MPT SIM card မှတ်ပုံတင်ခြင်းကို ကမ္ဘာ့ရတနာဘဏ်ခွဲများတွင် ဆောင်ရွက်နိုင်

MPT အနေနဲ့ သုံးစွဲသူများ မတ်လ (၃၁) ရက်နေ့မတိုင်မီ SIM card မှတ်ပုံတင်နိုင်ဖို့အတွက် ကမ္ဘာ့ရတနာဘဏ်(GTB) နဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပြီး သတင်းထုတ်ပြန်ချက်အရ MPT SIM card တွေကို နိုင်ငံတစ်ဝှမ်းက GTB ဘဏ်ခွဲပေါင်း (၁၁၉) ခုမှာ မှတ်ပုံတင် နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

MPT အနေနဲ့ SIM card မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုအတွက် ကမ္ဘာ့ရတနာဘဏ် နဲ့ ပူးပေါင်းဆောင်ရွက်သလို CB ၊ KBZ နှင့် AYA ဘဏ်တွေ နဲ့ လက်တွဲလုပ်ဆောင်လျက်ရှိပြီး Bestone mobile ဖုန်းဆိုင်တွေနဲ့ စာတိုက်တွေမှာလည်း မှတ်ပုံတင်နိုင်အောင် ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။

MPT-KSGM Joint Operations ရဲ့ Chief Commercial Officer ဖြစ်တဲ့ Mr. Koichi Kawase က “ အခုလို Global Treasure Bank နဲ့ ပူးပေါင်းလိုက်တဲ့အတွက် သုံးစွဲသူတွေဟာ SIM card မှတ်ပုံတင်ခြင်းကို မြန်မာ နိုင်ငံ တစ်ဝှမ်းက နောက်ထပ်နေရာပေါင်း ၁ဝဝ ကျော်မျာ မှတ်ပုံတင်နိုင်မှာဖြစ်ပါတယ်။ ဆင်းကတ်မှတ် ပုံတင်ခြင်းဟာ အနာဂတ်မှာ အရေးပါလာမှာဖြစ်တာကြောင့် သုံးစွဲသူတွေအနေနဲ့ မတ်လ (၃၁) ရက်နေ့ မတိုင်မီ မှတ်ပုံတင်ကြဖို့ ကျွန်တော်တို့က လေးလေးနက်နက်တိုက်တွန်းလိုပါတယ် “ ဟု ပြောကြားခဲ့တယ်လို့ သိရပါတယ်။

 

%d bloggers like this: