0 Shares 15 Views

Android ဗားရှင်း Instagram နောက်ဆုံး update မှာ 3D Touch လုပ်ဆောင်ချက်ကို ပြန်လည်ထည့်သွင်း

Jan 05, 2016
0 15

instagram_3d_touch_nat_geo_account_screenshot

Facebook ကုမ္မဏီ က ပိုင်ဆိုင်ထားပြီး ဓါတ်ပုံဝေမျှတဲ့ App တစ်ခုဖြစ်တဲ့ Instagram ဟာ ပြီးခဲ့တဲ့ လတုန်းက update ဗားရှင်း v7.13.0 မှာ 3D Touch လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်ပါတယ်။ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ခဏတာ အတွင်းမှာပဲ ထိုလုပ်ဆောင်ချက်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။ အခုတစ်ကြိမ်မှာတော့ ထို လုပ်ဆောင်ချက်ကို နောက်ဆုံး update ဗားရှင်း v7.14.0 မှာ ပြန်လည်ထည့်သွင်းလိုက်ပြီလို့ သိရပါတယ်။

3D Touch လုပ်ဆောင်ချက်ကတော့ အသုံးပြုသူတွေအတွက် ဓါတ်ပုံအသေးလေးတွေကို ဖိထားလိုက်ရုံနဲ့ ထို ဓါတ်ပုံဟာ ကျယ်ပြန့်လာကာ Comment ၊ Like နဲ့ Share တို့ကိုလုပ်ဆောင်ဖို့အတွက် အလွယ်တကူ ရွေးချယ်ခွင့်ရမှာပါ။ ထို ဓါတ်ပုံကို ဖိထားတဲ့ လက်ကို ဖယ်လိုက်တာနဲ့ ထိုဓါတ်ပုံဟာ မူလ အရွယ်အစားအတိုင်း ပြန်လည်သေးငယ်သွားမှာဖြစ်ပါတယ်။ ထို ဗားရှင်းကိုတော့ Google Play ကနေ ဒေါင်းလုဒ် ရယူနိုင်မှာဖြစ်ပါတယ်။

3D Touch လုပ်ဆောင်ချက်ဟာ iPhone 6s နဲ့ iPhone 6s Plus တို့မှာတော့ အဆင်ပြေနိုင်တာသေချာပေမယ့် Android ဗားရှင်းကို အသုံးပြုဖို့အတွက်ကတော့ ထည့်သွင်းမယ့် Android ဖုန်းဟာ Pressure Sensitive မျက်နှာပြင် ဖြစ်နေဖို့ လိုပါလိမ့်မယ်။ ဒါ့အပြင် Instagram ဟာ Android ဗားရှင်း App မှာ account တစ်ခုထက်ပိုပြီး သုံးလို့ရအောင် စမ်းသပ် ရေးဆွဲနေကြတယ်လို့လည်း သိရပါတယ်။

ကမ္ဘာမှာ လူသုံးအများဆုံး ဓါတ်ပုံဝေမျှတဲ့ လူမှုကွန်ယက် တစ်ခုအဖြစ်ရပ်တည်နေတဲ့ Instagram ဟာ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလတုန်းက သုံးစွဲသူ သန်း ၄၀၀ ရှိကြောင်းကြေညာခဲ့ပြီး နေ့စဉ် Instagram မှာ ဓါတ်ပုံပေါင်း သန်း ၈၀ ခန့်ကို ဝေမျှ နေတယ်လို့ အခိုင်အမာဆိုခဲ့ပါတယ်။

Ref : Gadgets 360

You may be interested

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
0 shares0 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Computer အသစ်မှာ Programs တွေအမြန်ဆုံး Install လုပ်ပြီးအသုံးပြုနိုင်မယ့်နည်းများ။
FEATURES, Pc & Laptops, Softwares & Application
119 shares30 views

Computer အသစ်မှာ Programs တွေအမြန်ဆုံး Install လုပ်ပြီးအသုံးပြုနိုင်မယ့်နည်းများ။

Ko Thuya - Feb 19, 2018

Smartphones,Tablets,Macs,Linux မှာ Programs တွေကိုလျှင်လျှင်မြန်မြန် အင်စတောလုပ်နိုင်ပေမယ့် Windows မှာ Programs တွေကို အင်စတောလုပ်ရတာ အနည်းငယ်အလုပ်ရှုပ် ပါတယ်။ Windows မှာ Programs တွေကို အင်စတောလုပ်ရင် Wizard တွေကိုတွေ့ မြင်ရမှာဖြစ်ပြီးတစ်ဆင့်ချင်းလုပ်ဆောင်ရတာဖြစ်ပါတယ်။ကွန်ပြူတာအသစ်ဝယ်လို့ ပဲဖြစ်ဖြစ် ၊၀င်းဒိုးအသစ်တင်လို့ ပဲဖြစ်ဖြစ်…

Nokia 10 နဲ့ပတ်သတ်တဲ့ specification များ
Mobiles & Tablets, NEWS, Nokia
283 shares329 views

Nokia 10 နဲ့ပတ်သတ်တဲ့ specification များ

Ko Thuya - Feb 19, 2018

[Zawgyi] လာမယ့် MWC 2018 ပွဲအတွက် HMD က အားလုံးအံ့အားသင့်သွားစေမယ့်အရာတစ်ခု မိတ်ဆက်မယ်လို့ ကြေညာခဲ့ပြီးသားပါ။ ဒီပွဲမှာ ဖုန်းပေါင်းများစွာပြသမှာဖြစ်ပြီး Nokia 4, Nokia 5 2018, Nokia 7 Plus နဲ့ Nokia 6…

Leave a Comment

Most from this category