0 Shares 35 Views

ကျော်တက်မယ့်ကားတွေ အန္တရာယ်မရှိအောင် ယာဉ်ကြောပြသပေးမယ့် Samsung ရဲ့ လုံခြုံရေးထရပ်ကားများ

Feb 06, 2016
0 35

တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီး Samsung ဟာ ‘Safety Trucks’ လို့အမည်ပေးထားတဲ့ လုံခြုံရေးအသားပေးထရပ်ကားပုံစံသစ်တစ်ခုကို စတင်ချပြခဲ့ပါတယ်။

Samsung ရဲ့ ယခုထရပ်ကားဟာ ကင်မရာတွေနဲ့ ကြိုးမဲ့ဗီဒီယိုလွှင့်မှုနည်းပညာတို့ကို အသုံးပြုထားပြီး နောက်ကျောမှာတပ်ဆင်ထားတဲ့ ဖန်သားပြင်ကနေ နောက်မှာပါလာတဲ့ယာဉ်မောင်းတွေအတွက် ရှေ့ယာဉ်ကြောကို အရှင်းသားမြင်နေရအောင် ပြပေးထားမှာဖြစ်ပါတယ်။

Samsung ရဲ့ Safety Truck ကားတွေကြောင့်၊ နောက်မှာပါလာတဲ့ယာဉ်တစ်စီးဟာ ကျောတက်လိုတဲ့အခါ ရှေ့ယာဉ်ကြောကိုမမြင်ရဘဲ ရမ်းသမ်းကျော်တက်စရာမလိုတော့ဘဲ၊ အန္တရာယ်ကင်းကင်း စိတ်ချလက်ချ ကျော်တက်မောင်းနှင်သွားနိုင်မှာဖြစ်ပါတယ်။

ထရပ်ကားမှာတပ်ဆင်ထားတဲ့ကင်မရာကရိုက်ကူးလိုက်တဲ့ပုံရိပ်တွေကို ထရပ်ကားနောက်ကျောမှာ တပ်ဆင်ထားတဲ့ မော်နီတာဖန်သားပြင်လေးခုဆီ ကြိုးမဲ့နည်းပညာနဲ့ ပို့လွှတ်ပြသမှာဖြစ်ပါတယ်။ ယခု ဖန်သားပြင်တွေဟာ ရေစိုခံ၊ ဖုန်တင်ခံနည်းပညာကို အသုံးပြုထားပါတယ်။ နေအလင်းရောင်ကျရောက်တဲ့အခါ အလင်းမပြန်နိုင်တဲ့နည်းပညာကို အသုံးပြုထားတာကြောင့် နေ့အချိန်မှာလည်း ကောင်းကောင်းမြင်ရနိုင်မှာ ဖြစ်ပါတယ်။

Samsung ကုမ္ပဏီဟာ ယခုထရပ်ကားမော်ဒယ်ပုံစံကို နွေရာသီတုန်းက စတင်မိတ်ဆက်ပြသခဲ့တာဖြစ်ပြီး ယခုအခါ လက်တွေ့ ထုတ်ပြခဲ့တာဖြစ်ပါတယ်။ ယခုနှစ်နှောင်းပိုင်းအတွင်းမှာလည်း ဒီထရပ်ကားတွေကို အာဂျင်တီးနားနိုင်ငံကလမ်းမတွေမှာ လက်တွေ့စမ်းသပ်မှုတွေပြုလုပ်သွားဦးမှာဖြစ်တယ်လို့ သိရပါတယ်။

အကယ်၍ လက်တွေ့စမ်းသပ်မှုသာအောင်မြင်ပါက၊ Safety Truck တွေကို တစ်ကမ္ဘာလုံးအနှံ့ ထုတ်လုပ်ဖြန့်ချိသွားမှာဖြစ်ပါတယ်။

Samsung ရဲ့ Safety Truck ထရပ်ကားဟာ လွန်ခဲ့တဲ့နှစ်  Time မဂ္ဂဇင်းရဲ့ ‘တစ်နှစ်တာအတွင်း အကောင်းဆုံးတီထွင်မှုစာရင်း’ မှာ ထည့်သွင်းဖော်ပြခံခဲ့ရတဲ့ ကားတစ်စီးဖြစ်ပါတယ်။

30E0A12300000578-3431793-image-a-5_1454593654667

Ref: DailyMail

 

 

 

 

 

 

 

You may be interested

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း
ASUS, FEATURES, HUBS
0 shares0 views

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - Feb 21, 2018

Asus ZenBook 3 ဟာ ZenBook များရဲ့ မျိုးဆက်သစ်ဖြစ်ပြီး Mobile Computing နယ်ပယ်ရဲ့ ရှေ့ခြေတစ်လှမ်းတိုးလာနိုင်တဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ ဒီဇိုင်းအပိုင်းကို ပြင်ဆင်ဆန်းသစ်ထားပြီး အကောင်းဆုံး ZenBook ဖြစ်ပါတယ်။ ယခင်မျိုးဆက်များထက် ပိုမိုပေါ့ပါးပြီး ပါးလွှာလာပါတယ်။ ပိုမိုမာကျောပြီး စွမ်းရည်မြင့်လာပါတယ်။…

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ
Mobiles & Tablets, NEWS, Sony
144 shares41 views

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ

Ko Thuya - Feb 21, 2018

[Unicode] အခုဆို Sony Xperia XZ2 နဲ့ XZ2 Compact တို့ရဲ့ specification လေးတွေ သတင်းထွက်လာပါပြီး ဆွီဒင်နိုင်ငံက Android ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Swedroid ကနေထွက်လာခဲ့တာဖြစ်ပြီး ဒီဖုန်းတွေထွက်ဖို့လည်း ရက်ပိုင်းလောက်ပဲလိုတော့တာပါ။ ဟန်းဆက် ၂မျိုးလုံးမှာ Snapdragon 845…

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း
Camera, Local News
67 shares11 views

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း

Nwe Oo Thant - Feb 21, 2018

[Zawgyi] ဓာတ်ပုံပိုင်းနဲ့ကင်မရာပိုင်းမှာ ဟိုးအရင်ကတည်းက နာမည်ကြီးခဲ့တဲ့ ဂျပန်ကုမ္ပဏီကတော့ Fujifilm ပါ။ အခုလည်း သူ့ရဲ့ X စီးရီးထုတ်ကုန်သစ် X-A5 နဲ့ X-H1, XP စီးရီးရဲ့ထုတ်ကုန်သစ် XP-130 တွေ မြန်မာနိုင်ငံဈေးကွက်ထဲရောက်လာပါပြီ။ ဒီမော်ဒယ်လ် ၃မျိုးထဲမှာမှ X-series ရဲ့…

Leave a Comment

Most from this category