Apple ရဲ့ နာမည်ကျော် app တွေ Android မှာ ထပ်မံထွက်ရှိလာဖွယ်ရှိ

Feb 07, 2016
0 5

လွန်ခဲ့တဲ့နိုဝင်ဘာလတုန်းက၊ Apple Music app ဟာ Google Play မှာ ထွက်ရှိခဲ့ပြီး၊ Android အတွက် ပထမဆုံး Apple app ဖြစ်ခဲ့ပါတယ်။ အခုအခါမှာတော့ Cupertino အခြေစိုက် Apple ကုမ္ပဏီဟာ iOS ရဲ့ တခြားနာမည်ကြီး app တွေကိုလည်း google ရဲ့ မိုဘိုင်း OS Android ဆီ ယူဆောင်လာဖို့ ပြင်ဆင်လျက် ရှိပါတယ်။

မကြာသေးမီက Apple ကုမ္ပဏီဝန်ထမ်းတွေအတွက် ကျင်းပပြုလုပ်ခဲ့တဲ့ ‘Town Hall’ ပွဲမှာလည်း Apple CEO Tim Cook က ဒီသတင်းနဲ့ပတ်သတ်ပြီး အရိပ်အမြွက်ပြောဆိုခဲ့ပါသေးတယ်။

Tim Cook ရဲ့ အဆိုအရ Apple Music ကို Android အတွက် ထုတ်ခဲ့တာဟာ “ မြေစမ်းခရမ်းပျိုး” အနေနဲ့ ဖြစ်ပြီး၊ Android ပလက်ဖောင်းကို နောက်ထပ် Apple ၀န်ဆောင်မှုတွေ ထပ်ပေးနိုင်မလားဆိုတာ သိရှိနိုင်ဖို့ ဖြစ်တယ်လို့ Tim Cook က ပြောကြားခဲ့ပါတယ်။

ခန့်မှန်းရတာကတော့ တစ်ချိန်မှာ Android သုံးသူတွေအနေနဲ့ Apple ရဲ့ iCloud တို့ iMesssage တို့ကို ၀င်ရောက်သုံးစွဲခွင့်ရတော့မှာဖြစ်ပါတယ်။ လောလောဆည်တော့ Android သုံးသူတွေအနေနဲ့ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်နေဖို့လိုပြီး၊ Apple ကုမ္ပဏီအနေနဲ့လည်း မကြာခင်ကာလအတွင်းမှာ၊ အသေးစိတ်သတင်းတွေကို ဆက်လက်ကြေငြာသွားဖွယ်ရှိနေပါတယ်။

Ref: GSM Arena

You may be interested

iPhone 7 ပိုင်ရှင်များ iPhone 8 မ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း
cameras, FEATURES, Mobile & Tablets
500 shares151 views

iPhone 7 ပိုင်ရှင်များ iPhone 8 မ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း

Ko Thuya - Sep 21, 2017

ဒီနေ့ခေတ်မှာ iPhone ၀ယ်ဖို့ အတွက် ရွေးချယ်စရာများစွာ ရှိပါတယ်။ ၃၅၀ ဒေါ်လာတန် iPhone SE ကနေ ဒေါ်လာ ၁၀၀၀ တန် iPhone X အထိ အစားစား ရှိပါတယ်။ ဘယ်ဖုန်းဟာ သင်နဲ့ သင့်တော်သလဲဆိုတာတော့ မသိပါဘူး။…

iOS 11 ရဲ့ အကောင်းဆုံး Features များ
Apple, FEATURES, HUBS
133 shares70 views

iOS 11 ရဲ့ အကောင်းဆုံး Features များ

Ko Thuya - Sep 21, 2017

Apple က iOS 11 ကို တစ်ကမ္ဘာလုံးအတွက် ဖြန့်ချီပေးလိုက်ပါပြီ။ အဲဒီအတွက် iOS 11 ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။ Control Center ကို Customize ပြုလုပ်ခြင်း။ iOS 10 ရဲ့ Control…

Motorola ၏ မကြာမီ လပိုင်းအတွင်းထွက်ရှိလာတော့မယ့် Moto X4
Google, Mobiles & Tablets, Motorola
193 shares40 views

Motorola ၏ မကြာမီ လပိုင်းအတွင်းထွက်ရှိလာတော့မယ့် Moto X4

Zar Ni Nyein Tun - Sep 21, 2017

Android ဖုန်းတလုံးဖြစ်တဲ့ Motorola Moto X4 ကို အမေရိကန်မှာ မကြာခင်ရောင်းချတော့မယ်လို့ သိရပါတယ်။Google နဲ့ Motorola ရဲ့ ပေါင်းစပ်မှုဖြစ်တဲ့ Moto X4 ဟာ Google Project Fi wireless system ပါဝင်ပါတယ်။ X4…

Leave a Comment

Most from this category