စွမ်းဆောင်ရည်ပိုင်း ပိုမိုမြန်ဆန်ကောင်းမွန်သည့် F1s 2017 version ဖုန်းသစ်ကို OPPO ကမိတ်ဆက်ရောင်းချပေးသွားမည်

OPPO အနေဖြင့် မြန်မာပြည်မိုဘိုင်းဈေးကွက်သို့ ထူးခြားကောင်းမွန်သည့်ထုတ်ကုန်သစ်တစ်ခုကို မိတ်ဆက်ပေးသွားရန်ရှိနေပြီး အဆိုပါထုတ်ကုန်သစ်မှာ လက်ရှိတွင်လူကြိုက်များထင်ရှားလှသည့် F1s Selfie ဘုရင် ဖုန်းကို အဆင့်မြှင့်တင်ပေးမည့်အမျိုးအစားဖြစ်ကြောင်း သိရှိရသည်။ အဆိုပါစမတ်ဖုန်းသစ်ကို F1s 2017 version အမည် ဖြင့်မိတ်ဆက်ပေးလာမည်ဖြစ်ပြီး ဖုန်း၏စွမ်းဆောင်မှုအပိုင်းများမှာ လက်ရှိ F1s ထက်ပိုမိုမြန်ဆန်မှုရှိစေမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

လက်ရှိထွက်ပေါ်ထားသောသတင်းများအရ F1s 2017 version ဖုန်းတွင် RAM 4GB နှင့် ဖုန်းတွင်းသိုလှောင်မှု ROM 64GB အထိတိုးမြှင့်ပါဝင်လာမှာဖြစ်ပြီး ယခင်အတိုင်း 2.5D ကွေးညွတ်မျက်နှာပြင်နှင့် Corning Gorilla Glass 4 တို့ဖုံးအုပ်ပေးထားသည့် ၅.၅လက်မအရွယ်အစားရှိမည်ဖြစ်သည်။ အဆင့်မြှင့်တင်ပေးထားမည့် F1s 2017 version ဖုန်းမှာ 4G ကွန်ရက်စနစ်ကိုအပြည့်အဝထောက်ပံ့ပေးထားမည်ဖြစ်သလို SIM ကတ်၂ခုကိုပါ တစ်ပြိုင်နက်တည်းထည့်သွင်းအသုံးပြုနိုင်သည့်အပြင် သီးသန့် SD ကတ်စိုက်၍အသုံးပြုနိုင်စေမည့် တတိယမြောက် slot ပေါက်ကိုပါထောက်ပံ့ပေးထားမည်ဖြစ်သည်။

နောက်ဆက်တွဲသတင်းများအရ OPPO အနေဖြင့် ယခု F1s 2017 version ဖုန်းကို ယခုဖေဖော်ဝါရီလမကုန်ခင်အချိန်မှာပင် ဈေးကွက်ထဲသို့ ပို့ဆောင်ပေးသွားရန်ရည်ရွယ်ထားပြီး အသေးစိပ်အချက်အလက်နှင့် ဈေးနှုန်းများကိုလည်း တစ်ပါတည်းကြေညာပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိ တွင် F1s စမတ်ဖုန်းကို ဈေးကွက်ထဲတွင် ၂၉၉၀၀၀ ကျပ်ဖြင့်ရောင်းချပေးလျက်ရှိပြီး စွမ်းဆောင်ရည်မြင့်မားသည့် Octa-core 1.5 မြန်နှုန်းရှိ CPU၊ RAM 3GB၊ Internal storage 32GB တို့ကို အသုံးပြုပေးထားပြီး ကင်မရာပိုင်းတွင်အထူူးကောင်းမွန်သော 13MP နောက်ကင်မရာနှင့် 16MP ရှေ့ကင်မရာတို့ကိုတပ်ဆင်ပေးထားသည်။

%d bloggers like this: