0 Shares 26 Views

iOS မှာ Instagram အကောင့်သုံးလေးခု အဆင်သင့်ပြောင်းသုံးနိုင်ပြီ

Feb 07, 2016
0 26

လွန်ခဲ့တဲ့နှစ်၊ နိုဝင်ဘာလမှာ Instagram ကို Android က အသုံးပြုသူတွေအနေနဲ့ အကောင့်သုံးလေးခုကို Sign out လုပ်လိုက်၊ ပြန်ဝင်လိုက် လုပ်စရာမလိုဘဲ အဆင့်သင့်ပြောင်းသုံးနိုင်တဲ့ဝန်ဆောင်မှုကို Instagram က စတင်စမ်းသပ်ပေးအပ်ခဲ့ပါတယ်။

ယခုအခါမှာတော့ အဆိုပါဝန်ဆောင်မှုကို iOS အသုံးပြုသူအတွက် ထပ်မံထုတ်ပေးလိုက်ပါပြီ။ လက်ရှိမှာတော့ တစ်ချို့ iOS အသုံးပြုသူတွေထံမှာပဲ ရရှိနိုင်သေးပြီး၊ မကြာခင်အချိန်အတွင်းမှာ iOS အသုံးပြုသူ အကုန်လုံး ရရှိနိုင်မယ်လို့မျှော်လင့်ရပါတယ်။

စာဖတ်သူရဲ့ iOS ဖုန်း၊ တက်ဘလက်မှာကော Instagram အကောင့်အများကြီးထည့်သုံးလို့ရလားသိချင်ရင်၊ Instagram app ထဲက Option ကို ၀င်ပြီး၊ အောက်ဆုံးထိဆွဲချလိုက်ပါ။ တကယ်လို့ စာဖတ်သူအတွက်လည်း Instagram က အစမ်းထုတ်ပေးထားတယ်ဆိုရင် ‘Clear Search History’ ဆိုတဲ့ ခလုတ်အောက်မှာ ‘Add Acoount’ ဆိုတဲ့ခလုတ်လေး ပေါ်နေမှာဖြစ်ပါတယ်။ အဆိုပါ ‘Add Account’ ကနေ နောက်ထပ် Instagram အကောင့်တွေကို ထည့်ပြီး အကောင့်တစ်ခုကနေ တစ်ခု အလွယ်တကူပြောင်းသုံးနိုင်ပါတယ်။

Instragram ဟာ ၂၀၁၅ နှောင်းပိုင်းမှာ Android အသုံးပြုသူတွေနဲ့ Multiple-account support ကို စတင်စမ်းသပ်ခဲ့ပြီး၊ ယခုလည်း iOS သုံးသူတွေအတွက် စတင်စမ်းသပ်ခဲ့တယ်ဆိုတော့၊ မကြာခင်အချိန်အတွင်းမှာ iOS ကော Android သုံးသူတွေအတွက်ပါ ထုတ်ပေးသွားဖွယ်ရှိနေပါတယ်။

Ref: Engadget

 

 

 

 

 

You may be interested

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu
Automobiles, NEWS
76 shares8 views

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu

Ko Thuya - Sep 23, 2017

တရုတ်နိုင်ငံရဲ့ Google လို့ တင်စားခြင်းခံရတဲ့ Baidu က စက်ရုပ်ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Apollo Fund စီမံကိန်းကနေ လာမယ့် ၃ နှစ်အတွင်းမှာ မောင်းသူမဲ့ ကား စီမံကိန်း ၁၀၀…

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်
NEWS, Security & Safety
71 shares6 views

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်

Ko Thuya - Sep 23, 2017

လုံခြုံရေး စက်ရုပ်များကို တီထွင်နေတဲ့ Knightscope Company က စက်ရုပ်အသစ်များကို ပြသလိုက်ပါတယ်။ စက်ရုပ်များကို K7 လို့ အမည်ပေးထားပြီး ဘီးလေးဘီး တပ်ဆင်ထားပါတယ်။ K7 ဟာ ၅ ပေကျော် အရပ်မြင့်ပြီး ၇ ပေနီးပါး အရှည်ရှိပါတယ်။ စက်ရုပ်ဟာ…

Huawei က ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်းကို မိတ်ဆက်
Mobiles & Tablets, NEWS
309 shares184 views

Huawei က ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်းကို မိတ်ဆက်

Ko Thuya - Sep 23, 2017

Huawei က တရုတ်မှာ Maimang 6 အမည်ရ စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ကို အခြားနိုင်ငံများမှာ Mate 10 Lite အမည်ဖြင့် ရောင်းချနိုင်ပါတယ်။ Huawei Maimang 6 မှာ ၅.၉ လက်မ Full…

Leave a Comment

Most from this category