တရုတ်ဈေးကွက် မှာ OPPO ဖုန်းတွေ အရောင်းရဆုံး စံချိန် ရောက်ရှိခဲ့

၂၀၁၆ ခုနှစ် အတွက် စစ်တမ်းတွေကို ထုတ်ပြန်ခဲ့တဲ့ သတင်းတွေ အရ Apple, Xiaomi , Huawei တို့ကို ကျော်လွှားပြီး Oppo ဖုန်းရောင်းအား ဟာ တရုတ်ဈေးကွက် ကို လွှမ်းခြုံလုနီးပါး ဖြစ်ခဲ့ရတယ် လို့ TechCruch ရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။

အခု စာရင်းဟာ ပြီးခဲ့တဲ့ နှစ် က တရုတ်နိုင်ငံ ရဲ့ စမတ်ဖုန်းဈေးကွက် နဲ့ ရောင်းအား၊ ဝယ်လိုအားတွေ အပေါ်မှာ မူတည်ပြီး တွက်ချက်ခဲ့တာ ဖြစ်တယ် လို့ ဆိုပါတယ်။ Opp0 နဲ့ Vivo ကို ဂေါင်ဇူးအခြေစိုက် BBK ကုမ္ပဏီ က ပိုင်ဆိုင်တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ တဟုန်ထိုး တက်လာခဲ့တဲ့ တရုတ်နည်းပညာ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ OPPO ဖုန်းတွေဟာ AMOLED မျက်နှာပြင် ၊ စွမ်းရည်မြင့် Specs တွေကို ထည့်သွင်းပေးအပ်ထားခဲ့ပေမယ့် ဈေးနှုန်းကတော့ သင့်တင့်တဲ့ မျှခြေဈေးနှုန်း ရှိနေခြင်း ကလည်း ဖုန်းတွေကို ရောင်းအားတက်စေတဲ့ အကြောင်းခြင်းရာ တစ်ခု ဖြစ်တယ် လို့ ဈေးကွက် ကျွမ်းကျင်သူတွေ က အကဲဖြတ်ပါတယ်။

IDC ရဲ့ အစီရင်ခံစာအရ Oppo ဟာ ကုမ္ပဏီစတင်တည်ထောင်ပြီးခဲ့တဲ့ အချိန်ကစလို့ အခုအချိန်အထိ ၇၈.၄ သန်း လုံးရေ ခန့်ကို တရုတ်ဈေးကွက်မှာ ရောင်းချခဲ့ရပြီး Vivo ကတော့ ၆၉.၂ သန်းခန့် အထိ ရောင်းချခဲ့ရတယ် လို့ ဆိုပါတယ်။ Huawei ကတော့ အလုံးရေ ၇၆.၆ သန်း ခန့် ရောင်းချခဲ့ရပြီး ကမ္ဘာအကြီးဆုံး ဈေးကွက်ဖြစ်တဲ့ တရုတ်မိုဘိုင်းဖုန်းလောကမှာ Oppo ဟာ ရောင်းအားအကောင်းဆုံး စံချိန်ကို ရရှိခဲ့တယ် လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀၁၅ ခုနှစ်တုန်း က တော့ Xiaomi ဟာ သန်း ၇၀.၁ လုံးရေ ရောင်းချခဲ့ရပြီး တရုတ်နိုင်ငံရဲ့ ဈေးကွက်ဦးဆောင်သူဖြစ်ခဲ့ပေမယ့် အခုနှစ်မှတော့ အဲဒီနေရာကို Oppo ကို လွှဲပေးလိုက်ရပါတယ်။ IDC ရဲ့ မှတ်ချက်အရ တရုတ်ဈေးကွက်မှာ အဆင့် ၅ နေရာကို ရောက်ရှိသွားခဲ့သူ က Apple ဖုန်းတွေ ဖြစ်တယ် လို့ သိရပြီး တရုတ်နိုင်ငံဈေးကွက် မှာ Apple iPhone ဝယ်လိုအား ဟာ တစ်စထက်တစ်စ ကျဆင်းလျက်ရှိတယ် လို့ လည်း သိရပါတယ်။

Apple ရဲ့ အမှုဆောင်အရာရှိချုပ် တင်ကွတ် ကတော့ အဲဒီစာရင်းတွေကို အသိအမှတ်မပြုဘဲ ပယ်ချခဲ့ပြီး တရုတ်နိုင်ငံမှာ iPhone ကသာ ဆက်ပြီး စိုးမိုးဦးမှာ ဖြစ်တယ် လို့ ငြင်းချက်ထုတ်ခဲ့ပါတယ်။

Ref : Techcruch

%d bloggers like this: