တစ်ပတ်အတွင်း အကောင်းဆုံး Android Game အသစ် (၅)မျိုး

ကမ္ဘာပေါ်မှာ Android အသုံးပြုသူတွေ အမြောက်အများရှိကြတဲ့အလျောက် Android ဂိမ်းတွေကလည်း အချိန်နဲ့အမျှ အသစ်အသစ်တွေ ထွက်ရှိလို့နေပါတယ်။ အသစ်ထွက်ရှိလာသမျှ ဂိမ်းတွေထဲမှာ ပရိသတ်တွေ အလွန်အမင်းနှစ်ခြိုက်ကြလို့ ကမ္ဘာကျော်သွားတဲ့ဂိမ်းတွေရှိသလို Play Store ပေါ်မှာ လူမသိ သူမသိ စွာနဲ့ ဒီအတိုင်း သောင်တင်နေတဲ့ Game တွေလည်း အမြောက်အများတည်ရှိနေပါတယ်။ ဂိမ်းအဟောင်းတွေကို စွဲစွဲမြဲမြဲ ဆော့ကစားနေကြသူတွေအတွက် ခံစားမှုအသစ်တွေ ထပ်မံခံစားစေနိုင်ဖို့ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ထွက်ရှိခဲ့သမျှ Android ဂိမ်းတွေထဲက အကောင်းဆုံး ဂိမ်း (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Beat Racer

ဒီ ဂိမ်းက Android အတွက်သာ မက iOS အတွက်ပါ ထွက်ရှိထားတာဖြစ်ပါတယ်။ စွဲမက်စရာ ရုပ်ထွက်နဲ့ နောက်ခံတီးလုံးက လက်ကမချဘဲ ဆော့ကစာချင်အောင် စွဲဆောင်မယ့်အပြင် ဂိမ်းရဲ့ ပုံစံကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ Running Game သဘောမျိုးဖြစ်ပြီး အရမ်းလန်းတဲ့ ဒီဇိုင်းနဲ့ ဖန်တီးထား တဲ့ ကားတွေကို လမ်းပေါ်မှာ စွန့်စွန့်စားစား မောင်းနှင် ရင်း အန ္တရာယ်တွေကို ရှောင်ကွင်းရမှာပါ။

Download Here

Gravity Duck Islands

အလွန်စိတ်ဝင်စားစရာ ကောင်းတဲ့ ဂိမ်းတစ်ခုနဲ့ ထပ်မံမိတ်ဆက်ပေးချင်ပါတယ်။ ဒီဂိမ်းရဲ့ ရုပ်ထွက်နဲ့ ပုံစံဟာ ငယ်ငယ်ကဆော့ကစားဖူးခဲ့ကြတဲ့ Mario ဂိမ်းပုံစံနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ထူးထူးခြားခြားနဲ့ ဆွဲဆောင်မှု ရှိစေတဲ့အရာကတော့ ဂိမ်းရဲ့ နာမည်မှာပါဝင်တဲ့ Gravity ဆိုတဲ့အတိုင်း ဆွဲအားတွေ ကမောက်ကမ ဖြစ်နေတဲ့ ကျွန်းတွေပေါ်မှာ သွားလာလှုပ်ရှားရမှာဖြစ်ပါတယ်။ Trailer video မှာပြထားသလိုပဲ ပုံမှန်ဆွဲအားရှိတဲ့ နေရာ၊ ဆွဲအားဗြောင်းပြန်ဖြစ်နေတဲ့ နေရာတွေနဲ့ ဆွဲအားမရှိတဲ့နေရာတွေမှာ အဆူးတွေကို မထိမိအောင် ရှောင်းရင်း တိမ်းရင်း ဆော့ကစားရမှာဖြစ်ပါတယ်။ တစ်ခုရှိတာက ဒီဂိမ်းက အခမဲ့မဟုတ်ပါဘူး (၃.၉၉) ဒေါ်လာနဲ့ ဝယ်ယူရမှာပါ။

Download Here

Gentleman Ninja

ဒီဂိမ်းကိုလည်း အားလုံးသဘောကျမှာသေချာပါတယ်။ Gentleman Ninja ဆိုတဲ့အတိုင်း ဂုဏ်သရေရှိ လူကြီးလူကောင်း နင်ဂျာ ကြီးက လမ်းမှာရှိတဲ့ အပြာရောင်နဲ့ အနီရောင် ရန်သူတွေကို ဖြိုခွင်းရမှာပါ။ စွဲဆောင်မှုရှိတဲ့ Ninja design တွေအများကြီးကိုလည်း ရွေးချယ်နိုင်မှာဖြစ်ပြီး Running Game ပုံစံ ဂိမ်းတစ်ခု လည်းဖြစ်ပါတယ်။ ထူးခြားတာက သာမန် Running Game တွေလိုမဟုတ်ဘဲ ပြေးနေတဲ့ လမ်းတစ်လျှောက်မှာ အပြာရောင်ရန်သူကို ခုတ်ဖို့ အပြာခလုတ်ကိုနှိပ်ရမှာဖြစ်ပြီး အနီရောင်ရန်သူကို ရှင်းဖို့ အနီခလုတ်ကို နှိပ်ရမှာ ဖြစ်ပါတယ်။ Guitar Hero လိုပုံစံမျိုး အရောင်အလိုက် ခလုတ်ကို အချိန်ကိုက် နှိပ်ပေးရမှာဖြစ်ပါတယ်။

Download Here

Gunman Taco Truck

ကမ္ဘာပျက်ကိန်းဆိုက်ရောက်နေပါပြီ။ ထူးဆန်းတဲ့အကောင်တွေ၊ Zombie တွေ နဲ့ စုန်းမတွေဟာ ကမ္ဘာမြေကြီး ကိုဖျက်စီးနေပြီး လူသားတွေကို သတ်ဖြတ်နေပါတယ်။ သင့်မှာ Truck ကားတစ်စီးနဲ့ လက်နက်တွေရှိတဲ့အတွက် တစ်မြို့ဝင် တစ်မြို့ထွက် မကောင်းဆိုးဝါးတွေကို နှိမ်နင်း ပြီး အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်ရမှာပါ။ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်ပြီးတဲ့အခါ အစားအစာတွေကြွေးရင် ဒါမှမဟုတ် လမ်းပေါ်မှာ ကားမောင်းနေရင်းနဲ့ ပိုက်ဆံတွေရပါတယ်။ ရလာတဲ့ ပိုက်ဆံတွေနဲ့ သင့်အတွက် လိုအပ်မယ့် ပစ္စည်းကိရိယာတွေကို ဝယ်ယူကာ ကမ္ဘာကြီး အတွက် အကောင်းဆုံး ကြိုးစားဆောင်ရွက်ပေးရမှာပါ။

Download Here

Tomb of the Mask

သင့်ကိုယ်သင် လျင်မြန်ဖျတ်လတ်သူတစ်ယောက် လို့ ယူဆထားတယ်ဆိုရင် ဒီဂိမ်းကို ဆော့ကစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ Arcade game အမျိုးအစားဖြစ်ပြီး လျင်လျင်မြန်မြန်ရွေ့လျားနေတဲ့ အရာတွေ အတွက် တော်တော်လေးကို မျက်စိရှုပ်နိုင်ပါတယ်။ ဒါပေမယ့် ဂိမ်းရဲ့ ဖွဲ့စည်းပုံနဲ့ ဖန်တီးထားတဲ့ idea က အရမ်းလန်း လွန်းတဲ့အတွက် ပရိသတ်တွေကို အကောင်းဆုံးစွဲဆောင်နိုင်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Trailer ကိုကြည့်လို့ သဘောကျ ရင် Download ချ လိုက်ပါတော့ … ။

Download Here

Ref: Android&Me

%d bloggers like this: