Pokemon Go မှာ အားလုံးစောင့်မျှော်နေတဲ့ feature နှစ်ခု ပါဝင်လာတော့မည်

Pokemon Go ကို တီထွင်ထုတ်လုပ်ခဲ့တဲ့ Niantic ရဲ့ တည်ထောင်သူနဲ့ CEO ဖြစ်သူ John Hanke ရဲ့ ပြောကြားချက် အရ Pokemon Go ရဲ့ ပရိသတ်အများစု မျှော်လင့် စောင့်စားနေတဲ့ feature နှစ်ခုကို မကြာခင်အချိန်အတွင်းမှာ ထည့်သွင်းပေးတော့မှာဖြစ်တယ်လို့သိရပါတယ်။

ဒီ feature နှစ်ခုကတော့ Pokemon Go စထွက်လာကတည်းက ပရိသတ်တွေရဲ့ တောင်းဆိုမှု အများဆုံးခံရတဲ့ ဆော့ကစားသူအချင်းချင်း Pokemon တွေ အလဲအလှယ် ပြုလုပ်နိုင်မယ့် Pokemon Trading feature နဲ့ ဆော့ကစားသူအချင်းချင်း Pokemon battle တွေပြုုလုပ် တိုက်ခိုက်နိုင်မယ့် Player Vs Player battles feature တို့ဖြစ်ပါတယ်။

Pokemon Trading feature ကတော့ ပရိသတ်တွေ အမျှော်လင့်ဆုံး feature တစ်ခုဖြစ်ပြီး ဆော့ကစားသူ တစ်ယောက်နဲ့တစ်ယောက် ပိုနေတဲ့ Pokemon တွေကို အချင်းချင်း လဲလှယ်ခြင်းက Pokedex မှာ မရှိသေးတဲ့ အကောင်းသစ်တွေကို ရရှိနိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။

Player Vs Player battles feature နဲ့ ပတ်သတ်လို့ကတော့ စည်းမျဉ်း စည်းကမ်းတွေ ဘာတစ်ခုမှ မသိရှိရ သေးတဲ့အတွက် မေးခွန်းထုတ်စရာတွေရှိနေပါ

တယ်။ ဆော့ကစားသူအချင်းချင်း Pokemon တွေတိုက်ခိုက်တဲ့ အခါ ရှုံးတဲ့ သူရဲ့ Pokemon ကို နိုင်တဲ့သူက ရမှာလား။ အဲလိုမဟုတ်ဘဲ Candy နဲ့ အခြားဟာတွေ ရမှာလား။ တိုက်မယ့်သူအချင်းချင်း ကြေးသတ်မှတ်လို့ရမှာလား။ (ဒါမှမဟုတ်) အပျော်သက်သက် စိန်ခေါ်ပြီး တိုက်ခိုက် ရုံပဲလား။ အစရှိတဲ့ မေးခွန်းတွေကို သိချင်တဲ့သူတွေ များပြားလို့နေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီ feature နှစ်ခုဟာ မကြာခင် အချိန်အတွင်းမှာ အမှန်တကယ်ပါဝင်လာတော့မှာ ဖြစ်တယ် ဆိုတဲ့ သတင်းဟာ Pokemon Go ဆော့ကစားနေတဲ့သူတွေအတွက် သတင်းကောင်းတစ်ခု ဖြစ်ရုံသာမက Pokemon Go ကို မဆော့တော့ဘဲ ရပ်နားထားတဲ့ သူတွေကိုပါ ပြန်လည်ဆော့ကစား ချင်အောင် စွဲဆောင် နိုင်မှာဖြစ်တယ်လို့ စောင့်ကြည့်သူတွေက သုံးသပ်ပြောဆိုလျက်ရှိပါတယ်။

Sorce: GS

%d bloggers like this: