0 Shares 77 Views

ဖုန်း၊ မက်ဆေ့ခ်ျ အပြင်တခြားအရာတွေပါပြုလုပ်လို့ရနိုင်လာတော့မယ့် Android Ware v1.4

Google ဟာ မကြာမှီအချိန်အတွင်းမှာ သူတို့ရဲ့ Android Ware operating System ကိုမိတ်ဆက် ဖွယ်ရှိနေပါတယ်။ ဒါဟာ ဝတ်ဆင်ပစ္စည်းတွေရဲ့ OS ဖြစ်တဲ့ Marshmallow နောက်ပိုင်း နောက်ဆုံး ထုတ်ပြန်တဲ့ OS စနစ်တစ်ခုဖြစ်လာတော့မှာပါ။ Android Ware v1.4 ဟာ သုံးစွဲသူတွေကို စမတ်နာရီတွေကနေ တိုက်ရိုက်ဖုန်းခေါ်တာ၊ အမူအယာနဲ့ထိန်းချုပ်တာ၊ မက်ဆေ့ခ်ျပို့တာတွေပြုလုပ်နိုင်တော့မယ့် အပြင် WhatsApp, WeChat, Viber စတဲ့ မက်ဆေ့ခ်ျဆော့ဖ်ဝဲတွေပါအသုံးပြုနိုင်တော့မယ်လို့ သိရပါတယ်။

“သင့်လက်ထဲမှာ မက်ဆေ့ခ်ျပို့တာ၊ သတိပေးတာ၊ ဖုန်းခေါ်တာ စတဲ့ လက်တစ်ဖက်တည်းမကလုပ်ဆောင်နိုင်မယ့် အရာတွေကို လုပ်နိုင်တော့မယ်ဆိုရင်ဘယ်လိုဖြစ်မလဲ၊ ကျွန်တော်တို့ Android Ware အနေနဲ့ ဒီအရာတွေအပြင် အသံထိန်းချုပ်တာ၊ အမူအယာနဲ့ထိန်းချုပ်တာ စတာတွေပါလုပ်ဆောင်နိုင်တော့မှာပါ။” လို့ Android Ware ရဲ့ အသုံးပြုသူအတွေ့အကြုံပိုင်းဆိုင်ရာဒီဇိုင်နာ Krystal Higgins ကုမ္ပဏီ ဘလော့ကနေတစ်ဆင့် ကြာသပတေးနေ့ကပြောကြားခဲ့ပါတယ်။

အသုံးပြုသူတွေဟာ ယခုအခါမှာ သူတို့ရဲ့ စမတ်နာရီက Android Wear ကို ဘလူးတုသ်ကနေတစ်ဆင့် ဖုန်းကိုချိတ်ပြီးမှ ဖုန်းခေါ်တာပြုလုပ်လို့ရတာဖြစ်ပါတယ်။ ဒါပေမယ့် တချို့စမတ်နာရီတွေမှာ စပီကာတောင်မပါသေးတာဖြစ်ပါတယ်။ လက်ရှိထုတ်လုပ်ထားတဲ့ Android Wear စမတ်နာရီတွေထဲက ပစ္စည်းနှစ်မျိုးသာ စပီကာပါသေးတာဖြစ်ပြီး Huawei Watch နဲ့ Asus ZenWatch 2 (49mm) တို့ပဲဖြစ်ပါတယ်။

Ref: Gadgets360

You may be interested

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera
Camera, NEWS
208 shares24 views

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera

Ko Thuya - Nov 22, 2017

Casio က အကြမ်းခံတဲ့ Action Camera အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ ကင်မရာဟာ ကုမ္ပဏီရဲ့ နာမည်ကျော် G-Shock Brand နဲ့ ပုံသဏ္ဍာန် ဆင်တူပါတယ်။ သူ့ရဲ့ အမည်ကတော့ G’z Eye GZE-1 ဖြစ်ပြီး အဲဒီအမည်ဟာ Casio…

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်
Android, FEATURES, HUBS
256 shares70 views

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်

Ko Thuya - Nov 22, 2017

OnePlus က သူ့ရဲ့ စွမ်းဆောင်ရည်မြင့် 5T စမတ်ဖုန်းကို မိတ်ဆက်ပြီး တစ်ပတ်အကြာမှာပဲ အချို့နိုင်ငံများမှာ ရောင်းချပေးလိုက်ပါပြီ။ သူ့ရဲ့ နာမည်ကျော် OnePlus 5 ကို ရောင်းချအပြီး ငါးလအကြာမှာ 5T ကို ရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။ OnePlus ဟာ…

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ
NEWS, Softwares & Application
348 shares562 views

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ

Nwe Oo - Nov 22, 2017

အရင်က Facebook Messenger မှာ ပုံတွေပို့လိုက်တယ်ဆိုရင် ပုံတွေရဲ့ဖိုင်ဆိုဒ်ပမာဏကို ချုံ့ပြီးမှပို့တာကြောင့် မူလ resolution အတိုင်းမရဘဲ ဝါးသွားတာမျိုးတွေရှိပါတယ်။ အခုတော့ Facebook Messenger မှာ ပို့လိုက်တဲ့ resolution အတိုင်း ရနိုင်ပြီဖြစ်ပါတယ်။ ဘယ်လိုကွာသွားသလဲဆိုတာကို ပုံလေးတွေမှာကြည့်လိုက်ရအောင် အရင်တုန်းက Facebook…

Most from this category