0 Shares 158 Views

ရေအောက်ပုံရိပ်တွေကို ရိုက်ကူးနိုင်မယ့် အိုင်ဖုန်း Case

Feb 03, 2017
0 158

အိုင်ဖုန်း ပိုင်ရှင်တွေ အတွက် ၀မ်းမြောက်ဖွယ်ရာ သတင်းတစ်ခု အနေနဲ့ အိုင်ဖုန်း နဲ့ ဆက်စပ်ပြီး သုံးစွဲနိုင်မယ့် Case တစ်ခု ကို Kick Starter ကနေ စတင်မိတ်ဆက်ပေးလိုက်ပါတယ်။

အဲဒီ Case ကို LenzO လို့ အမည်ပေးထားပြီး ရှုမငြီးဖွယ်မြင်ကွင်းတွေ နဲ့ ထူးထူးဆန်းဆန်း ပုံရိပ်တွေကို ရရှိလိုသူတွေအတွက် ပင်လယ်ရေအောက် မီတာ ၁၀၀ အနက် အထိ ထင်ရှားပြတ်သားစွာ ရိုက်ကူးပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီ Case LenzO ကို iphone 7 နဲ့ iPhone 7 Plus တွေမှာ တပ်ဆင်သုံးစွဲနိုင်မယ် လို့ ဆိုပါတယ်။ LenzO ကို Valstech အဖွဲ့က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အရင် ဗားရှင်းအဟောင်းတွေ ဖြစ်တဲ့ iPhone 6 နဲ့ iPhone 6S တို့တုန်းကတည်း က တီထွင်ဖန်တီးပေးထားခဲ့တာ ဖြစ်ပြီး အဲဒီတုန်းကတော့ ရေအောက်ကို ရိုက်ကူးတဲ့နေရာမှာ ပုံရိပ်တွေေ၀၀ါးနေတာတွေ အပြင် တခြား အခက်အခဲတွေ အများအပြားတွေ ရှိခဲ့ပါတယ်။ အခု တစ်ခေါက် ဗားရှင်းအသစ် ထုတ်ကုန်ကတော့ ကိုယ့်ရဲ့ အိုင်ဖုန်းကိုပါ အကောင်းဆုံး ဖုံးအုပ်ပေးထားနိုင်တဲ့ Case တစ်ခုအနေနဲ့ ပြန်လည်တီထွင်ပေးခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ပိုင်း LenzO ဟာ အိုင်ဖုန်း 6 နဲ့ အထက် ထုတ်ကုန်တွေ အတွက် ဆိုဒ်အမျိုးမျိုး နဲ့ ပုံသဏ္ဌာန်အမျိုးမျိုး ကို ပုံဖော်တီထွင်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ရေအောက် ကင်မရာတွေ ဟာ ထူးခြားချက် အမျိုးမျိုး နဲ့ အရည်အသွေးတွေ ထိပ်တန်းအဆင့်မှာ ရှိနေပေမယ့် ဈေးနှုန်းတွေကလည်း လိုက်မမှီအောင် ကြီးမြင့်လွန်းနေတဲ့ အချိန်မှာ ကင်မရာဝါသနာအိုးတွေအတွက် အစားထိုး သုံးစွဲနိုင်စေမယ့် ထုတ်ကုန်တစ်ခု ဖြစ်တယ် လို့ Kick Starter က ဂုဏ်ယူစွာ ပြောကြားခဲ့ပါတယ်။

Zoom ပါ အဆင်သင့်ပါရှိတဲ့ LenzO Case ဟာ အလန်းစား အရည်အသွေး တူညီစွာရှိပေမယ့် Version မတူညီတဲ့ iPhone တွေအတွက် ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တစ်ခုချင်းစီတိုင်း ရဲ့ ဈေးနှုန်းကတော့ အနည်းငယ် ကွဲပြားခွဲခြားနားပါတယ်။  iPhone 7 အတွက် 229 ဒေါ်လာ နဲ့ ဈေးနှုန်း စဖွင့်ထားပြီး  iPhone 7 plus အတွက်တော့ 450 ဒေါ်လာ ပေးရမှာ ဖြစ်ပါတယ်။

 

Ref : BGR , kickstarter

 

You may be interested

မတ်လမှာမြင်တွေ့ရတော့မယ့် Apple AirPower wireless charger
Apple, NEWS
0 shares0 views

မတ်လမှာမြင်တွေ့ရတော့မယ့် Apple AirPower wireless charger

Nwe Oo Thant - Feb 25, 2018

[Zawgyi] ပြီးခဲ့တဲ့လတွေတုန်းက Apple ကနေ AirPower wireless charger တွေကိုစမိတ်ဆက်ခဲ့ပေမယ့် ဘယ်ချိန်ဝယ်လို့ရမယ်မှန်းမသိခဲ့ရပါဘူး။ ရက်တိတိကျကျတော့မသိရပေမယ့် မတ်လပတ်ဝန်းကျင်လောက် ရနိုင်မယ်လို့ဆိုတဲ့အတွက် သိပ်တောင်မလိုတော့ပါဘူး။ ဒါပေမယ့် ဒီ AirPower တွေမတ်လမှာစဝယ်လို့ရနိုင်မယ်ဆိုတာက US မှာပဲအရင်ဆုံးဖြစ်မှာပါ။ US မှာတော့ Apple Store…

iPhone X Plus ရဲ့ display ပုံများပေါ်ထွက်လာ
Apple, Mobiles & Tablets, NEWS
310 shares787 views

iPhone X Plus ရဲ့ display ပုံများပေါ်ထွက်လာ

Nwe Oo Thant - Feb 25, 2018

[Zawgyi] 6.5-inch iPhone X Plus ရဲ့ display ပုံတွေကတော့ ပေါ်ထွက်လာခဲ့ပါပြီ။ ပုံထဲမှာတော့ တစ်ယောက်ရဲ့လက်ထဲမှာကိုင်ထားတဲ့ iPhone X Plus ရဲ့ display ကို တွေ့ရမှာဖြစ်ပြီး သူ့ရဲ့ notch ကလည်း iPhone X…

18:9 Screen , Dual Selfie Camera များပါတဲ့ Alcatel 5 ကို ကြေညာ
Android, HUBS, Mobiles & Tablets
169 shares37 views

18:9 Screen , Dual Selfie Camera များပါတဲ့ Alcatel 5 ကို ကြေညာ

Ko Thuya - Feb 25, 2018

TCL က ဘာစီလိုနာမှာ ကျင်းပနေတဲ့ Mobile World Congress (MWC) မှာ Alcatel 5 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အဓိက စွမ်းရည်များက 18:9 Screen နဲ့ Dual Selfie Camera များ…

Most from this category