360 Shares 411 Views

အိုင်ဖုန်း ဖုန်းကင်မရာကို ကြိုက်တယ်ဆိုတဲ့ နန်းဆုဦး

အနုပညာသက်တမ်း သုံးနှစ်ကျော်ပဲ ရှိသေးပေမယ့် ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ အတွက် ပရိတ်သတ်ရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်နဲ့ မိတ်ဆက် ပေးချင်ပါတယ်။ သူမကတော့ သရုပ်ဆောင် နန်းဆုဦးပဲဖြစ်ပါတယ်။ နန်းဆုဦးနဲ့ ပြောဖြစ်ခဲ့သမျှတွေကို ပြန်လည် ဝေငှလိုက်ပါတယ်။

Q. အခုရိုက်နေတဲ့ဇာတ်ကားလေး အကြောင်းပြောပြပေးပါလား။
ဇာတ်ကားနာမည်က  လရောင်ဝိုင် ၊ ဒါရိုက်တာက ကိုရာဇဝင်ကို၊ မင်းသားက ကိုဇေရဲထက် ပါ။

Q.ညီမလေးပါဝင်ရတဲ့ ကာရိုက်တာကို ပြောပြပေးပါလား။
ဒီကားက အချစ်ဖန်စီကားလေးပါ။ ညီမဒီကားထဲမှာ ခပ်မာမာ၊  ခပ်တည်တည် ပွင့်ပွင့်လင်းလင်း ကောင်မလေးတစ်ယောက် ပုံစံပါ။ ကောင်လေးက တစ်ခုခုဆို ကြောက်တတ်တယ်။ မဝင့်မရဲနဲ့ …. ပျော့ပျော့လေးပေါ့။ ကာရိုက်တာမတူတဲ့ နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးပါ။

Q. ရုပ်ရှင်ကားကြီးတွေရော ရိုက်ဖို့လက်ခံထားတာရှိလား။
ရုပ်ရှင်ကားကြီးကတော့ ရိုက်ဖို့လက်ခံထားတာက ဝေးပါသေးတယ်။ အခုတစ်လောကတော့ ဗီဒီယိုကားတွေပဲ ရိုက်သွားဖို့ရှိပါတယ်။

Q.ချစ်သူများနေ့ကို ဘယ်လိုဖြတ်သန်းခဲ့လဲ။
ဒီကားရိုက်နေရင်းနဲ့ပဲ ဖြတ်သန်းခဲ့ပါတယ်။

Q.အဲဒါဆို နန်းဆုဦးအတွက် Valentine Day ကဘာမှအဓိပ္ပာယ် မရှိခဲ့ဘူးပေါ့။
Valentine Day ဆိုတာ ချစ်သူများနေ့ဖြစ်တဲ့အတွက် ချစ်သူရှိတဲ့သူတွေအတွက် ပျော်ရွှင်စရာနေ့လေး တစ်နေ့ဖြစ်တယ်။ နန်းဆုက Single ဖြစ်တဲ့အတွက် ချစ်သူရှိတဲ့သူတွေ ပျော်ရွှင်ပါစေလိုပဲ ဆုတောင်း ပေးတယ်။

Q.ညီမလေးရဲ့အနုပညာသက်တမ်းက ဘယ်လောက်ရှိပြီလဲ။ ကာရိုက်တာရောစုံပြီလား။
နန်းဆုရဲ့အနုပညာသက်တမ်းက (၃)နှစ်ကျော်ကျော်လေးပဲ ရှိပါသေးတယ်။ ကာရိုက်တာတွေကတော့ အရင်ကထက်စာရင် အများကြီးလုပ်ဖူးလာတယ်။ မလုပ်ဖူးသေးတဲ့ ကာရိုက်တာတွေလည်း အများကြီး ရှိသေးတယ်။ နန်းဆု လုပ်ချင်တဲ့ ကာရိုက်တာကတော့ လုပ်နေကျပုံစံထဲက မဟုတ်ပဲကွဲထွက်ပုံစံတွေ လုပ်ချင်တယ်။

Q. ထိုင်းမှာ ဇေရဲထက်နဲ့ သွားရိုက်သေးတယ်နော်၊ ပြည်ပမှာရိုက်တာနဲ့ ပြည်တွင်းမှာရိုက်တာ ဘယ်လို ကွာခြားမှုတွေရှိလဲ။
ပြည်ပမှာရိုက်တာက အရမ်းပင်ပန်းတယ်။ ပရိတ်သတ်တွေအနေနဲ့ အမြင်တော့ ဆန်းတယ်။ ဖက်ရှင် အနေနဲ့လည်း ထွင်လို့ရတယ်။ ပြည်တွင်းမှာကျတော့ ကိုယ်နိုင်ငံနဲ့ လိုက်အောင် ဝတ်ရတယ်။ပြည်ပမှာ ရိုက်တဲ့အခါ အဆင်မပြေမှုတွေ လည်းရှိတယ်။ ဘန်ကောက်မှာ သွားရိုက်တုန်းက လမ်းတွေလည်း အရမ်းကျပ်တယ်။ အဝတ်စားလဲရတာလည်း ခက်တယ်။ ဒီမှာလို ကိုယ်ကားနဲ့ ကိုယ်မဟုတ်ဘူး။ ကားတစ်စီးထဲမှာ အားလုံး စုစီးရတာဆိုတော့ အဆင်မပြေဘူး။

Q. ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတဲ့အပေါ် ညီမလေးရဲ့အမြင်ကိုပြောပြပေးပါလား။
အရင်ကထက်စာရင် အင်တာနက်ကို ဖုန်းနဲ့သုံးလိုရတော့ ဆိုရှယ်မီဒီယာကို သုံးတဲ့သူများလာတယ်။ ဖုန်းဈေးတွေကလည်း အရမ်းသက်သာသွားတော့ လူတိုင်းလည်း သုံးနိုင်တယ်။ နယ်ကလူတွေရော၊ မြို့ကလူတွေပါသုံးနိုင်တော့ အနုပညာရှင်တွေက ပရိတ်သတ်နဲ့ပိုပြီး နီးကပ်ခွင့်ရလာတယ်။ အဲဒီအတွက်တော့ ကောင်းပါတယ်။

Q. ညီမလေးရော အင်တာနက်ကို အမြဲသုံးဖြစ်လား။
ပရိတ်သတ်တွေ အတွက်ကိုပဲ အဓိက သုံးပါတယ်။ညီမရဲ့အနုပညာလှုပ်ရှားမှုတွေကို ပရိတ်သတ်တွေ သိအောင်သုံးဖြစ်တယ်။ Instagram မှာ ပုံတင်တယ်။

Q. အခုညီမလေးကိုင်ထားတဲ့ Phone Brand ကိုပြောပြပေးပါလား။
Iphone 7 ကိုင်ထားတာပါ။

Q. iphone ပဲ ကိုင်တာလား။
အင်း ဟုတ်တယ်။ iphone ရဲ့ ကင်မရာကိုကြိုက်လို့ ကိုင်ဖြစ်တာပါ။

Q. အင်တာနက်သုံးတဲ့အခါ Package ဝယ်ပြီးသုံးလား။
Package တော့ ဝယ်မသုံးဖြစ်ဘူး။ ပုံမှန်ပဲသုံးဖြစ်တယ်။ လိုင်းကလည်း မဆိုးပါဘူး။ ကိုယ် သုံးရင်တော့ သုံးသလောက်ကုန်မှာပဲလေ။

 

 

You may be interested

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်
Mobiles & Tablets, NEWS
346 shares89 views

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်

Ko Thuya - Sep 22, 2017

မကြာခင်ကပဲ Apple ဟာ ဖုန်း အစိတ်အပိုင်း ရရှိမှု အခက်အခဲများကြောင့် iPhone X ကို သတ်မှတ်ထားတဲ့ နေ့ရက်ထက် နောက်ကျပြီးမှ ရောင်းချနိုင်မယ်ဆိုတဲ့ သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း နောက်ထပ် သတင်းအရင်းအမြစ်တစ်ခုက လူအများစုဟာ ဒီနှစ်ထဲမှာ iPhone X ကို…

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap
Gadgets, NEWS
175 shares33 views

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap

Ko Thuya - Sep 22, 2017

စမတ်ဖုန်းများမှာ ကပ်ညိနေတဲ့ ရောဂါပိုးမွှားများဟာ အိမ်သာကထက်တောင် ပိုမိုများပြားတယ်ဆိုတဲ့ သုတေသနရလဒ်များစွာ ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများကို အမြဲတမ်း သန့်ရှင်းရေး ပြုလုပ်ပေးသင့်ပါတယ်။ သန့်ရှင်းရေး ပြုလုပ်ဖို့အတွက် ဆပ်ပြာများ၊ ပေါင်ဒါအမှုန့်များကို အသုံးပြုခြင်းဟာ ဖုန်းကို ပျက်ဆီးစေပါတယ်။ အဲဒီအတွက် PhoneSoap အမည်ရ…

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ
Security & Safety
138 shares47 views

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ

Zar Ni Nyein Tun - Sep 22, 2017

Cisco က လုံခြုံရေး သုတေသနများက ထုတ်ပြန်လိုက်တဲ့ သတင်းအရ လုံခြုံရေးချိုးဖောက်မှုတစ်ခုဝင်ရောက်လာပြီး သတိပေးချက်တွေမြည်ခဲ့တယ်လို့ဆိုပါတယ်။ပထမတော့ စက်ပစ္စည်းချွတ်ယွင်းမှုကြောင့် ထမြည်တဲ့မြည်သံလို့ထင်ပြီး ဟက်ကာတွေရဲ့ တိုက်ခိုက်မှုကို သတိပေးမှန်းမသိဖြစ်ခဲ့ပါတယ်။Cisco ဟာ စက်ပေါင်း 20ကျော်နဲက လည်ပတ်နေတဲ့ ကုမ္ပဏီတခုဖြစ်ပြီး ကုမ္ပဏီခွဲ 8 ခုရှိတာဖြစ်ပါတယ်။ဒုတိယအကြိမ် သတိပေးချက် အမြည်မှာ…

Most from this category