0 Shares 49 Views

USB အပေါက် ၆ ပေါက် ပါဝင်ပြီး RAM 64 GB ၊ 5TB SSD ပါဝင်တဲ့ Eurocom ရဲ့ အမိုက်စားလက်ပ်တော့

Feb 09, 2016
0 49

စွမ်းဆောင်ရည်အမြင့်စားနဲ့ ဒေတာသိုလှောင်နိုင်မှုအမြင့်ဆုံးလက်ပ်တော့ကိုမှ ကိုင်ချင်ပါတယ်ဆိုတဲ့လူတွေ အတွက် Eurocom ရဲ့ Sky X9W လက်ပ်တော့ ပေါ်ထွက်လာပါပြီ။

ကနေဒါအခြေစိုက်၊ အမြင့်စားလက်ပ်တော့တွေထုတ်လုပ်တဲ့ကုမ္ပဏီ Eurocom ဟာ လွန်ခဲ့တဲ့နှစ် အောက်တိုဘာလမှာ ထွက်ရှိခဲ့တဲ့ Sky X9 လက်ပ်တော့ကို အဆင့်ထပ်မြှင့်တင်ထားတဲ့ Sky X9W လက်ပ်တော့ကို စတင်မိတ်ဆက်လိုက်ပါတယ်။

Sky X9W လက်ပ်တော့ဟာ စားပွဲတင်ကွန်ပြုတာတစ်လုံးနီးပါးစွမ်းဆောင်နိုင်တဲ့ လက်ပ်တော့တစ်လုံး ဖြစ်ပြီး၊ တပ်ဆင်ထားတဲ့ ဟာ့ဒ်ဝဲပစ္စည်းတွေကလည်း အမိုက်စားတွေချည်းဖြစ်ပါတယ်။

Intel ရဲ့နောက်ဆုံးမျိုးဆက်သစ် quad-core Core i7 ‘Skylate-S’ ပရိုဆက်ဆာကိုအသုံးပြုထားပြီး၊ GPU ဂရပ်ဖစ်ယူနစ်ပိုင်းမှာ 8GB Nvidia Quadro M5000M နဲ့ 4GB Nvidia Quadro M3000M ဂရပ်ဖစ်နှစ်ကတ် စိုက်ထားပါတယ်။ ၀ယ်ယူသူအနေနဲ့ desktop စွမ်းဆောင်ရည်အတိုင်းရှိတဲ့ Nvidia GeForce GTX 980 ဂရပ်ဖစ်ကတ်တစ်မျိုးတည်းနဲ့လည်း ရွေးချယ်ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ လည်ပတ်မှုပါဝါများတဲ့အတွက်၊ အပူချိန်မများစေဖို့၊ ဘုတ်ပြားမှာ ပန်ကာအများအပြားတပ်ဆင်ပေးထားပြီး အပူချိန်ကိုလျော့ချပေးထားတာ တွေ့ရပါတယ်။

မမ်မိုရီပိုင်းမှာတော့ 16GB DDR4 RAM ကနေ စတင်ဝယ်ယူနိုင်ကာ၊ ၀ယ်ယူသူစိတ်ကြိုက် 64GB DDR4 2666MHz RAM နဲ့လည်း ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Sky X9W လက်ပ်တော့ဟာ အကောင်းဆုံး 4K ရုပ်ထွက် ( 3840×2160 pixels) ပေးစွမ်းနိုင်တဲ့ ၁၇.၃ လက်မအရွယ်ဖန်သားပြင်ပါရှိတာကြောင့်၊ ရုပ်ရှင်နဲ့ဂိမ်း ၀ါသနာရှင်တွေ၊ ဒီဇိုင်းပညာရှင်တွေအတွက် အထူးသင့်တော်တဲ့လက်ပ်တော့တစ်လုံးပါ။ ဒီနေရာမှာလည်း ၀ယ်ယူသူအနေနဲ့ Full HD (1920×1080 pixels) မျက်နှာပြင်ကို ရွေးချယ်တပ်ဆင်ဝယ်ယူနိုင်ပြီး၊ ကိုယ်ရွေးချယ်တဲ့ပစ္စည်းအပေါ်မူတည်ပြီး ဈေးကွာခြားချက်ရှိသွားမှာဖြစ်ပါတယ်။

ထူးခြားချက်ကတော့ ယခုလက်ပ်တော့မှာ USB 3.1 Type-C အပေါက်တစ်ပေါက်၊ USB 3.0 အပေါက်ငါးပေါက်တောင် ပါဝင်လာပြီး၊ ဒေတာအမြောက်အများစိတ်ကြိုက်သိုလှောင်နိုင်ဖို့အတွက်လည်း 5TB SSD ပါရှိပါတယ်။

အင်တာနေရှင်နယ်အာမခံသက်တမ်း (၃) နှစ်အထိပေးထားပြီး၊ လက်ပ်တော့ကေ့စ်ပါ အပါအ၀င်မှာ အနိမ့်ဆုံးတပ်ဆင်မှုနဲ့ဈေးက ဒေါ်လာ ၂၉၃၀ ရှိပြီး၊ အမြင့်ဆုံးတပ်ဆင်မှုနဲ့ဆိုရင်တော့ ဒေါ်လာ ၁၁၄၇၃ အထိရှိတာမို့ သာမန်လူတွေအတွက်တော့ စိတ်ကူးယဉ်လက်ပ်တော့တစ်လုံးလို့ ဆိုရမှာပါ။

Ref: Gadgets 360

 

 

You may be interested

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ
Chipset, Knowledge, Mobiles & Tablets
360 shares568 views

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ

zayarsan - Jul 25, 2017

ဝန်ထမ်းဦးရေ အယောက် ၅၀ သာ ရှိပေမယ့် အမေရိကန်ကုမ္ပဏီလောကမှာတော့ ၀န်ထမ်းတွေရဲ့ ခန္ဓာကိုယ်ထဲကို MicroChips တွေ ကနဦး ထည့်သွင်းခဲ့တဲ့ ကုမ္ပဏီ ဖြစ်လာပြီး အခုအချိန်မှာတော့ အဲဒီ ကိစ္စရပ်အတွက် ဝေဖန်မှုပေါင်းများစွာ နဲ့ ရင်ဆိုင်နေရပြီး လူ့အခွင့်အရေး အဖွဲ့အစည်းများစွာကလည်း တရားစွဲဖို့အထိ…

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု
FEATURES, Games, Softwares & Application
517 shares328 views

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု

Ko Thuya - Jul 25, 2017

ဒီနေ့ခေတ်မှာ သင် ၀ါသနာ ပါတဲ့ ပညာရပ်များကို အွန်လိုင်းကနေ သင်ကြားနိုင်ပါပြီ။ Programming ကို လေ့လာချင်သူများအတွက်လည်း အွန်လိုင်းမှာ သင်တန်းများ၊ ၀က်ဆိုက်များစွာ ရှိနေပါပြီ။ ကုဒ်ရေးနည်း သင်ပေးတဲ့ အခမဲ့ ဂိမ်းများတောင် ပေါ်နေပါပြီ။ ဂိမ်းတစ်ခုထဲကနေ ကွန်ပြူတာ ဘာသာစကားများကို ပြည့်စုံအောင်…

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့
ASUS, Gadgets, HUBS
274 shares197 views

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့

zayarsan - Jul 25, 2017

ရုရှနိုင်ငံမှာ ZenFone 4 Max ကို စတင်လွှင့်ထုတ်ခဲ့ပြီးနောက် ASUS ဟာ သူရဲ့ ဗားရှင်း ZenFone 4 ရဲ့ ကင်မရာ အရည်အသွေးကို ၀င့်ဝင့်ကြွားကြွားပဲ ထုတ်ဖော်ပြသခဲ့တယ် လို့ ဆိုပါတယ်။ ထုတ်ဖော်ပြခဲ့တဲ့ ဓါတ်ပုံတွေအရ ZenFone 4…

Leave a Comment

Most from this category