အာဖရိကကျောင်းသူလေးဦးတီထွင်ခဲ့တဲ့ ကျင်ငယ်ရေသုံးမီးအားပေးစက်

Feb 05, 2016
0 3

အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့၊ နိုင်ဂျီးရီးယားနိုင်ငံက ဆယ်ကျော်သက်ကျောင်းသူလေးဦးဟာ နိုင်ဂျီးရီးယားနိုင်ငံ၊လာဂို့စ်မြို့မှာ ကျင်းပတဲ့ Maker Faire ပြပွဲမှာ သူတို့ရဲ့ အံ့မခန်းတီထွင်မှုကို ပြသခဲ့ပါတယ်။

Duro-Aina Adebola ၊ Akindele Abiola ၊ Faleke Oluwatoyin နဲ့ Bello Eniola ဆိုသူ ကျောင်းသူလေး လေးဦးဟာ တစ်ကမ္ဘာလုံး ဘယ်သူမှမမြင်ဖူး၊မတီထွင်ဖူးတဲ့ ကျင်ငယ်ရေစွမ်းအင်သုံးမီးအားပေးစက်ကို တီထွင်နိုင်ခဲ့ပါတယ်။

အာဖရိကကျောင်းသူလေးဦးဟာ ကျင်ငယ်ရေကို အထူးပြုလုပ်ထားတဲ့ လျှပ်လိုက်ရည်ကန်ထဲ ထည့်သွင်းပြီး၊ ကျင်ငယ်ရေထဲက ဟိုက်ဒရိုဂျင်ဓာတ်ကို သီးခြားခွဲထုတ်ပါတယ်။ ထို့နောက် ဟိုက်ဒရိုဂျင်ပါရေကို ရေသန့်စင်စက်မှာထည့်ကာသန့်စင်ပြီး၊ ဂတ်စ်အိုးထဲ ပို့လွှတ်ပါတယ်။ ထို့နောက် ဂတ်စ်အိုးကနေ လက်ချားအရည် ထည့်ထားတဲ့ဘူးထဲ ဟိုက်ဒရိုဂျင်ရေကို ပို့လွှတ်ပြီး အစိုဓာတ်တွေကို စုပ်ယူပါတယ်။ နောက်ဆုံးမှာတော့ သန့်စင်တဲ့ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကို မီးအားပေးစက်ထဲထည့်ကာ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်တာဖြစ်ပါတယ်။

ကျင်ငယ်ရေတစ်လီတာကို အဆင့်ဆင့်သန့်စင်မှုလုပ်ပြီးတဲ့အခါ၊ မီးအားပေးစက်ကို ခြောက်နာရီကြာ မောင်းနှင်နိုင်ကြောင်း သိရှိရပါတယ်။

Ref: factswt.com

 

 

You may be interested

Face Recognition ပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို ဖန်တီးနေတဲ့ Nvidia
NEWS
0 shares0 views

Face Recognition ပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို ဖန်တီးနေတဲ့ Nvidia

Ko Thuya - Feb 19, 2018

Nvidia က ဥာဏ်ရည်တု နည်းပညာ ကုမ္ပဏီ AnyVision နဲ့ ပူးပေါင်းပြီး မျက်နှာအာရုံခံ နည်းပညာပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို တီထွင်နေပါတယ်။ အဲဒီ ကင်မရာများဟာ ကမ္ဘာအ၀န်းမှ စမတ် မြို့တော်များအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ လက်ရှိ အသုံးပြုနေကြတဲ့ CCTV…

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
203 shares92 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
149 shares346 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

Most from this category