0 Shares 32 Views

ကြီးမားတဲ့ဂြိုလ်သိမ်တစ်လုံး လာမယ့်လအတွင်း ကမ္ဘာဂြိုလ်အနီးက ဖြတ်သန်းသွားဖွယ်ရှိကြောင်း NASA ပြောကြား

Feb 08, 2016
0 32

ပေပေါင်း ၁၀၀ (မီတာ ၃၀) အကျယ်ရှိတဲ့ ဂြိုလ်သိမ်တစ်လုံးဟာ လာမယ့်လအတွင်းမှာ ကမ္ဘာဂြိုလ်အနီးက ဖြတ်သန်းသွားဖွယ်ရှိပြီး နာဆာအနေနဲ့ စောင့်ကြည့်လျက်ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီဂြိုလ်သိမ်ဟာ ကမ္ဘာမြေကို ၀င်ရောက်တိုက်မိဖွယ်မရှိကြောင်းလည်း နာဆာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ယခုဂြိုလ်သိမ်ဂြိုလ်မွှားကို ၂၀၁၃ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး၊ နေကို လှည့်ပတ်နေတဲ့ အဆိုပါဂြိုလ်သိမ်ဟာ မတ်လ ငါးရက်နေ့မှာ ကမ္ဘာနဲ့ အနီးဆုံးအဖြစ် မိုင်ပေါင်း ၁၁၀၀၀ နီးပါးခန့်အထိ ရောက်ရှိလာဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအကွာအဝေးဟာ ကမ္ဘာနဲ့ လအကြားအကွာအဝေးရဲ့ နှစ်ဆယ်ပုံတစ်ပုံခန့်သာရှိပြီး ကမ္ဘာမြေကနေ အဝေးကြည့်မှန်ပြောင်းနဲ့ အလွယ်တကူကြည့်မြင်နိုင်မယ့် အခြေအနေမှာရှိပါတယ်။

ဒါပေမယ့်၊ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုက ဒီဂြိုလ်သိမ်ဟာ ကမ္ဘာနဲ့မိုင်ပေါင်း ၉ သန်းအကွာလောက်ကနေလည်း ကမ္ဘာကို ဖြတ်သန်းသွားနိုင်ပြီး၊ ယခုလို အကွာအဝေးနှစ်ခု ကြီးမားစွာ ကွာဟရခြင်းကတော့ ယခုဂြိုလ်သိမ်ကို လွန်ခဲ့တဲ့သုံးနှစ်လောက်ကမှ ရှာတွေ့ထားခဲ့လို့ ဖြစ်ပါတယ်။

2013 TX68 လို့အမည်ပေးထားတဲ့ အဆိုပါဂြိုလ်သိမ်ကို နာဆာအနေနဲ့ စူးစမ်းလေ့လာဖို့ အချိန်ကောင်းကောင်းမရခဲ့ဘဲ၊ တိုတောင်းတဲ့ အချိန်အတွင်းမှာ ဂြိုလ်သိမ်ရဲ့ ဦးတည်ရာလမ်းကြောင်းကို သိပ္ပံပညာရှင်တွေ အကြမ်းဖျင်းတွက်ချက်ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ယခုဂြိုလ်သိမ်ဟာ ၂၀၁၃ ခုနှစ်က ရုရှားနိုင်ငံကို ကျရောက်ပေါက်ကွဲခဲ့တဲ့ ဂြိုလ်သိမ်တစ်လုံးထက် အရွယ်အစားနှစ်ဆ ပိုမိုကြီးမားပါတယ်။ ရုရှားနိုင်ငံ၊ Chelyabinksk မြို့မှာ ဂြိုလ်သိမ်ကျရောက်ပေါက်ကွဲခဲ့မှု ကြောင့် လူပေါင်း ၁၀၀၀ ကျော် ဒဏ်ရာရကာ၊ အဆောက်အဦးတွေ ပျက်စီးခဲ့ရပါတယ်။

Ref: Gadgets 360

 

You may be interested

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple
Apple, NEWS
0 shares0 views

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple

Nwe Oo Thant - Apr 20, 2018

[Zawgyi] Apple ကတော့ iPhone user တွေရဲ့မျက်လုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်မယ့်မူပိုင်ခွင့်တစ်ခုတင်ခဲ့တာ အခုတော့ခွင့်ပြုချက်ရသွားခဲ့ပါပြီ။ user တွေအနေနဲ့ အမှောင်ထဲမှာဖုန်းကိုဖွင့်လိုက်ရင် display ကချက်ချင်းကြီးလင်းလာပြီး စက္ကန့်နည်းနည်းကြာမှ အလင်းပမာဏကို ပတ်ဝန်းကျင်အလင်းနဲ့သင့်သလိုချိန်ပြီးဖြည်းဖြည်းချင်းလျှော့ပေးတာပါ။ ဖြည်းဖြည်းချင်းတော့လျှော့ပေးတယ်ဆိုပေမယ့်လည်း display စဖွင့်ဖွင့်ချင်း စူးရှတဲ့အလင်းကိုမြင်လိုက်ရတဲ့အချိန်မှာတင် မျက်စိကိုထိခိုက်သွားပါပြီ။ အခု Apple…

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း
FEATURES, Softwares & Application
125 shares35 views

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း

Ko Thuya - Apr 20, 2018

Android အတွက် Photo Editing Apps များစွာ ရှိတဲ့အထဲကမှ နာမည်အကြီးဆုံး နှစ်ခုက Adobe Photoshop Express နဲ့ Snapseed တို့ ဖြစ်ကြပါတယ်။ အဲဒီ App နှစ်ခုမှာ စွမ်းဆောင်ချက်များစွာ ပါရှိကြပြီး အားသာချက်၊ အားနည်းချက်…

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”
Google, NEWS, Softwares & Application
115 shares17 views

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”

Nwe Oo Thant - Apr 20, 2018

[Zawgyi] Google ကတော့ တစ်ခုသော မက်ဆေ့ခ်ျပို့စနစ်ကိုထုတ်လုပ်ဖို့စီစဉ်နေပါပြီ။ သူ့ကိုတော့ “Chat” လို့ခေါ်မှာဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက်မှာ ဖုန်းတွေရဲ့ default Android Messages app  အနေနဲ့ထည့်သွင်းလာတော့မှာပါ။ Google ရဲ့ Allo ဆိုတဲ့ မက်ဆေ့ခ်ျ app လေးကလည်း ပြီးခဲ့တဲ့၂နှစ်လောက်က…

Leave a Comment

Most from this category