Facebook Friends Day အကြောင်း သိကောင်းစရာ
ပြီးခဲ့တဲ့ ကြာသာပတေးနေ့ကစပြီး ကမ္ဘာအ၀န်းမှ Facebook Users များဟာ “ Happy Friends Day “ ဆိုတဲ့ Notification ကို ရရှိခဲ့ကြပါတယ်။ အဲဒီ Notification နဲ့အတူ Facebook က ဖန်တီးပေးထားတဲ့ သူငယ်ချင်းများ ပါဝင်တဲ့ ဗီဒီယို တစ်ခုကိုလည်း တွေ့မြင်ခဲ့ကြရပါတယ်။ စာရေးသူ အပါအ၀င် လူတော်တော်များများက ဒါဟာ ကမ္ဘာ့ သူငယ်ချင်းများနေ့ကို ရည်ရွယ်တာလားဆိုပြီး ထင်မြင်မိကြမှာပါ။ အဲဒီအတွက် Facebook Friends Day အကြောင်း သိကောင်းစရာကို တင်ဆက်လိုက်ပါတယ်။
Friends Day ဆိုတာဘာလဲ ?
Facebook ကတော့ Friends Day ကို သူငယ်ချင်းများ စုဖွဲ့ပျော်ရွှင်ကြတဲ့ အားလပ်ရက်လို့ အဓိပ္ပါယ်ဖွင့်ဆိုချင်ပါတယ်။ ဒီနေ့ ဖြစ်ပေါ်လာပုံနဲ့ ဘာအတွက် ရည်ရွယ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒါပေမယ့် Facebook ကတော့ ဒီနေ့ကို ကျင်းပနေတာ ၂ နှစ်ရှိပါပြီ။ ၂၀၁၅ ခုနှစ်မှာ စီအီးအို Mark Zuckerberg က “ Friends Day ဟာ သူငယ်ချင်းတွေ စုဖွဲ့ပျော်ရွှင်ရမယ့် နေ့တစ်နေ့ပါ။ အဲဒီနေ့ဟာ Facebook ရဲ့ မွေးနေ့လည်း ဖြစ်ပါတယ်။ ချင်ခင်ပေါင်းသင်းမှုဟာ လူတွေရဲ့ ဘ၀ကို အဓိပ္ပါယ်ရှိစေပါတယ်။ ဒီနေ့တစ်နေ့ကို သူငယ်ချင်း၊ မိတ်ဆွေတွေ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲလိုက်ရအောင်လားဗျာ။ “ လို့ ပြောခဲ့ပါတယ်။
Friends Day က ဘယ်နေ့လဲ ?
Facebook က Friends Day ကို ဖေဖော်ဝါရီလ ၄ ရက်နေ့အဖြစ် သတ်မှတ်ပါတယ်။ Facebook ကို တည်ထောင်ခဲ့တဲ့ နေ့ဟာလည်း ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ဖြစ်ပါတယ်။ Friends Day ဟာ ကမ္ဘာက အသိအမှတ်ပြုထားတဲ့ International Friendship Day နဲ့ မသက်ဆိုင်ပါဘူး။ International Friendship Day ကို ဇူလိုင်လ ၃၀ ရက်နေ့မှာ ကျင်းပပါတယ်။
Friends Day Video က ဘယ်လိုလဲ ?
Friends Day မတိုင်မီ ၂ ရက်အလို ဖေဖော်ဝါရီလ ၂ ရက်နေ့ ကတည်းက Facebook က User များအတွက် Friends Day Video ကို ဖန်တီးပေးနေပါတယ်။ ဗီဒီယိုမှာ ကနေတဲ့ ကာတွန်းပုံ လူတစ်ယောက်က သင်နဲ့ သင့် သူငယ်ချင်းများရဲ့ ဓါတ်ပုံများကို လှပစွာ ဖန်တီးပုံဖော်ပေးနေပါတယ်။ ဗီဒီယိုမှာ နောက်ခံတီးလုံးကိုလည်း မြူးမြူးကြွကြွ ထည့်သွင်းပေးထားပါတယ်။
သင့်အတွက် Friends Day Video ဘယ်အချိန်မှာ ရမလဲ ?
သင့်အတွက် Friends Day Video ကို မျှဝေနိုင်မယ့် နည်း ၂ ခု ရှိပါတယ်။ တစ်ခုက သူငယ်ချင်းတစ်ယောက် မျှဝေထားတဲ့ ဗီဒီယို အောက်ခြေမှ Watch Yours ကို နှိပ်ရမှာပါ။ ပြီးရင်တော့ သင့်အတွက် ဗီဒီယိုကို Request လုပ်ရမှာပါ။ သင့်အတွက် ဗီဒီယိုကို ဖန်တီးပြီးရင် Notification ပို့ပေးမယ်လို့ ပြောမှာပါ။ မိနစ်ပိုင်းအတွင်းမှာ Notification တက်လာမှာ ဖြစ်ပြီး အဲဒါကို နှိပ်ရင် သင့်အတွက် ဗီဒီယိုကို ရရှိပါပြီ။ နောက်တစ်ခုက facebook.com/friendsday ၀က်စာမျက်နှာကို သွားရမှာဖြစ်ပါတယ်။ အဲဒီစာမျက်နှာမှာတော့ Request လုပ်စရာမလိုဘဲ သင့်အတွက် ဗီဒီယိုကို တိုက်ရိုက် ရရှိမှာ ဖြစ်ပါတယ်။
Friends Day Video ကို Edit လုပ်နိုင်သလား ?
သင့်ရဲ့ Friends Day Video ကို တွေ့မြင်ရတဲ့ အချိန်မှာ Edit နဲ့ Share Button ၂ ခုကို မြင်တွေ့ရမှာပါ။ Edit ကို နှိပ်ရင် ဗီဒီယိုမှာ သင်ပါစေချင်တဲ့ ဓါတ်ပုံများကို ရွေးချယ်နိုင်ပါတယ်။
ref : pocket lint
You may be interested

48MP Camera ပါတဲ့ OPPO F11 Pro ကို မတ်လ ၅ ရက်နေ့မှာ ကြေညာမည်
Ko Thuya - Feb 23, 2019OPPO က F11 Pro ရဲ့ Teaser များကို ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက စတင် မျှဝေနေပါတယ်။ အခုတော့ ကုမ္ပဏီက မတ်လ ၅ ရက်နေ့မှာ သူ့ကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီက သူ့မှာ 48MP+5MP…

Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ
Ko Thuya - Feb 23, 2019ပြီးခဲ့တဲ့ ရက်ပိုင်းက ဆမ်ဆောင်းက ခေါက်ချိုး စမတ်ဖုန်း Galaxy Fold ကို ကြေညာခဲ့ပါတယ်။ ဟွာဝေးကလည်း မကြာခင်မှာ သူ့ရဲ့ ခေါက်ချိုး စမတ်ဖုန်းကို ပြသတော့မှာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ ခေါက်ချိုး ဖုန်းရဲ့ ပိုစတာတစ်ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။ တွစ်တာမှာ…

4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်
Ko Thuya - Feb 23, 2019သတင်းခေါင်းစဉ်ကို ဖတ်ပြီး စာဖတ်သူ မှားနေတယ်လို့ မပြောကြပါနဲ့။ ဒါ အမှန်ပါ။ သုတေသန ကုမ္ပဏီ Open Signal ရဲ့ က နိုင်ငံပေါင်း ၇၇ နိုင်ငံရဲ့ 4G အင်တာနက် အမြန်နှုန်းများကို တိုင်းတာခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ…