0 Shares 111 Views

HTC One A9 နှင့်ဒီဇိုင်းတူညီသော HTC One M10 သတင်းတွေပေါက်ကြားလာ

Feb 08, 2016
0 111

HTC ကြိုက်နှစ်သက်ကြသူတွေအတွက် ယခုတော့ ဖုန်းအသစ်တစ်မျိုးထွက်ဖို့အတွက် သတင်းတွေအင်တာနက်စာမျက်နှာတွေပေါ်မှာ ပေါက်ကြားလာပါတယ်။

ပေါက်ကြားထားတဲ့ ဓာတ်ပုံတွေအရ စမတ်ဖုန်းဟာ မနှစ်ကထွက်ခဲ့တဲ့ HTC One A9 နဲ့ အတော်ကိုတူညီတာကိုတွေ့ရပါတယ်။ ဒါကသိပ်ပြီးတော့တော့ ထူးဆန်းတာတောမဟုတ်ပါဘူး။ မနှစ်က HTC ရဲ့ထုတ်ပြန်ချက်တွေအရ One A9 ရဲ့ဒီဇိုင်းကို M နဲ့ Desire စီးရီးစမတ်ဖုန်းတွေမှာ ပြန်လည်မြင်တွေ့ရမယ်လို့ဆိုခဲ့ပါတယ်။ ကြီးမားတဲ့ကွဲပြားခြားနားချက်ကတော့ One M10 ဟာကြီးမားတဲ့ အရှေ့မျက်နှာကင်မရာပါဝင်လာတာဖြစ်ပါတယ်။

One A9 နဲ့တူညီတဲ့အချက်တွေကတော့ One M10 ဟာ Home ခလုတ်တစ်ခု ပါဝင်လာမှာဖြစ်ပြီး အဲ့ဒီ Home Buttom မှာ Fingerprint Scaner လုံခြုံရေးစနစ်ကို ပါဝင်စေမှာဖြစ်ပါတယ်။ ပုံအရ အသံတိုးလျှော့ခလုတ်နဲ့ ပါဝါခလုတ်တွေဟာ ဖုန်းရဲ့ညာဘက်ခြမ်းမှာ ပါလာပြီး အစောပိုင်းကထွက်ပေါ်ထားတဲ့ သတင်းတွေအရ BoomSound စနစ်ထောက်ပံ့ထားတဲ့ စပီကာနှစ်လုံး ရှိမှာဖြစ်ပါတယ်။

ပေါက်ကြားလာသည့် HTC One M10 ပုံရိပ်

ပေါက်ကြားလာသည့် HTC One M10 ပုံရိပ်

HTC One M10 ဟာ Android 6.0.1 Marshmallow စနစ်နဲ့အလုပ်လုပ်ဖို့ မျှော်လင့်ရပြီး မျက်နှာပြင်အကျယ် ၅.၁ လက်မနဲ့ QHD (1440×2560 pixels) Resolution ရှိတဲ့ မျက်နှာပြင်ပါဝင်လာမှာ ဖြစ်ပါတယ်။ Qualcomm Snapdragon 820 ပရိုဆက်ဆာ ပါဝင်လာဖို့များပါတယ်။ 4GB RAM၊ 32GB သိမ်းဆည်းနိုင်တဲ့မမ်မိုရီ၊ နောက်ထပ် SD ကဒ်ပါထပ်မံထောက်ပံ့နိုင်မှာပါ။

ကင်မရာအတွက်ကတော့ HTC ဟာ 12 Megapixel ရှိပြီး ထင်ရှားတဲ့ ကင်မရာလုပ်ဆောင်ချက်ကတော့ လေဆာထောက်ပံ့ Autofocus Feature ပဲဖြစ်ပါတယ်။ ကျောဘက်ရော၊ အရှေ့မျက်နှာ ကင်မရာ တွေပါ OIS လို့ခေါ်တဲ့ တည်ငြိမ်မြင်ကွင်းပုံရိပ်စနစ် ပါဝင်မှာပါ။ အရင်ဖုန်းတွေနဲ့ မတူညီတာကတော့ One M10 ဟာ အသံထွက်ကောင်မွန်တဲ့ BoomSound စပီကာတွေ ထောက်ပံ့ပေးထားခြင်းပဲဖြစ်ပါတယ်။

HTC One M10 အတွက် ဈေးနှုန်းကိုအတိအကျမသိရသေးသလို လာမယ့် ၂၁ရက်နေ့ ဘာစီလိုနာမှာကျင်းပမယ့် ကမ္ဘာ့မိုဘိုင်းကွန်ဂရက်မှာလည်းထုတ်ပြန်ဖွယ်မရှိသေးပါဘူး။

Ref: Gadgets360

You may be interested

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
0 shares0 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
73 shares174 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ
FEATURES, gadgets
88 shares151 views

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ

Ko Thuya - Feb 18, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍအတွက် ဒီတစ်ပတ်ထွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Tzoa Wearable Evniro-Tracker Tzoa…

Leave a Comment

Most from this category