0 Shares 25 Views

Android နဲ့ iOS တို့ကို မယှဉ်ပြိုင်နိုင်တာကြောင့် Firefox OS စနစ်ကို Mozilla ရပ်နား

Feb 08, 2016
0 25

Google ရဲ့ Android OS ၊ Apple ရဲ့ iOS တို့နဲ့အတူ ယှဉ်ပြိုင်နိုင်ဖို့အတွက် Firefox စမတ်ဖုန်းလည်ပတ်မှုစနစ် (Smartphone OS) ကို လွန်ခဲ့တဲ့သုံးနှစ်လောက်မှာ Mozilla က စတင်ထုတ်လုပ်ခဲ့ပါတယ်။

ဒါပေမယ့် စိတ်မကောင်းစွာပဲ၊ Firefox OS ဟာ Android၊ iOS တို့နဲ့ ယှဉ်ပြိုင်နိုင်မှုမရှိတာကြောင့် ရပ်ဆိုင်းရတော့မှာ ဖြစ်ကြောင်း ရေးဆွဲသူ developer တွေက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

Mozilla developer အဖွဲ့က open-source စနစ်အဖြစ် ထုတ်လုပ်ပေးခဲ့တဲ့ Firefox OS ဟာ မိုဘိုင်းဖုန်းတွေမှာ ထင်သလောက်အောင်မြင်မှုမရရှိခဲ့တာကြောင့် ရပ်ဆိုင်းလိုက်ရတာဖြစ်ကြောင်း Mozilla developer တစ်ဦးဖြစ်သူ George Roter က ကြေငြာချက်မှာ ရေးသားထားပါတယ်။

မကြာသေးမီကထုတ်ပေးခဲ့တဲ့ Firefox OS 2.6 နောက်ပိုင်းမှာ နောက်ထပ်အဆင့်မြှင့်တင့်မှုတွေ၊ update ပံ့ပိုးမှုတွေကို လုပ်ပေးတော့မှာမဟုတ်ကြောင်း သိရှိရပါတယ်။

၂၀၁၃ ခုနှစ်မှာ၊ Mozilla ဟာ စပိန်အခြေစိုက် GeeksPhone ကုမ္ပဏီနဲ့ပူးပေါင်းကာ Firefox OS သုံး တန်ဖိုးနည်းဖုန်းနှစ်မျိုးကို ထုတ်လုပ်ခဲ့ရာမှာ အောင်မြင်မှုမရရှိခဲ့သလို၊ ZTE နဲ့ TCL ကုမ္ပဏီတို့ကလည်း ဒေါ်လာ ၂၅ ဒေါ်လာလောက်သာရှိတဲ့ Firefox OS သုံးစမတ်ဖုန်းတွေကို ထုတ်ပေးခဲ့ရာမှာလည်း အောင်မြင်မှုမရရှိခဲ့တာ ကိုတွေ့ရပါတယ်။

Ref: Gadgets360

 

You may be interested

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ
Chipset, Knowledge, Mobiles & Tablets
360 shares568 views

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ

zayarsan - Jul 25, 2017

ဝန်ထမ်းဦးရေ အယောက် ၅၀ သာ ရှိပေမယ့် အမေရိကန်ကုမ္ပဏီလောကမှာတော့ ၀န်ထမ်းတွေရဲ့ ခန္ဓာကိုယ်ထဲကို MicroChips တွေ ကနဦး ထည့်သွင်းခဲ့တဲ့ ကုမ္ပဏီ ဖြစ်လာပြီး အခုအချိန်မှာတော့ အဲဒီ ကိစ္စရပ်အတွက် ဝေဖန်မှုပေါင်းများစွာ နဲ့ ရင်ဆိုင်နေရပြီး လူ့အခွင့်အရေး အဖွဲ့အစည်းများစွာကလည်း တရားစွဲဖို့အထိ…

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု
FEATURES, Games, Softwares & Application
517 shares328 views

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု

Ko Thuya - Jul 25, 2017

ဒီနေ့ခေတ်မှာ သင် ၀ါသနာ ပါတဲ့ ပညာရပ်များကို အွန်လိုင်းကနေ သင်ကြားနိုင်ပါပြီ။ Programming ကို လေ့လာချင်သူများအတွက်လည်း အွန်လိုင်းမှာ သင်တန်းများ၊ ၀က်ဆိုက်များစွာ ရှိနေပါပြီ။ ကုဒ်ရေးနည်း သင်ပေးတဲ့ အခမဲ့ ဂိမ်းများတောင် ပေါ်နေပါပြီ။ ဂိမ်းတစ်ခုထဲကနေ ကွန်ပြူတာ ဘာသာစကားများကို ပြည့်စုံအောင်…

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့
ASUS, Gadgets, HUBS
274 shares197 views

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့

zayarsan - Jul 25, 2017

ရုရှနိုင်ငံမှာ ZenFone 4 Max ကို စတင်လွှင့်ထုတ်ခဲ့ပြီးနောက် ASUS ဟာ သူရဲ့ ဗားရှင်း ZenFone 4 ရဲ့ ကင်မရာ အရည်အသွေးကို ၀င့်ဝင့်ကြွားကြွားပဲ ထုတ်ဖော်ပြသခဲ့တယ် လို့ ဆိုပါတယ်။ ထုတ်ဖော်ပြခဲ့တဲ့ ဓါတ်ပုံတွေအရ ZenFone 4…

Leave a Comment

Most from this category