0 Shares 181 Views

လာမည့်ကမ္ဘာ့မိုဘိုင်းကွန်ဂရက်မှာမိတ်ဆက်ဖွယ်ရှိတဲ့ Samsung Galaxy S7, LG G5, HTC One M10

Feb 09, 2016
0 181

ဒီဖေဖော်ဝါရီလနှောင်းပိုင်းမှာဆိုရင် မိုဘိုင်းလ်ပစ္စည်းတွေကို မိတ်ဆက်ပြသမယ့် ကမ္ဘာ့မိုဘိုင်းကွန်ဂရက် (Mobile World Congress) ကို စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီပွဲကို ဖေဖော်ဝါရီလ ၂၂ရက်နေ့ကနေ ၂၅ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ပစ္စည်းပေါင်း ၉၀၀၀၀ ကျော်မိတ်ဆက်ပြသမှာဖြစ်ပါတယ်။

ဒီပွဲမှာ Samsung, LG, HTC, Huawei, BlackBerry စတဲ့ စမတ်ဖုန်းကုမ္ပဏီကြီးတွေဟာ ယခုအခါသူတို့ရဲ့ စမတ်ဖုန်းအမျိုးအစားသစ်တွေကို ထပ်မံပြီးမိတ်ဆက်ဖို့ ပြင်ဆင်နေကြပြီး Samsung က Galaxy S7, LG က G5 နဲ့ HTC က M10 စတဲ့ စမတ်ဖုန်းတွေကို အသီးသီး မိတ်ဆက်ဖို့ပြင်ဆင်နေကြတာပါ။ ဒီပွဲမှာ Apple ကမတက်ရောက်နိုင်လို့ ပြိုင်ဘက်လျော့သွားခဲ့ပေမယ့် Apple က iPhone မျိုးဆက်သစ်တစ်မျိုးကို ဒီနှစ်ကုန်ပိုင်းလောက်မှာ မိတ်ဆက်ဖို့ပြုလုပ်နေပြီဖြစ်ပါတယ်။

Samsung

samsung galaxy s6 edge

မနှစ်က တောင်ကိုးရီးယားအခြေစိုက်နည်းပညာကုမ္ပဏီဟာ Galaxy S6 Edge အံ့အားသင့်ဖွယ် တွေကိုပြုလုပ်ပြခဲ့ပါတယ်။ လက်ရှိထွက်နေတဲ့ ကောလာဟလတွေအရ ကုမ္ပဏီဟာ ဒီပွဲမှာ Galaxy S7 ကိုကြေငြာပြီး အံ့အားသင့်ဖွယ်တွေထပ်မံပြုလုပ်ပြဦးမယ်လို့ ဆိုပါတယ်။ Samsung ဟာ လာမယ့် ၂၁ ရက်နေ့မှာ ဖုန်းတစ်မျိုးကိုကြေညာဖို့ရှိတယ်လို့ သူတို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ထုတ်ဖော်ပြောကြားထားတာ ဖြစ်ပါတယ်။

LG

lg g4

ဒီတောင်ကိုးရီးယား နည်းပညာကုမ္ပဏီပဲဖြစ်တဲ့ LG ဟာလည်း လာမယ့် MWC 2016 မှာ TV, Blu-Ray Players နဲ့ စပီကာတွေအပါအဝင် တခြားမတူညီတဲ့ ဖုန်းအမျိုးအစားတွေကိုပါ မိတ်ဆက်မှာဖြစ်ပါတယ်။ မနှစ်က LG ဟာ G4 ကိုထုတ်ပြီး အောင်မြင်ခဲ့သလို လာမယ့် ၂၁ရက်နေ့မှာလည်း Samsung နဲ့အတူ အပြိုင်အဆိုင်ပွဲထုတ်တော့မှာ ဖြစ်ပါတယ်။ ယခုထုတ်လုပ်ဖွယ်ရှိတဲ့ G5 ဟာ အရင် LG ဖုန်းတွေလိုပဲ ကောင်းမွန်မှုတွေ ကိုယ်စီရှိမှာပါ။ ဒါပေမယ့် သူတို့ထုတ်လုပ်မယ်လို့ပြောထားတဲ့ မျက်နှာပြင်ကွေး LG G Flex 2 ကိုတော့ ထပ်မံထုတ်လုပ်ဖို့ အလှမ်းဝေးနေတာဖြစ်ပါတယ်။

HTC

htc one m9

Apple ကိုပြိုင်ဆိုင်ဖို့အတွက် HTC ကထပ်မံကြိုးပမ်းချက်တစ်ခုအဖြစ် ဒီတစ်ခေါက်မှာလည်း ဖုန်းတစ်မျိုးထုတ်လုပ်ပြီးကြိုးစားပြန်ပါတယ်။ မနှစ်က HTC ရဲ့ One M9 ဟာ iPhone 6s နဲ့ Samsung Galaxy S6 တို့ကို ယှဉ်ပြိုင်နိုင်စွမ်းမရှိခဲ့ပါဘူး။ ဒါဟာ သူတို့အနေနဲ့ လူတိုင်းကိုအံ့အားသင့်စေခဲ့တဲ့ Oculus Rift-style Vive VR Headset ကိုထုတ်လုပ်ဖို့ကြိုးစားခဲ့တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီနှစ် MWC 2016 မှာတော့ ကုမ္ပဏီဟာ HTC One M10 ကိုထုတ်ပြန်ကြေငြာဖို့ ပြင်ဆင်ထားပြီး အောင်မြင်မှုရရှိဖို့လည်း မျှော်မှန်းနေတာဖြစ်ပါတယ်။

Huawei

Huawei Ascend P8

Huawei ဟာ သူ့ရဲ့ ကျစ်လစ်တဲ့ပုံစံ၊ ကောင်းမွန်တဲ့ဖုန်းအရည်အသွေး၊ မျှတတဲ့ဈေးတွေကြောင့် အတော်ကိုထင်ရှားတဲ့ ဖုန်းတစ်မျိုးအဖြစ် ဆက်လက်နေရာယူထားပါတယ်။ ဒီတရုတ်ကုမ္ပဏီမှာ များပြားလှတဲ့ မျိုးကွဲဖုန်းတွေရှိနေပေမယ့်လည်း သူတို့အနေနဲ့ လာမယ့် MWC 2016 မှာ သူတို့ရဲ့ထင်ရှားတဲ့ Honor 5X နဲ့ “P” စီးရီးထဲကတစ်ခုခုကို မိတ်ဆက်ဖို့ပြင်ဆင်နေကြတာဖြစ်ပါတယ်။ Samsung နဲ့ LG တို့လိုပဲ Huawei ဟာ လာမယ့်၂၁ရက်နေ့မှာ ဖုန်းတစ်မျိုးကိုမိတ်ဆက်မယ်လို့ ပြောထားပြီး ဒီနှစ်ထဲမှာ Huawei P9 ထွက်မယ်လို့လည်း သတင်းပြေးထားတာပါ။ အဲ့ဒီဖုန်းဟာ RAM 6GB အထိပါရှိပြီး အမြန်ဆုံးအပေါ့ဆုံးဖုန်းဖြစ်လာမယ်လို့ ဆိုပါတယ်။

BlackBerry

BlackBerry

 

နာမည်ကျနေပေမယ့် ဇွဲမလျော့သေးတဲ့ BlackBerry ဟာ ဒီတစ်ခေါက်မှာလည်း ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ဖို့အတွက် တိုက်ပွဲဝင်လာခဲ့ပြန်ပါတယ်။ BlackBerry ဟာထင်ရှားတဲ့ခြေလှမ်းတစ်ရပ်အနေနဲ့ Google ရဲ့ Android OS စနစ်နဲ့ဖုန်းတစ်မျိုးကို MWC 2015 ပထမဦးဆုံးပွဲထုတ်ခဲ့ပါတယ်။ ဒီနှစ်ထဲမှာတော့ ဘာစီလိုနာကပွဲအတွက် ဘာမှထုတ်ပြမယ်လို့သတင်းမထွက်သေးတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီ ကနေဒီယမ်ကုမ္ပဏီအနေနဲ့ နောက်ထပ်အံ့အားသင့် စိတ်ဝင်စားဖွယ်ဘာတွေလုပ်ပြဦးမလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။

Ref: Mirror

You may be interested

iPhone X ကို ကြိုတင်မှာယူမှု သန်း ၅၀ ကျော် ရှိနိုင်
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone X ကို ကြိုတင်မှာယူမှု သန်း ၅၀ ကျော် ရှိနိုင်

Ko Thuya - Sep 26, 2017

သုတေသနအဖွဲ့အစည်း KGI ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က Apple iPhone X ရဲ့ ကြိုတင်အမှာစာဟာ သန်း ၄၀ ကနေ ၅၀ ကျော်ရှိမယ်လို့ ခန့်မှန်းလိုက်ပါတယ်။ သူက “ ၂၀၁၄ ခုနှစ်ထုတ် iPhone…

Wear24 smartwatch ကို လွန်ခဲ့တဲ့လေးလလောက်က ရောင်းချခဲ့ပြီး ဘက်ထရီပြဿနာကြောင့် Android Police မှ မဝယ်ယူကြဖို့ တားမြစ်
smartwatch
0 shares7 views

Wear24 smartwatch ကို လွန်ခဲ့တဲ့လေးလလောက်က ရောင်းချခဲ့ပြီး ဘက်ထရီပြဿနာကြောင့် Android Police မှ မဝယ်ယူကြဖို့ တားမြစ်

Zar Ni Nyein Tun - Sep 26, 2017

Verizon Wireless ရဲ့ 4G LTE-connect ဖြစ်တဲ့ Wear24 ကို မေလက $ 300 နဲ့ စတင်ေ၇ာင်းချခဲ့တာဖြစ်ပါတယ်။ဒီ smartwatch ဟာ Google ရဲ့ Android Wear 2 software နဲ့ 1.4-inch…

Vivo မှ Selfie အသားပေး နောက်ဆုံးပေါ် V7+အား မြန်မာဈေးကွက်သို့ ယူဆောင်လာ
Tech Update, Vivo
103 shares144 views

Vivo မှ Selfie အသားပေး နောက်ဆုံးပေါ် V7+အား မြန်မာဈေးကွက်သို့ ယူဆောင်လာ

Zar Ni Nyein Tun - Sep 26, 2017

 သက်တမ်းအရ နုပေမယ့် ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းတံဆိပ် အတွင်းသို့ ဝင်ရောက်လာသော Vivo က သူ့ရဲ့နောက်ဆုံးပေါ် flagship V7+ ကို မြန်မာပြည်ဈေးကွက်မှာ မနေ့က မိတ်ဆက်လိုက်တာဖြစ်ပါတယ်။။ V7+ က စမတ်ဖုန်းလောကမှာ ပထမဆုံးဖြစ်တဲ့ FullViewTM မျက်နှာပြင်နဲ့ အတူ 24MPရှိ…

Leave a Comment

Most from this category