0 Shares 28 Views

အတုအယောင် download buttonတွေကို Google ရဲ့ Safe Browsing က ဖြေရှင်းပြီ

အတုအယောင် download button တွေကို Google ရဲ့ Safe Browsing က အာရုံစိုက်ဖြေရှင်းနေပြီလို့ သတင်းရရှိပါတယ်။

ဝဘ်ဆိုဒ်တစ်ခုကို browsing လုပ်နေတုန်း၊ စိတ်ချရတယ်ထင်ပြီး download လုပ်ရာက နောက်ထပ်ကြော်ငြာ tab တစ်ခုပေါ်လာတာမျိုး၊ Malware တွေဝင်လာတာမျိုး သင် ဘယ်နှခါကြုံဖူးပါသလဲ။ ကိုယ်လိုချင်တဲ့ ဖိုင်ကို download လုပ်ဖို့ download button ပေးထားပေမယ့် ကိုယ်မလိုအပ်တဲ့ တခြားဖိုင်တွေ ထွက်လာတာတွေလည်း ရှိပါသေးတယ်။

Google က ဒါကို ဖြေရှင်းဖို့ သဘောတူပါတယ်။ Browser မှာ သင်မသွားချင်တဲ့နေရာကို အရောက်ပို့ပေးမယ့် button လိုမျိုး လှည့်စားတဲ့ content တွေပါရှိနေရင် Chrome မှာပါတဲ့ Safe browsing feature က သင့်ကို သတိပေးချက်ပြုမှာဖြစ်ပါတယ်။

“နိုဝင်ဘာလတုန်းက ကျွန်တော်တို့ ထုတ်ပြန်ခဲ့တဲ့ social engineering policy မှာပါတဲ့အတိုင်းပဲ၊ ဝဘ်စာမျက်နှာတစ်ခုပေါ်မှာ ads ကြော်ငြာတွေလိုများ မြှုပ်ထားတဲ့ content တွေဟာ အတုအယောင်တွေလား ယုံကြည်စိတ်ချမှုရော ရှိရဲလားဆိုတာကို social engineering က ထည့်သွင်းစဉ်းစားမှာပါ။” လို့ Google က blogspot မှာပြောထားပါတယ်။

ဝဘ်ဆိုဒ်တွေပေါ်မှာ social engineering တိုက်ခိုက်မှုအလားအားတွေကနေ အသုံးပြုသူတွေကို Safe Browsing feature က ကာကွယ်ပေးဖို့ကို Google က အဆင့်မြှင့်ခဲ့တာဖြစ်ပါတယ်။

Ref: PCmag

You may be interested

Face Recognition ပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို ဖန်တီးနေတဲ့ Nvidia
NEWS
0 shares0 views

Face Recognition ပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို ဖန်တီးနေတဲ့ Nvidia

Ko Thuya - Feb 19, 2018

Nvidia က ဥာဏ်ရည်တု နည်းပညာ ကုမ္ပဏီ AnyVision နဲ့ ပူးပေါင်းပြီး မျက်နှာအာရုံခံ နည်းပညာပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို တီထွင်နေပါတယ်။ အဲဒီ ကင်မရာများဟာ ကမ္ဘာအ၀န်းမှ စမတ် မြို့တော်များအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ လက်ရှိ အသုံးပြုနေကြတဲ့ CCTV…

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
203 shares92 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
149 shares346 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

Leave a Comment

Most from this category