(၇) လက်မ သာရှိတဲ့ GPD Pocket အိတ်ဆောင် Windows, Ubuntu Laptop

GPD ဆိုတာကတော့ GamePad Digital ရဲ့ အတိုကောက်ဖြစ်ပြီး Android-based ဂိမ်းစက် အသေးစားလေး တွေထုတ်လုပ်အောင်မြင်နေတဲ့ တရုတ် ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်းမှာ Nitendo DS ပုံစံမျိုး GPD WIN ကိုထုတ်လုပ်ခဲ့ပြီး အတန်အသင့် လူကြိုက်များခဲ့ပါတယ်။

GPD Win-Face View-Open and Running Windows 10.jpg
GPD WIN

GPD အနေနဲ့ အခုအခါမှာလည်း ထုတ်ကုန်အသစ်တစ်ခုကို ပရိသတ်ဆီ မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ GPD Pocket လို့ နာမည်ပေးထားတဲ့ ဒီ device လေးဟာ အလုပ်အရမ်းများတဲ့သူတွေအတွက် အသင့်တော် ဆုံးဖြစ်အောင် စီမံထုတ်လုပ်ထားတာလို့ သိရပါတယ်။

GPD Pocket ဆိုတဲ့ အတိုင်း အိတ်ထဲကိုအလွယ်တကူသယ်ယူသွားနိုင်မယ့် (၇)လက်မအရွယ်သာရှိတဲ့ Laptop အသေးစားလေးဖြစ်ပါတယ်။ GPD Pocket ကို Windows 10 Home OS သုံး နဲ့ Ubuntu 16.04 LTS OS သုံးဆိုပြီး Options နှစ်မျိုးထုတ်လုပ်ထားပေမယ့် ဈေးနှုန်းနဲ့ hardware specs တွေအကုန်လုံးကတော့ အတူတူပဲ လို့သိရပါတယ်။

This slideshow requires JavaScript.

GPD Pocket ရဲ့ Specs တွေကတော့

  • 7-inch IPS multi-touch display (1920×1200)
  • Atom x7-Z8700 processor
  • 4 GB LPDDR3
  • 128GB storage
  • 7000 mAh battery
  • 802.11 a//ac/b/g/n Wi-Fi
  • Bluetooth 4.1
  • USB-C port , USB 3.1 Type A slot

SIM card slot နဲ့ Touch Pad တော့ မပါဝင်ဘူးလို့ သိရပါတယ်။

Source: SG

%d bloggers like this: