0 Shares 285 Views

Apple က အီးစီးကရက် iVape ထုတ်လုပ်လာနိုင်သလား

Feb 03, 2017
0 285

အီလက်ထရောနစ် စီးကရက်လို့ လို့ခေါ်ကြတဲ့ အီးစီးကရက်တွေကို ပိတ်ပင်သင့်၊ မသင့် ကျန်းမာရေးအဖွဲ့အစည်းတွေ အပြင်းအထန် ဆွေးနွေးနေဆဲ အချိန်မှာပဲ Apple ကုမ္ပဏီ ရဲ့ ဥာဏ မူပိုင်ခွင့် တင်တဲ့အထဲမှာ E-Cigarette ရဲ့ ပုံကြမ်း နဲ့ လုပ်ဆောင်ချက်တွေ ပါရှိလာခဲ့ပြီး Apple ရဲ့ iVape ထုတ်လာနိုင်သလား ဆိုတဲ့ သတင်းတွေ ကျယ်လောင်လာခဲ့တယ် လို့ Digital Trends က ထုတ်ဖော်ရေးသားလိုက်ပါတယ်။

iCar, Wearable တို့လို lifestyle Gadget တွေကို ထုတ်လုပ်ပြိးခဲ့ပြီးနောက်မှာ iVape ဟာ ဖြစ်နိုင်ခြေအများကြီးရှိတယ် လို့ ဆိုပါတယ်။ ဒါဟာ အခြေအမြစ်မရှိတဲ့ သတင်းတစ်ခု ပါလို့ Apple နဲ့ နီးစပ်တဲ့ နည်းပညာရှင်တွေက ထုတ်ဖော်ရေးသားခဲ့ပေမယ့် Apple ရဲ့ iVape ပုံကြမ်းတွေအတွက်တော့ အဖြေမရှာနိုင်ခဲ့ပါဘူး။ အထူးသဖြင့် အမေရိကန် ကာလဖိုးနီးယားပြည်နယ် မှာ ရှိတဲ့ မှတ်ပုံတင် နှင့် မူပိုင်ခွင့် ရုံးခွဲမှာ စာရင်းတင်ခဲ့တဲ့ ပုံကြမ်းတွေ အရ တော့ Patent ဟာ iVape အတွက် မှတ်ပုံတင်ခဲ့တာကို ပေါ်လွင်စေခဲ့တယ် လို့ ဆိုပါတယ်။

အီး -စီးကရက်တွေဟာ အကောင်း၊ အဆိုး နှစ်ခု ယှဉ်တွဲပြီး ရှိနေပါတယ်။ အကောင်းဘက် က ကြည့်မယ်ဆိုရင် အီးစီးကရက် ဟာ ဆေးလိပ်ဖြတ်ရာမှာ လွယ်ကူစေပါတယ်။ ဆေးလိပ်သောက်သုံးသူတွေ ဟာ အဆုတ်ကို ထိခိုက်နိုင်တဲ့အတွက် အီးစီးကရက်နဲ့ ရသေ့စိတ်ဖြေ သောက်ပြီး ကာကွယ်နိုင်ပါတယ်။ အန္တရယ် မရှိသော ရေငွေ့ နဲ့ ဖော်စပ်ထားပါတယ်။ စားသာက်ဆိုင်တွေနဲ့ ဆေးလိပ်မသောက်ရ နေရာတွေအတွက် ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်ပေါ်စေပါဘူး။ အဆိုးဘက် က ကြည့်မယ်ဆိုရင် ပေါက်ကွဲတတ်မယ့် အန္တာရယ်ကို စိုးရိမ်ရပါမယ်။ သက်သေအထောက်အထားတွေအရ အီး-စီးကရက်ကနေ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေကို ထိခိုက်စေတယ်။ ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေပါတယ်။ အဆိပ်သင့်မှု နည်းပါတယ် ဆိုပေမယ့် အီး-စီးကရက်ကနေ ထွက်တဲ့ ရေငွေ့ထဲမှာ ကင်ဆာဖြစ်စေတဲ့ အရာ (Carcinogens) ဓာတ်ပစ္စည်းတွေ ပါဝင်နေတာ ကိုလည်း သုတေသန စမ်းသပ်ချက်များစွာ ထွက်ပေါ်လာခဲ့ပြီ လို့ ဆိုပါတယ်။

iVape ကို ဈေးနှုန်း ဘယ်လောက် နဲ့ ထုတ်လုပ်သွားမလဲ ဆိုတာကိုတော့ Apple က မဖော်ပြခဲ့သေးပါဘူး။ အီးစီးကရက် တစ်ခု ကို လက်ရှိမှာ မြန်မာငွေ ၁၂၀၀၀ ၀န်းကျင် နဲ့ အထက် ဈေးနှုန်းရှိပြီး ပစ္စည်းအရည်အသွေးအပေါ် မူတည်ပြီး အမျိုးမျိုး ကွဲပြားသွားပါတယ်။ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး အီးစီးကရက် က တော့ စိန်ပေါင်း ၂၄၆ လုံး နဲ့ ပြုလုပ်ထားတဲ့ ဒေါ်လာ ၇ သိန်း တန် အီးစီးကရက် ဟာ ရုရှားရေနံသူဌေးကြီးတစ်ယောက် က ပိုင်ဆိုင်တာ ဖြစ်တယ် လို့ သိရပါတယ်။

 

Ref : DigitalTrends , ဒေါက်တာတင့်ဆွေ ၊ Wiki

You may be interested

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google
Google, HUBS, NEWS
0 shares0 views

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google

Ko Thuya - Nov 16, 2018

ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း လာမယ့်နှစ်မှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ
Facebook, HUBS, Mobiles & Tablets
163 shares57 views

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ

Ko Thuya - Nov 16, 2018

Facebook က မက်ဆင်ဂျာမှာ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်နိုင်တဲ့ လုပ်ဆောင်ချက်ကို စမ်းသပ်နေခဲ့ပါတယ်။ အခုတော့ ဒီလုပ်ဆောင်ချက်ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပေးလိုက်ပါတယ်။ အရင်ကတော့ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်ရင် သင့်ဘက်ခြမ်းမှာသာ ပျက်သွားတာ ဖြစ်ပြီး လက်ခံရရှိသူရဲ့ ဘက်ခြမ်းမှာ ကျန်နေပါတယ်။ အခုတော့…

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ
Android, HUBS, Mobiles & Tablets
120 shares14 views

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ

Ko Thuya - Nov 16, 2018

ဆမ်ဆောင်းက One UI ပါတဲ့ Android 9.0 Pie ကို Galaxy S9 နဲ့ S9+ အတွက် ဖြန့်ချီပေးလိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားမှ User များ ရရှိနေပါပြီ။ Android Pie အခြေပြု ဆမ်ဆောင်းရဲ့…

Most from this category