0 Shares 19 Views

၂၀၃၀ ပြည့်နှစ်မှာ Facebook သုံးစွဲသူ ၅ဘီလျံရှိလာဖို့မျှော်မှန်းထားတဲ့ Mark Zuckerberg

သင့်အနေနဲ့နောက်လာမယ့်နှစ်တွေမှာ လူဘယ်လောက်ကို Facebook ကဆွဲဆောင်ထားနိုင်မယ်လို့မျှော်မှန်းထားပါသလဲ။ CEO ဖြစ်သူ Mark Zuckerberg ကတော့ လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ သုံးစွဲသူ ၅ဘီလျံလောက်ရှိလာဖို့ ယုံကြည်တယ်လို့ဆိုပါတယ်။

Zuckerberg ကသူ့ရဲ့ Facebook ရုံးခွဲဖွင့်တဲ့ပွဲတစ်ခုမှာ သူ့ရဲ့အင်အားကြီးလူမှုကွန်ယက်မီဒီယာကြီးအနေနဲ့ ၂၀၃၀မှာ သုံးစွဲသူ သန်းငါးထောင်လောက်အထိရှိလာဖို့မျှော်မှန်းကြောင်းပြောဆိုခဲ့တာပါ။ လက်ရှိမှာ Facebook ကိုလစဉ်အသုံးပြုသူ ၁.၅ဘီလျံရှိပါတယ်။

စိတ်ဝင်စားစရာကောင်းတာက လက်ရှိကမ္ဘာ့လူဦးရေ ၅ဘီလျံမှာ နောက်ကျရင်တိုးလာမယ့် ၇ဘီလျံအထိကိုကျော်ပြီးမျှော်မှန်းခဲ့တာဖြစ်ပါတယ်။ နောက်ထပ်အများဆုံးခန့်မှန်းထားတဲ့လူဦးရေကတော့ ၂၀၃၀ မှာ ၈.၅ဘီလျံဖြစ်ပါတယ်။ Zuckerberg ရဲ့အမြင်ဟာ ထပ်မံတိုးလာမယ့် ၈.၅ဘီလျံနဲ့တွက်ရင်တောင် မမှန်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ Facebook ရဲ့လက်ရှိ၁၂နှစ်အတွင်းမှာတောင် သုံးစွဲသူ ၁.၅ဘီလျံရှိပြီး နောက်ထပ်၁၄နှစ်စာဆိုရင်တောင် ၃ဘီလျံလောက်ပဲရနိုင်ဖို့ မျှော်လင့်လို့ရမှာပါ။

ဒါပေမယ့်ထပ်မံဖြည့်တွေးရင် ကနဦးအစပြုလုပ်စဉ်က ဘယ်သူမှဒီလောက် အသုံးပြုကြလိမ့်မယ်လို့မျှော်လင့်ထားခြင်းမရှိခဲ့ပါဘူး။ ယခုဆိုရင် ကြီးမားတဲ့အခြေခံအုတ်မြစ်နဲ့အတူ နောက်ထပ်ထပ်မံချဲ့ထွင်နေတဲ့ လုပ်ငန်းစဉ်တွေကြောင့် တဖြည်းဖြည်းချင်းပြိုင်ဘက်တွေကိုနောက်ကောက်ချထားနေတာကိုလည်း တွေ့ရမှာပါ။ ဒါကြောင့်သူပြောသလို တကယ်ဖြစ်လာမဖြစ်လာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: Gadgets360

You may be interested

LG ရဲ့ လေဆိပ် ဧည့်လမ်းညွှန် စက်ရုပ်
NEWS, Tech Update
0 shares0 views

LG ရဲ့ လေဆိပ် ဧည့်လမ်းညွှန် စက်ရုပ်

Ko Thuya - Jul 22, 2017

တောင်ကိုရီးယားမှာ လာမယ့်နှစ်တွင် ကျင်းပမယ့် Winter Olympics ပွဲအတွက် LG က နိုင်ငံရဲ့ အကြီးမားဆုံး လေဆိပ်မှာ စက်ရုပ်များကို စမ်းသပ်နေပါတယ်။ ဒီနေ့ကစပြီး ဆိုးလ်မြို့ရဲ့ အင်ချီယွန် နိုင်ငံတကာ လေဆိပ်မှာ LG ရဲ့ Airport Guide Robot…

Samsung က Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများ ဝေငှ
Mobiles & Tablets, NEWS
99 shares39 views

Samsung က Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများ ဝေငှ

Ko Thuya - Jul 22, 2017

Samsung က သြဂုတ်လ ၂၃ ရက်နေ့မှာ နယူးယောက်စီးတီးတွင် ကျင်းပမယ့် Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများအား မီဒီယာများထံ ဝေငှလိုက်ပါတယ်။ ဖိတ်စာမှာတော့ Galaxy Note 8 ကို မိတ်ဆက်မယ်လို့ မရေးသားထားဘဲ Do bigger…

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် (သို့မဟုတ်) iPhone Pro
Apple, HUBS, Mobiles & Tablets
687 shares1613 views

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် (သို့မဟုတ်) iPhone Pro

zayarsan - Jul 21, 2017

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် လို့ နာမည်ကြီးနေတဲ့ အမျိုးအစား က ဘာများပါလိမ့်...ဆိုတဲ့ မေးခွန်းဟာ လတ်တလောမှာ Apple ထုတ်ကုန်တွေကို စောင့်ကြည့်လေ့လာနေသူတိုင်းအတွက် ခေါင်းစားစေတဲ့ မေးခွန်းတစ်ခု ဖြစ်တယ် လို့ DailyMail က သုံးသပ်ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတဲ့…

Leave a Comment

Most from this category