစ်မှာပါ မျက်လုံးနဲ့ ထိန်းချုပ်စေခိုင်းမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Eye-tracking နည်းပညာနဲ့အတူ တွဲဖက်ကစားနိုင်မယ့် Tom Clancy’s The Division ဂိမ်းကိုလည်း လက်ပ်တော့မှာ တပါတည်းထည့်သွင်းထားပေးပြီး၊ တခြားဂိမ်းအများအပြားမှာလည်း ဒီနည်းပညာကို အသုံးချကစားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

မျက်လုံးလှုပ်ရှားမှုခြေရာခံစနစ် ဟာ လက်ပ်တော့မှာပါဝင်တဲ့ကင်မရာကနေ အသုံးပြုသူရဲ့မျက်လုံးလှုပ်ရှားမှုကို ခြေရာခံကာ ကွန်ပြူတာကိုစေခိုင်းနိုင်တဲ့ နည်းပညာတစ်ခုပါ။ ကျွန်တော်တို့ ယခုလက်ပ်တော့တွေမှာတွေ့ရတဲ့ လက်အမူအရာနဲ့ထိန်းချုပ်တဲ့ gesture control နည်းပညာရဲ့လုပ်ဆောင်ချက်တွေနဲ့ဆင်တူပြီး၊ အသုံးပြုသူရဲ့ မျက်စိလှုပ်ရှားပုံအတိုင်း စေခိုင်းမှုတွေကိုစိတ်ကြိုက်ရွေးချယ်ပေးထားနိုင်ပါတယ်။

ဥပမာအားဖြင့်- လက်ပ်တော့မျက်နှာပြင်ပေါ်က ပုံရိပ်တစ်ခုကို စိုက်ကြည့်လိုက်တာနဲ့ ချဲ့ကြည့်နိုင်တာ၊ လက်ပ်တော့ဖန်သားပြင်ကနေ အကြည့်လွှဲလိုက်တာနဲ့ ဂိမ်းအလိုအလျောက် ရပ်တန့်သွားမှာ ၊ Windows ပေါ်မှာ မျက်စိလှုပ်ရှားမှုနဲ့ ဖိုင်တွေကို select ၊ zoom ၊ open လုပ်တာ စတဲ့အက်ရှင်တွေအများအပြားကို လုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။

အနီအောက်ရောင်ခြည်နီးပါးရှိတဲ့ အလင်းရောင်ကိုထိုးပေးနိုင်တဲ့ မှန်ဘီလူးအစုံတွဲ သုံးစုံပါဝင်တာကြောင့် အခန်းမှောင်နေတဲ့အချိန်မှာတောင်၊ မျက်လုံးရဲ့လှုပ်ရှားမှုတွေကိုလက်ပ်တော့က ခြေရာခံသိရှိနိုင်တယ်လို့ သိရပါတယ်။

ဂိမ်းကစားဖို့အထူးထုတ်လုပ်ထားတဲ့ MSI ရဲ့ ယခုလက်ပ်တော့အသစ်မှာ၊ Intel Core i7 ပရိုဆက်ဆာ၊ အောက်ခံရောင်စုံမီးလင်းနေတဲ့ကီးဘုတ်၊ Nvidia GeForce GTX 980M ဂရပ်ဖစ်ကတ်တို့ ပါဝင်ပြီး၊ ဒေါ်လာ ၂၆၀၀ လောက်ကျသင့်မှာဖြစ်ပါတယ်။

tobii-msi-laptop-thumb-1

Ref: Tech Times

 

You may be interested

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos
NEWS
0 shares0 views

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos

Ko Thuya - Nov 25, 2017

Jeff Bezos ဟာ ဒေါ်လာ ၁၀၀ ဘီလီယမ်ကျော် ပိုင်ဆိုင်တဲ့ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာပါတယ်။ သူဟာ အမေဇုန် အွန်လိုင်းစတိုးဆိုင်ကို တည်ထောင်သူဖြစ်ပြီး စတော့ရှယ်ယာအများဆုံးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူဟာ ၉၃.၆ ဘီလီယမ် တန်ကြေးရှိတဲ့ အမေဇုန်ရဲ့ စတော့ရှယ်ယာပေါင်း…

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်
NEWS, Science, Tech Update
92 shares15 views

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်

Ko Thuya - Nov 24, 2017

Budweiser ဘီယာကို ထုတ်လုပ်တဲ့ Anheuser-Busch Company က ယခုနှစ်အစောပိုင်းမှာ အင်္ဂါဂြိုလ်တွင် ပထမဆုံး ဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ ဒီစကားကို ယုံကြည်သူ နည်းပါးခဲ့ပါတယ်။ အခုတော့ အဲဒီစီမံကိန်းရဲ့ ပထမဆုံး အဆင့်ကို ကြေညာလိုက်ပါတယ်။ Budweiser…

လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ နည်းပညာမှာ ပြိုင်ဖက်များကို နောက်ကောက်ချနိုင်တဲ့ OnePlus 5T
Android, HUBS, Mobiles & Tablets
397 shares65 views

လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ နည်းပညာမှာ ပြိုင်ဖက်များကို နောက်ကောက်ချနိုင်တဲ့ OnePlus 5T

Ko Thuya - Nov 24, 2017

OnePlus 5T ရဲ့ အကောင်းဆုံး စွမ်းရည်တစ်ခုမှာ Dash Charge လို့ခေါ်တဲ့ လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ စွမ်းရည် ဖြစ်ပါတယ်။ သူဟာ ပြိုင်ဖက် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများထက် သာလွန်ကောင်းမွန်နေပါတယ်။ ကုမ္ပဏီက ကြော်ညာ ဗီဒီယိုတစ်ခုဖြင့် 5T ရဲ့ လျှင်မြန်စွာ…

Leave a Comment

Most from this category